Pages

Sunday, December 2, 2012

“““ ကျူးကျော်များကို မြေပေးမည်ဟု လျှောက်လွှာ ရောင်းနေသူ NLD ပါတီဝင် တစ်ဦးအား NLD ပါတီဝင်များ က ဖမ်းဆီး ”””

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ကျူးကျော် နေထိုင်သူ များကို အမျိုးသား ဒီမို ကရေ စီ အဖွဲ့ချုပ်က မြေနေရာလျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ ရောင်းချနေသည့် ပါတီဝင် တစ်ဦး ဆိုသူကို ယင်းပါတီဝင် များက နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးပြီး မြို့နယ် ရဲတပ် ဖွဲ့စ ခန်းထံ အပ်နှံထားကြောင်း ရွှေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်း ပရေး ကော် မရှင် ဥက္ကဋ္ဌဒေါက်တာစိန်ဝင်း က The VoiceWeekly သို့ပြောကြားသည်။

ဖမ်းမိသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ ကျော် ဦးချစ်သူရ ကိုကိုဖြစ်ပြီး (၁၈) ရပ်ကွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး လည်းဖြစ်ကြောင်း ယင်းပါတီ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါရပ်ကွက်တွင် ဦးချစ်သူရကိုကိုက ပါတီ၏မြို့နယ်ဥက္ကဋ္ဌဟုဆို ကာ မြေနေရာလျှောက်လွှာများကို တစ် စောင်လျှင် ကျပ်သုံးထောင်ဖြင့် လွန်ခဲ့သည့် နှစ်ပတ်မှစတင်ကာ လှည့်လည် ရောင်းချနေ ရာ နိုဝင် ဘာလ ၂၈ ရက်နေ့ ပါတီဝင်များ၏ (၁၃) ရပ်ကွက်ညီလာခံ ကျင်းပအပြီး အပြန်တွင်တွေ့ရှိ၍ ဖမ်းမိခဲ့ေ ကြာ င်း ဒေါက်တာစိန်ဝင်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖြေပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

လျှောက်လွှာလိုက်လံရောင်းချ သူကို ငွေကျပ်တစ်သောင်း အပါအဝင် လျှောက်လွှာ ၇၄ စောင်နှင့်အတူ ဖမ်း မိ ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ (၁၂) ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုးဝင်းက ပြောကြားသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကျူးကျော်များကို မြေပေးမည်ဟု လျှောက်လွှာ ရောင်းနေသူ NLD ပါတီဝင် တစ်ဦးအား NLD ပါတီဝင်များ က ဖမ်းဆီး ”””

Labels:

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ကျူးကျော် နေထိုင်သူ များကို အမျိုးသား ဒီမို ကရေ စီ အဖွဲ့ချုပ်က မြေနေရာလျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ ရောင်းချနေသည့် ပါတီဝင် တစ်ဦး ဆိုသူကို ယင်းပါတီဝင် များက နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးပြီး မြို့နယ် ရဲတပ် ဖွဲ့စ ခန်းထံ အပ်နှံထားကြောင်း ရွှေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်း ပရေး ကော် မရှင် ဥက္ကဋ္ဌဒေါက်တာစိန်ဝင်း က The VoiceWeekly သို့ပြောကြားသည်။

ဖမ်းမိသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ ကျော် ဦးချစ်သူရ ကိုကိုဖြစ်ပြီး (၁၈) ရပ်ကွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး လည်းဖြစ်ကြောင်း ယင်းပါတီ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါရပ်ကွက်တွင် ဦးချစ်သူရကိုကိုက ပါတီ၏မြို့နယ်ဥက္ကဋ္ဌဟုဆို ကာ မြေနေရာလျှောက်လွှာများကို တစ် စောင်လျှင် ကျပ်သုံးထောင်ဖြင့် လွန်ခဲ့သည့် နှစ်ပတ်မှစတင်ကာ လှည့်လည် ရောင်းချနေ ရာ နိုဝင် ဘာလ ၂၈ ရက်နေ့ ပါတီဝင်များ၏ (၁၃) ရပ်ကွက်ညီလာခံ ကျင်းပအပြီး အပြန်တွင်တွေ့ရှိ၍ ဖမ်းမိခဲ့ေ ကြာ င်း ဒေါက်တာစိန်ဝင်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖြေပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

လျှောက်လွှာလိုက်လံရောင်းချ သူကို ငွေကျပ်တစ်သောင်း အပါအဝင် လျှောက်လွှာ ၇၄ စောင်နှင့်အတူ ဖမ်း မိ ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ (၁၂) ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုးဝင်းက ပြောကြားသည်။

0 comments: