Pages

Sunday, December 30, 2012

ကေအိုင်အေတို့ ပြောသည့် KIO ဗဟိုဌာနတ၀ိုက် တိုက်ပွဲများ

ဒီဇင်ဘာလ(၂၉)ရက်နေ့ မနက်(၄)နာရီအချိန်မှစတင်ကာ ဒေါ့ဖုန်းယန် ခန်းကိုင်တောင်မှ ၁၀၅ မမ အမြောက် ဖြင့် စတင်ပစ်ခတ်ခဲ့ရာ လဂျားယန်ကျေးရွာရှိ ရွာသားများ၏ အိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့ေ ကြာင်း သိရသည်။
 
မနက်(၉)နာရီခွဲအချိန်မှ (၁၀)နာရီခွဲအထိ အမြောက်တပ်ရင်း(၃၆၂) (၃၇၂) (၃၇၀) တို့သည် ခန်းကိုင်ေ တာင်၊ မစေကောင်(Matse Kawng) မန်တဲ(Man Sai)တပ်စခန်းမှနေ၍ လဂျားယန်၊ ဘွမ်ရေ၊ ခယာဘက် သို့ ၁၀၅ မမ၊ ၁၂၀ မမ၊ ၈၄ မမ များဖြင့် အကြိမ်(၁၀၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လဂျားယန်ဒေသတ၀ိုက်သို့ နေ့လည်(၁၂)နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ(၂)နာရီခွဲတွင် တစ်ကြိမ်၊ ညနေ (၅း၁၅ )အချိန်တွင် တစ်ကြိမ် ဂျက်တိုက်လေယာဉ်(၂)စီး ပြိုင်တူလာရောက်လှည့်ပတ် တိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

၎င်းအပြင် ဂန်ဒေါ်ဒု(Gangdau Du)တွင် (၂)ကြိမ်၊ နမ်ဆမ်ချောင်းတံတားတွင်လည်း (၂)ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မနက်(၁၀)နာရီအချိန်မှ ခြေလျင်တပ်ဖြစ်သော တပ်မ(၈၈) နည်းဗျူဟာ(၁)လက်အောက်ခံ မခရ(၃၁၇) (၄၁၅) (၄၁၆)၊ စကခ(၂၁) နည်းဗျူဟာ(၂) လက်အောက်ခံ ခလရ(၂၃၇) ခမရ(၃၂၀) တပ်ဖွဲ့တို့သည် နား လုံေ ကျးရွာ မှ ဘွမ်ရေ (Bum Re)သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် အစိုးရတပ်ဖွဲ့က ထိခိုက်ကျဆုံးမှုများကြောင်း သိရှိရသည်။ ခမရ(၄၁၆) တပ်ရင်းမှူး ဒု-တပ်ရင်းမှူး နှင့် ခမရ(၃၁၅) မှ ဒု-တပ်ရင်းမှူး တို့ ထိခိုက်ဒဏ်ရာရရှိသူထဲတွင် ပါဝင်ကြောင်း သိရှိရသည်။ ထိခိုက်မှုများသောကြောင့် လေကြောင်းမှ လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

ညနေ(၅)နာရီခွဲမှ (၇)နာရီခွဲအထိ စကခ(၂၁) နည်းဗျူဟာ(၂) လက်အောက်ခံ ခလရ(၂၃၇) ခမရ(၃၂၀) တပ်ဖွဲ့ အင်အား(၂၀၀)ခန့်သည် နားလုံ စာသင်ကျောင်းတွင်အခြေပြုကာ လဂျားယန်သို့ ချဉ်းကပ် ထိုးစစ် ဆင်ရာ မှ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

မနက်(၁၁)နာရီခွဲမှ မွန်းလွဲ(၂)နာရီအထိ နမ်ဆမ်ယန်ကျေးရွာ ဒုမ်ဘန်ဘွမ်(Dum Bang Bum)အနီးတွင် ခမရ (၃၀၆) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နေ့လည်(၁၁)နာရီခွဲမှ မွန်းလွဲ(၂)နာရီအထိ ဘန်ဒေါင်(Ban Dawng) လမ်းခွဲတွင် စကခ(၃) နည်းဗျူ ဟာ(၁) လက်အောက်ခံ ခမရ(၃၈၉) (၃၉၀) တို့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်တပ် အရာရှိ (၃)ဦး အပါအ၀င် (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၄)ဦး ကျဆုံးကြောင်း သိရှိရသည်။

မွန်းလွဲ(၂)နာရီမှ ည(၈)နာရီခွဲအထိ အထက်ပါနေရာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ မြန်မာအစိုးရ စစ်တပ် က ပစ်ခတ်သော လက်နက်ကြီးကျည်တွင် အဆိပ်ဓါတ်ပါသော လက်နက်များကို အသုံးပြုခဲ့သည်။ KIA တပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နမ်ဆမ်ယန်ကျေးရွာသို့ ညနေ(၅)နာရီအချိန် လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် စရဖရုံး အနီးရှိ အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။

ဂန်ဒေါ်ဒု(Gangdau Du)ရှိ KIA တပ်စခန်းကို မွန်းလွဲ(၁)နာရီခွဲတွင် တစ်ကြိမ်၊ ညနေ(၅)နာရီအချိန်တွင် တစ်ကြိမ် Mi-24 စစ်ရဟတ်ယာဉ်(၂)စီး ပြိုင်တူလာရောက်လှည့်ပစ်ကာ ဒုံးကျည်များ၊ Machine gun များဖြင့် ပြင်းပြင်းထန်ထန် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မွန်းလွဲ(၁)နာရီအချိန်တွင် မလိယန်မှ ဂန်ဒေါ်ယန်သို့ ချီတက်လာသော စစ်ယာဉ်(၈)စီးကို လမ်းခရီးတွင် KIA တပ်ဖွဲ့က ဟန့်တားတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း သိရှိရသည်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကေအိုင်အေတို့ ပြောသည့် KIO ဗဟိုဌာနတ၀ိုက် တိုက်ပွဲများ

Labels:
 
0 comments: