Pages

Wednesday, December 19, 2012

“““ ရဲဘော် အပေါင်းတို့ အပြစ်မဲ့ ပြည်သူတွေ KIO / KIA အဖွဲ့ကြောင့် သေကုန်ပြီ ”””

နိုင်ငံရေး အင်အားစုများ၏ ရှုံ့ချတဲ့ ကြေငြာချက်လေး တစ်စောင်တောင် မထွက်သေးပါလား။

စစ်ပွဲတွေရပ်ဆိုပြီး ဆန္ဒပြတဲ့ လူတွေ ဘာလုပ်နေလဲ။

KIO/KIA မှ ငြိမ်းချမ်းရေး ကွန်ယက် ၊ ဘာသာရေး အသင်းအဖွဲ့ ၊ ရှေ့နေများ အသင်းအဖွဲ့ များတွင် ဌင်းတို့ ၏ အမာခံများ ထည့်သွင်းလာခြင်း။

*** *** ***

ကေအိုင်အေအဖွဲ့အနေဖြင့် ဗမာစစ်တပ်များက ၀င်ရောက် ကျူးကျော်၍ တိုက်ခိုက် နေသည်ဟု မကြာ ခ ဏ ပြောဆိုနေသော်လည်း

*** *** ***

“““ ကာမိုင်း ရဲစခန်းကို KIA အင်အား၇၀ ခန့်ဖြင့် ၀င်ရောက် တိုက်ခိုက် ”””

အင်းအား ၁၈ ဦးရှိသည့် ကာမိုင်းရဲစခန်းကို KIA အင်းအား ၇၀ခန့်က နံနက်၎နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး များဖြင့်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းရဲစခန်းမှ မိုးညှင်းခရိုင်သို့ ပေးပို့သော ကနဦးသတင်းပေးပို့ချက်အပါအ၀င် KIAနှင့် တပ်မတော်တို့၏ အတည်ပြု ပြောကြားချက်အရ သိရသည်။ KIA က လက်နက်ကြီးများဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး လက်နက်တိုက် ကို ဖျက်ဆီးကာ လက်နက်များ ယူဆောင်သွားကြောင်း ယင်းသတင်း ပေးပို့ချက် တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် စိုးမင်းသူ ကျဆုံးခဲ့ပြီးဒေါ်မေမွှေးမွန် (ဒုရဲအုပ်အောင်ထွန်းဦး၏ မိခင်) ၊မတင်မေအောင် (ဒုရဲအုပ်အောင်ထွန်းဦး၏ ညီမ) တို့ သေနတ်မှန် ကာ သေဆုံး ခဲ့ပြီးရဲတပ်ကြပ် ထွန်းအေး မှာ ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာ (စိုးရိမ်းရ) ရရှိသူနှင့် ဒုရဲအုပ်အောင်ထွန်းဦး ၏ ဇနီး မှာ ဦးခေါင်းမှာ သေနတ် ဒဏ်ရာ (စိုးရိမ်ရ) သူတို့ကို ကာမိုင်းဆေးရုံတွင် ပို့ဆောင် ထားကြောင်းကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှစုံစမ်းသိရှိရသည်။

ဒေသခံတစ်ဦးကမူ “ မနက် ၅ နာရီမှာ သေနတ်သံတွေ မကြားရတော့ဘူး” ဟု The Voice Weekly သို့ ပြောကြားသည်။

ယင်းအပြင် ဖားကန့်အထွက် ဘေလီတံတားမိုင်းခွဲခံထားရပြီး မိုင်းနှစ်လုံး ကွဲသွားကြောင်း လတ်တလော မိုင်းရှင်းလင်းရေး မလုပ်နိုင်သေးသဖြင့် လမ်းပိတ်ထားကြောင်း၊ ဒေသခံများ ကပြောကြားသော်လည်း The Voice Weekly အနေနှင့် KIA နှင့် မြန်မာ့တပ်မတော် ထံဆက်သွယ်မေးမြန်း အတည်ပြုနိုင် ခြင်း မရှိသေးပေ။

သတ္တ၀ါနဲ့ လက်နက်နဲ့မှ မမျှ KIA ရယ်။ ရိုင်ဖယ်၊ နေ၀င်းစတင်း၊ အလွန်ဆုံးရှိမှ AK-47 လောက်နဲ့ ခနော်နီခနော်နဲ့ ၁၇ ယောက်ရှိတဲ့ ရဲကင်းလေးကို။ လူ ၇၀ နဲ့ လက်နက်ကြီးတွေနဲ့ထု သိမ်းရသလားကွယ် -

လုသွားတဲ့ လက်နက်တွေကလည်း မောင်ရင်တို့အဖို့ တယ်အသုံးမ၀င်လှပါဘူး။ ကြားထဲက သေသွားတဲ့ ရဲမိသားစုတွေကို သနားမိတယ် -

တိုက်ပွဲဖြစ်ပွားရာမြေပုံ

The Voice Weekly

*** *** ***

တိုင်းရင်းသား တွေရဲ့ အုပ်ချုပ်ပိုင်ခွင့် ဆိုတဲ့ရည်မှန်းချက်နဲ ပတ်သက်ပြီး အငြင်းပွားစရာမရှိပါဘူး။

ဒါပေမဲ့ ရည်မှန်းချက်ကို ရရှိဘို့ ကြိုးစားတဲ့နည်းလမ်းမှာ စစ်ပွဲဖြစ်ပြီး စစ်အနိုင်တိုက်ပြီး ရအောင်ကြီုး စား မယ်ဆိုတဲ့ နည်လမ်းကတော့ လက်တွေ့မှာ မအောင်မြင်နိုင်သလို ပြောင်ပြန် အကျိုး သက်ရောက်ပြီး စစ် တပ်ရဲ့ အခန်းကဏ္ဍကို ပိုပြီး အားကောင်းစေပါတယ်။

ဒေသခံပြည်သူတွေကို နစ်နာစေပါတယ်။

စစ်တပ်ကို လက်နက်ကိုင် အနိုင်တိုက်ဘို့ အခွင့်အရေးက ၁၉၅၀ ရန်ကုန်အစိုးရ အဖြစ် ရန်ကုန် တမြို့ထဲေ တာင် အနိုင် မတိုက်နိုင်ခဲ့ကြတော့ ခုချိန်မှာ ပိုပြီး မဖြစ်နိုင် ပါဘူး။

ဒေသခံ အကျိုးစီးပွားကို ဦးစားပေးမယ်ဆိုရင် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးတာ အကောင်းဆုံးပါ။

အပစ်အခတ် ရပ်စဲလိုက်ပြီဆိုရင် ဘာပဲဖြစ်ဖြစ် ဒေသခံ ပြည်သူတွေငြိမ်းစွာ နေထိုင်ခွင့် အကျိုး စပြီး ခံစား ရမယ်။

နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ မဖြေရှင်းပဲ ၊ စစ်ရေး အရသာ ဖြေရှင်းဖို့ ကြိုးစားနေရင်တော့ ၊ ငြိမ်း ချ မ်းေ ရး ဆိုတာ ကချင်ပြည်နယ် မှာ အခုလဲရမှာ မဟုတ်ပါဘူး ၊ နောင်လဲရမှာ မဟုတ်ဘူးလို့ သုံးသပ်လိုက် ရပါတယ် KIO/KIA ခင်ဗျာ ။

KIO/KIA ကသာ ငြိမ်းချမ်းရေးကို ဆက်ပြီးလျစ်လျူရှုထားရင်ဖြင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ ဆက်ပြီး ဒုက္ခရောက်ကြဖို့ပဲရှိပါတယ် ။

တိုက်ပွဲတွေကြာလာပြီး ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ သည်းမခံနိုင်တဲ့ အချိန်ရောက် လို့ ပြည်သူေ တွက KIO/KIA ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးပါရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရထံ တောင်းဆိုလာရင်တော့

ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေး သမိုင်းတာဝန်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ တာဝန် မဟုတ်တော့ပဲ KIO/KIA မှ ခေါင်းခံရမှာ ဖြစ်ကြောင်းပါခင်ဗျာ ။ ။

Ko John

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: