စစ်ပစ္စည်းများ
 တင်ဆောင်လာသော ရထားတစ်စင်း မန္တလေး မြစ်ကြီးနား လမ်းပိုင်း မိုးညှင်းအလွန် 
မိုင် တိုင်၆၄၃အနီးတွင် (၂၁)ရက်နေ့တွင်ကေအိုင်အေမှ မိုင်းခွဲ 
တိုက်ခိုက်ခဲ့ကြောင်း၊ ကေအိုင်အေပြောခွင့် ရသူ ဦးလနန် ကပြောကြားခဲ့သည်။ 
၎င်းသ တင်းနှင့် ပတ်သတ်၍ မြန်မာ့မီးရထားမှ ၀န်ထမ်းများနှင့် ရထားေ မှာက် တဲ့ 
နေရာသို့ ရောက်ရှိခဲ့သောမိုးညှင်း ဒေသ ခံများ၏ ပြောပြချက်ရ လည်းကောင်း၊ 
သတင်းမှာ မှန် ကန်မှုမရှိကြောင်း သိရှိရသည်။
 
ရထားထဲမှာ ဘာစစ်ပစ္စည်း၊ လက်နက်ခဲယမ်းတွေမှ မပါပါဘူး၊ လက်နက်ခဲယမ်းတွေ 
ပါရင်ရထား မှောက်တဲ့ အချိန်မှာ မီးလောင် ပေါက်ကွဲကုန်မှာပေါ့၊ ရထားပေါ်မှာ 
အဓိကပါလာတာက စားသောက် ကုန်တွေ ပါ။ မှောက်နေတဲ့ ရထားတွဲတွေမှာ 
ကြက်သွန်အိတ်တွေနဲ့ ဆားအိတ်တွေ ပြန့်ကျဲ နေတာတွေ့ပါတယ်လို့ ဆိုသွားပါသည်။
 
 
မိုင်းဒဏ်ကြောင့် မန္တလေးမြို့ဟောင်း -မြစ်ကြီးနား ကုန်တင်ရထား အမှတ် (၉၃၇)
 ၏ စက်ခေါင်း DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့်နားနေတွဲတစ်တွဲ
 တိမ်းမှောက်ခဲ့ကာ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့ ပါသည်။ ဤသို့ကြောင့် ရထားစက်
 ခေါင်းမောင်း ဦးကျော်မြင့်၊ လက်ထောက် ဦးနေလင်းထွန်းနှင့် လက်ထောက် 
စက်ေ ခါင်းမောင်း ဦးဥာဏ်ထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။ ဒါဏ်ရာ မှာ 
ပြင်းထန်မှုမရှိပေ။
 
 
အဆိုပါကုန်တင်ရထား 
တိမ်းမှောက်သွားသဖြင့် လမ်းပိတ်ပြီး ခေတ္တ ရပ်နားနေရသော မန္တလေး -မြစ်ကြီး နား
 အစုန်အ ဆန်ရထားအချို့မှ ခရီးသည်များကို ရွှေ့ပြောင်းပေးသည့် နည်းဖြင့် 
ပို့ဆောင်သွား မည်ဟု မီးရထားဝန်ထမ်းများက ဆိုပါ သည်။ 
ရထားလမ်းကိုလည်းဒီနေ့ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မန္တလေး ဘူတာကြီးမှ မြစ်ကြီးနား ရထားများကိုလည်း ပုံမှန်အ တိုင်း ထွက်ခွာစေမည်ဟု မီးရထား ၀န်ထမ်းများက ခရီးသည်များကို ပြောကြားထားပါသည်။
 
 MMN
 
 
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။