Pages

Saturday, December 22, 2012

“““ KIA ကဖျက်ပြီး အစိုးရက ပြန်ဆောက် နေတဲ့ ကချင်ပြည်နယ် က လန်နု တံတား ”””

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲ ဖျက်ဆီး ခံခဲ့ရသော မြစ်ကြီးနား-ထိန်ချုံး လမ်းပေါ်ရှိ လန်နု တံတားကို ကချင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည် တည်ဆောက်လျက် ရှိကြောင်း ယင်းတံတား ဆောက်လုပ်ရေး လုပ်ငန်း ထံမှ စုံစမ်း သိရှိရသည်။
 
မူလက တရုတ်နိုင်ငံမှ ထိန်ချုံး ကုမ္ပဏီက နိုဝင်ဘာလ အပြီး တည်ဆောက်မည် ဆိုသော်လည်း လုံခြုံရေး အခြေအနေကြောင့် မဆောက်လုပ် နိုင်ခဲ့သည့် အတွက် ယင်းကုမ္ပဏီက ကချင်ပြည်နယ် အစိုးရထံ ယွမ် ငါးသိန်း ပေးအပ်မည် ဖြစ်ကြောင်း၊ ယခု တည်ဆောက်မှု ကို ၂၁ ရက် အတွင်း ပြီးစီး ရမည် ဖြစ်ကြောင်း လန်နုတံတား ဆောက်လုပ်ရေး တာဝန်ခံ အင်ဂျင်နီယာ တစ်ဦး က ပြောကြားသည်။

အဆိုပါ လန်နု တံတားမှာ အရှည်ပေ ၁၇၀ ရှိကာ မြစ်ကြီးနား - ထိန်ချုံးလမ်း မိုင်တိုင် ၃၁/၂ ပေါ်တွင် တည်ရှိ ကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံ သဘော တူချက်အရ ယင်းလမ်း တစ်လျှောက် ပြုပြင် ထိန်းသိမ်းမှုကို ထိန်ချုံး ကုမ္ပဏီ ကသာ တာဝန် ယူရမည် ဖြစ်ကြောင်း အဆိုပါ ထိန်ချုံး ကုမ္ပဏီ နှင့် ကချင်ပြည်နယ် အစိုးရ တို့ကြား ရေးထိုး ထားသည့် နားလည်မှု စာချွန်လွှာ သဘော တူညီချက် အရ သိရသည်။ ယင်းတံတားကို KIA က ဧပြီလတွင် တစ်ကြိမ်၊ မေလတွင် တစ်ကြိမ် မိုင်းခွဲ ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။
 
The Voice

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIA ကဖျက်ပြီး အစိုးရက ပြန်ဆောက် နေတဲ့ ကချင်ပြည်နယ် က လန်နု တံတား ”””

Labels:

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲ ဖျက်ဆီး ခံခဲ့ရသော မြစ်ကြီးနား-ထိန်ချုံး လမ်းပေါ်ရှိ လန်နု တံတားကို ကချင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည် တည်ဆောက်လျက် ရှိကြောင်း ယင်းတံတား ဆောက်လုပ်ရေး လုပ်ငန်း ထံမှ စုံစမ်း သိရှိရသည်။
 
မူလက တရုတ်နိုင်ငံမှ ထိန်ချုံး ကုမ္ပဏီက နိုဝင်ဘာလ အပြီး တည်ဆောက်မည် ဆိုသော်လည်း လုံခြုံရေး အခြေအနေကြောင့် မဆောက်လုပ် နိုင်ခဲ့သည့် အတွက် ယင်းကုမ္ပဏီက ကချင်ပြည်နယ် အစိုးရထံ ယွမ် ငါးသိန်း ပေးအပ်မည် ဖြစ်ကြောင်း၊ ယခု တည်ဆောက်မှု ကို ၂၁ ရက် အတွင်း ပြီးစီး ရမည် ဖြစ်ကြောင်း လန်နုတံတား ဆောက်လုပ်ရေး တာဝန်ခံ အင်ဂျင်နီယာ တစ်ဦး က ပြောကြားသည်။

အဆိုပါ လန်နု တံတားမှာ အရှည်ပေ ၁၇၀ ရှိကာ မြစ်ကြီးနား - ထိန်ချုံးလမ်း မိုင်တိုင် ၃၁/၂ ပေါ်တွင် တည်ရှိ ကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံ သဘော တူချက်အရ ယင်းလမ်း တစ်လျှောက် ပြုပြင် ထိန်းသိမ်းမှုကို ထိန်ချုံး ကုမ္ပဏီ ကသာ တာဝန် ယူရမည် ဖြစ်ကြောင်း အဆိုပါ ထိန်ချုံး ကုမ္ပဏီ နှင့် ကချင်ပြည်နယ် အစိုးရ တို့ကြား ရေးထိုး ထားသည့် နားလည်မှု စာချွန်လွှာ သဘော တူညီချက် အရ သိရသည်။ ယင်းတံတားကို KIA က ဧပြီလတွင် တစ်ကြိမ်၊ မေလတွင် တစ်ကြိမ် မိုင်းခွဲ ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။
 
The Voice
0 comments: