Pages

Saturday, December 22, 2012

“““ ကုလ အထူး ကိုယ်စားလှယ် နမ်ဗီးယား ရခိုင်လူမျိုးများ အပေါ် နားလည် စာနာကြောင်း အရင်ထက် ပိုပြ ”””

ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်လာတဲ့ ကုလ သမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် (Mr. Vijay Nambiar) မစ္စတာ နမ်ဗီးယားဟာ အရင်ကနဲ့ စာရင် ဒီတစ်ကြိမ်မှာ ရခိုင် လူမျိုးတွေ အပေါ် နားလည် စာနာကြောင်း ပိုပြသ လာတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဦးသန်းထွန်း က ပြော ပါတယ်။

 “ ဒီတစ်ခေါက် နမ်ဗီးယားရဲ့ ခရီးစဉ်အပေါ်မှာ မြို့မိမြို့ဘ တစ်ယောက်အနေနဲ့ သုံးသပ်မယ်ဆိုရင် အခု တ တိယ အကြိမ်လာတဲ့ ခရီးစဉ်ကတော့ သူအရင် နှစ်ကြိမ် ခရီးစဉ်ကထက် ဒီဘင်္ဂလီတွေရဲ့ အပြုအမူေ တွ ကို ပိုပြီး သိရှိ နားလည်လာပြီး ရခိုင်တွေ အပေါ်မှာ အရင်ကထက် စာနာ နားလည် လာတယ်လို့ သူပြောဆိုတာတွေကို ကြည့်ပြီး ခံစားမိတယ်။ အခုပြောဆိုတာ တွေဟာ အရင်ကလို မြန်မာအစိုးရနဲ့ ရခိုင် လူမျိုးတွေကို အပြစ်တင်တဲ့ လေသံမျိုး မရှိဘူးလို့ မြင်ရတယ်။”

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် နမ်ဗီးယားဟာ ဒီဇင်ဘာလ ၁၉ ရက် နေ့လည်ပိုင်းက ဦးသန်းထွန်း အပါအ၀င် စစ်တွေမြို့မှ မြို့မိမြို့ဘ ၅ ဦး ဖြစ်ကြတဲ့ ဦးသာပွင့်၊ ဦးမောင်ညွန့်စိန်၊ ဦးကျော်ဇောအောင်၊ ဦးရွှေကျော်သာတို့နှင့် စစ်တွေဟိုတည်တွင် တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ နမ်ဗီးယား အတူ လ၀က ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ကျော်ရင်လှိုင်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင် လူကြီး (၅) ဦးကနေ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားကို တင်ပြခဲ့တဲ့ အချက်တွေကိုလည်း သူက အခုလို ပြောပါတယ်။

“ အဓိက ကျွန်တော်တို့ တင်ပြဆွေးနွေးတဲ့ အချက်တွေက (၁) ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့နယ် အတွင်းမှာ ရခိုင်ကျေးရွာ ၁၀ ရွာ တပြိုင်တည်း မီချို့ခံရတာဟာ ၁၉၄၂ ခုနှစ်ဖြစ်ရပ် သမိုင်း တပတ် လည် လာ တယ်လို့ ရခိုင်တွေ ဘက်က ခံစားရတယ် (၂) ဒီဘင်္ဂလီတွေဟာ သူတို့ကိုသူတို့ ရိုဟင်ဂျာ လို့ ပြောေ နတာ ဟာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံက ဘင်္ဂလီတွေနဲ့ ကွဲပြား ခြားနားတဲ့ လူမျိုးစု တစ်ခုအဖြစ် ကမ္ဘာ ကို ဟန်ဆောင်လိမ် ညာဖို့ဖြစ်တယ် (၃) ပြီးတော့ မြန်မာနိုင်ငံရဲ့ မူရင်း တိုင်းရင်းသားတွေသာ ရရှိတဲ့ အ ခွင့်အရေးတွေကို လောဘတကြီး ရရှိခံစားဖို့နဲ့ ရခိုင်လူမျိုးတွေရဲ့ နယ်မြေကိုလုယူဖို့ ဖန်တီးနေတာဖြစ် တယ်လို့ ရခိုင်တွေခံ ယူတယ် (၄) ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့ အသံကို ကြားရတိုင်း ရခိုင်တွေက အဲဒီ ဘ င်္ဂလီတွေ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ပြီး ပဋိပက္ခကို ထပ်ပြီး ဖန်းတီးလာတာနဲ့ တူတယ်လို့ ခံစားလာရ တယ် (၅) နောက်တစ်ခုက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဘင်္ဂလီတွေကို စီစစ်ပြီးတော့ နိုင် ငံသားဥပဒေနဲ့ မကိုက်ညီ တဲ့သူ တွေကို ထိန်းသိမ်းရေး စခန်းမျိုးတွေ ဖွင့်လှစ်ထားရှိဖို့ အစိုးရကိုေ ဆာ် သြတယ်။ (၆) နောက်ပြီး ဒီရခိုင်လူမျိုးတွေ ဟာ ဒီဘင်္ဂလီတွေကို စား၊၀တ်၊နေရေးစတဲ့ လူ့အခွင့်အရေး အပြည့်အ၀ ပေးထားခဲ့ပေမဲ့ အဲဒီစာနာမှု တွေကို ဥပေက္ခာပြုပြီး အရင်ကထက် ရခိုင်တွေကို ရန်စ ကျူးေ ကျာ်တယ်။ ရခိုင်တွေကို သတ်တယ်။ ရခိုင်အိမ်တွေကို မီးရှို့တယ်။ ရခိုင်မလေးတွေကို အတင်းအဓမ္မ မုဒိန်း ကျင့်မှုတွေ အမြဲတမ်း လုပ်နေတဲ့ အတွက်ကြောင့် အဲဒီ ဘင်္ဂလီတွေ အပေါ်မှာ ဒေသခံရခိုင်တွေ လုံးဝ ယုံ ကြည်မှု ပျက်သွားတယ်။ အဲဒီလို ယုံကြည်မှု ပျက်သွားတာကို ပြန်ပြီး ယုံကြည်မှုတည်ဆောက် မယ်ဆိုရင် အဲဒီ ဘင်္ဂလီတွေအနေနဲ့ ဒေသခံ ရခိုင်တွေ လုံခြုံစွာ လက်ခံ လာနိုင်အောင် ပြုမူ ကျင့်ကြံမှုတွေကို ဆင်ခြင် ဖို့ နေထိုင်ဖို့လိုတယ်။ ဒါကြောင့် လုံလောက်တဲ့ အချိန်တစ်ခုကို လိုတယ်။ အခုအချိန်မှာ ဒီဘင်္ဂလီနဲ့ရခိုင် အတူယဉ်တွဲနေထိုင်ရေးလို့ ပြောနေတာဟာ ပဋိပက္ခတစ်ခုကို ထပ်မံ ဖြစ်ပွားဖို့အတွက် လှုံဆော်တာလို့ ရခိုင်တွေခံယူတယ်။ နောက်ဆုံး (၇) အချက်ကတော့ ဖြစ်သွားတဲ့ ပဋိပက္ခကြောင့် လူတွေ ဒုက္ခသည်ဖြစ် သွား တဲ့ နေရာမှာ ယူအန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက မူဆလင် တွေသာ ဒုက္ခသည် ဖြစ်သွားတယ် လို့ ပြောနေတယ်။ အမှန်က ဌာနေ တိုင်းရင်းသားတွေက ကိုယ့်အိမ် မှာနေလို့ ထွက်ပြေး သွားရတာ၊ ဒုက္ခ သည် စခန်း ရောက်သွားတာ အများကြီးရှိတယ်။ ဒါကြောင့် ယူ အန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သိရှိ နားလည်သင့်တယ် ဆိုတာတွေကို မစ္စတာနမ်ဗီးယား နဲ့ လ၀က ၀န်ကြီး ဦးခင်ရီတို့ကို ကျွန်တော်တို့ တင်ပြပါတယ်” လို့ ဆိုပါတယ်။

မစ္စတာ နမ်ဗီးယားမှ ပြန်ပြီး ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာတွေကိုလည်း သူက ယခုလို ပြော ပါ တယ်။

“ မစ္စတာ နမ်ဗီးယားကတော့ ရခိုင်တွေဘက်က အနေအထားကိုလည်း သူနားလည်ပါတယ်တဲ့။ ဒါပေမဲ့ တစ်ဘက်က ဘင်္ဂလီတွေဆို တာကလည်း လူသားတွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို လူသားချင်စာ နာတဲ့ အထောက် အပံ့တွေ ပေးနိုင်အောင်ကူညီပေးကြပါ။ နောက်ပြီး ဒီလိုတစ်ယောက်နဲ့တစ်ယောက် ရန်သူလို ဆက်ဆံနေမယ့်အစား မိတ်ဆွေမဟုတ်သည့် တိုင်အောင် အတူယှဉ်တွဲ နေထိုင်လို့ရမဲ့ နည်း လမ်းေ တွကို ကြိုးစားကြပါဆိုပြီးတော့ သူကပြောတယ်။ အပြစ်တင်တဲ့လေသံတော့ မပါဘူး။”

ဒီတစ်ေ ခါ က် ဆွေးနွေးပွဲ အပေါ်မှာ အကြမ်းအားဖြင့် သုံးသပ်ကြည့်တဲ့ အခါ မြန်မာနိုင်နဲ့ ရခိုင် တိုင်း ရင်း သားတွေ ဘက်ကို အနည်းငယ် အကောင်းဘက်ကို ဦးတည် ရှေ့ရှု့လာတယ်လို့ ဦးသန်းထွန်း က ပြောပါ တယ်။

“ ဆွေးနွေးပွဲ နောက်ဆုံးရလဒ်ကတော့ လောလောဆယ် ရခိုင်နဲ့ဘင်္ဂလီ အတူနေထိုင်ဖို့ဆိုတာ လုံးဝမဖြ စ် နိုင်ဆိုတာကို နမ်ဗီးယားနဲ့ ဦးခင်ရီတို့ သုံးသပ်မိသွားတယ်လို့ ထင်ပါတယ်။ နောက်တစ်ခါ ၁၉၈၂ ခုနှ စ် မြန်မာ နိုင်ငံသား ဥပဒေဟာ မြန်မာနိုင်ငံအတွက် ပကတိလိုအပ်တဲ့ ဥပဒေ တစ်ခုဖြစ်တယ် ဆိုတာကို လည်း သူလက်ခံ သွားပုံ ရပါတယ်။ ကြည့်ရတာက အခု နမ်ဗီးယားလာတာ အရင်ကလာတုန်း ကထက် မြ န် မာ နိုင်ငံနဲ့ ရခိုင် တိုင်းရင်းသားတွေ အတွက် အကောင်းဘက်ကို အနည်းငယ်ရှေ့ရှုတယ်လို့ ကျွန်ေ တာ် တို့ သုံးသပ်လို့ ရပါတယ်” လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အမြင် သဘောထားကိုလည်း သူက အခုလို ပြောပြသွားပါတယ်။

“ ဒါကတော့ ရခိုင်လူမျိုးဖြစ် တဲ့ မြို့မိမြို့ဘ တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အာဏာပိုင်တွေ ကိုင် တွယ်ပုံကို ဒီထက်နည်းနည်း ထင်သာမြင်သာရှိသင့်တယ်လို့မြင်တယ်။ ဥပမာအားဖြင့် မြောက်ဦး တို့ ကျောက်တော်တို့ဘက်မှာ ပဋိပက္ခဖြစ်ပွားတာနဲ့ပတ်သတ်လို့ ရခိုင်တွေကို အစုလိုက်အပြုံလိုက် ဖမ်း ဆီး မှုတွေရှိပေမဲ့ ဘင်္ဂလီတွေကျတော့ ဘယ်လို လုပ်နေတယ် ဆိုတာကို ရခိုင်တွေက ထင်သာမြင်သာ မရှိတဲ့ အခါ ရခိုင်တွေက အစိုးရအပေါ်မှာ နားလည်မှု လွဲတာတွေ နည်းနည်း ရှိလာတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၄ ရက်ခန့်က မီးရှို့ဖို့ဝင်လာတဲ့ ဘင်္ဂလီတစ်ယောက်ကို ဖမ်းမိပေမဲ့ အဲဒီဘင်္ဂလီကို မီးရှို့ တဲ့ အမူ နဲ့ မဟုတ်ဘဲ ညမထွက်ရ အမူနဲ့ဘဲ တရားစွဲပြီး ထောင်တစ်လ ချတဲ့ ပုံစံတွေပေါ့။ တစ်ဆက်တည်းမှာ ဆို ရင် မြောက်ဦး ယဉ်သည်ရွာတွေဘက်မှာ ကျတော့ မီးရှို့ရာမှာလည်းမပါ၊ ကိုယ့်အိမ်မှာ ကိုယ်နေလို့ မီးရှို့ တယ်လို့ သံသယနဲ့ ထောင်ထဲ ရောက်နေတဲ့ ရခိုင်တွေ အများကြီးရှိတယ်။ အဲဒါတွေကို နှိုင်း ယှဉ်ကြည့် ရင် အစိုးရလုပ်ငန်းတွေ ဒီထက် ထင်သာ မြင်သာရှိဖို့ လိုတယ်လို့ မြင်ပါတယ်။ အပြစ်တင် လိုတာ တော့မ ဟုတ်ဘူး။ ဒီထက် ထင်သာမြင်သာ ရှိဖို့လိုတဲ့အကြောင်းကို ပြောတာပါ” လို့ ပြောဆိုသွားပါတယ်။

Arakan Liberation Party

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကုလ အထူး ကိုယ်စားလှယ် နမ်ဗီးယား ရခိုင်လူမျိုးများ အပေါ် နားလည် စာနာကြောင်း အရင်ထက် ပိုပြ ”””

Labels:

0 comments: