၉ တန်းကျောင်းသူလေး
တိုက်ပွဲကြားတွင် ထိခိုက်သေဆုံးသည်ကို ကချင်ပြည်နယ် အထိ တက်ပြီး
သတင်းယူဖွခဲ့သော် မီဒီယာများ၊ မသီတာထွေး အသက်ခံရသည်ကို တစ်နိုင်ငံလုံးကို
သိအောင် ပြောပြခဲ့ သောမီဒီယာများ
ကချင်အရေးတွင်တော့ နှာစေးနေကြပြီလားလို့ မေးလိုက်ချင်သည်။ ဒါဟာ နိုင်ငံရေး
အရ ဆွေးနွေးမည်ဆိုသည့် စကားလုံးအတွက် သက်သေတစ်ခုပင် ဖြစ်သည်။
ကချင်၊ဒီဇင်ဘာ၊၁၈။ ကချင်ပြည်နယ်၊
ကားမိုင်းမြို့ရဲစခန်းသို့ ဒီဇင်ဘာလ ၁၈ရက်နေ့ နံနက်လေးနာရီမှစ၍ တစ်နာ ရီ
ခန့် ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း ယင်းမြို့ခံများက
သတင်းပေး ပို့ သည်။ အဆိုပါ ပစ်ခတ်မှုများကြောင့် ရဲတပ်သားစိုးမင်းသူနှင့်
ရဲစခန်းဝန်းနေ သူနာပြုဆရာမ ဒေါ်တင်ေ မေ အာင် တို့သည် နေရာ၌
ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ဒေါ်မေမွှေးစိန်နှင့် ဒေါ်လှစိန်တို့သည်
ကားမိုင်းမြို့ နယ်ခွဲ ပြည်သူ့ဆေးရုံအရောက် မွန်းလွဲချိန်တွင်
သေဆုံးသွားကြောင်း သိရသည်။ ထို့ပြင် ရဲတပ်သား ထွန်းလင်း သည်လည်း
မိုးကောင်းမြို့ပြည်သူ့ဆေးရုံသို့ ပြောင်းရွှ့ဆေးကုသ ခံယူလျက် ရှိကြောင်း၊
ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အချုပ်သားများလည်း လွတ်သွားကြောင်း
ဆက်လက် သိရသည်။
သူမတို့သည် အပြစ်မဲ့ ပြည်သူသာ ဖြစ်သည်
ဒီလို လုပ်ခြင်းသည် နိုင်ငံရေး အရ ဆွေးနွေးဖို့လား
ကချင်စစ်ပွဲရပ်လို့ အော်မည်ဆိုလျှင်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။