Pages

Sunday, December 23, 2012

“““ လစာ ငွေကြေး နောက်ကွယ်က သက်ပြင်း ချသံများ ကြားနိုင်ပါစေ ”””

မေး- ကျွန်တော်တို့လစာ ၅၀၀၀၀ ပဲရသည်။ လုံးဝအဆင်မပြေ။ ဆရာဝန် တစ်ယောက်သည် စာဖတ်ရ မည်။ အင်တာနက် သုံးရမည်။ ထမင်း ၀ယ်စားရမည်။ စေတနာ ဆ၇ာဝန် ရာသက်ပန် လုပ်ဖို့ ဖြစ်နိုင်ပါ မည် လား။
 
ဖြေ- ပိုက်ဆံ လိုချင်ရင် ဆရာဝန် အလုပ်မလုပ်နဲ့။ စီးပွားရေးလုပ်
(ဆိုလိုရင်းသည် ဆရာဝန် အလုပ်သည် ပိုက်ဆံရှာသည့် အလုပ်မဟုတ်။ ပိုက်ဆံ ရှာချင်လျှင် ဆရာဝန် မလုပ် နဲ့။ ထိုက်သင့်သည့် လစာရှိသော ဆရာဝန်သည် အလုပ်တာဝန်တွင် စိတ်အနှောက်အယှက် ကင်း စွာဖြင့် ပို၍ လုပ်နိုင်သည်။ ထိုသို့ဆိုပါက မြန်မာနိုင်ငံတွင် ဆေးပညာ သင်ပြီး နိုင်ငံခြားထွက် အလုပ်လုပ် ရပေတော့ မည်။)
 
ထိုသို့ ဆိုလိုက်ပါက တစ်ခြား ၀န်ထမ်းများကိုလည်း အောက်ပါအတိုင်း ပြောရပေတော့မည်။
 
မေး- ကျောင်းဆရာမ လစာက မလောက်ငှဘူး။ ကလေးတွေကို စာသင်ဖို့ ကိုယ်တိုင်လည်း လေ့လာရမည်။ စား ၀တ်နေရေး၊သာရေးနာရေးလည်း ထောက်ပံ့ရအုံးမည်။
 
ဖြေ- ပိုက်ဆံ လိုချင်ရင် နာ(၃)နာ နဲ့ ပြည့်ဝတဲ့ ကျောင်းဆရာမ မလုပ်နဲ့။ KTV မှာသွားလုပ်။
( နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည်။ ကျောင်းသား ကျောင်းသူများအတွက် ဆရာကောင်းများ လို အပ် သည်။ အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ နိုင်စေရန်အတွက် ဆရာ၊ဆရာမများကို ပိုမို ပြည့်စုံစွာ ထောက်ပံ့ သင့် သည့် စကားများကို လွှတ်တော် ကိုယ်စားလှယ်များ မပြောပါက ထိုစကားပြောရမည်သာ ဖြစ်တော့သည်။)

မေး- ၀န်ထမ်းလစာက မိသားစုကို မရပ်တည်နိုင်။ ဘွဲ့ရ ပညာတတ် ဆိုသည့် ဂုဏ်တော့ ရှိပေမယ့် ကိုယ့်ဘာ သာတောင် မလောက်ငှပါ။
 
ဖြေ- ပိုက်ဆံ အများကြီး ရချင်လျှင် ၀န်ထမ်း အလုပ်မလုပ်နဲ့။ အပြင်မှာ ဈေးရောင်း။
( ထိုသို့ ဆိုပါက ကျောင်းတက်၍ ဘာလို့ ပညာသင်တော့မည်နည်း။ ဘာလို့ ဘွဲ့ရအောင် ကြိုးစားတော့မည် နည်း။ ၀န်ထမ်းတွေ ဘာလို့ လိုအပ်တော့မည်နည်း။ ၀န်ထမ်းလစာတွေ တိုးမြှင့်ပေးနိုင်မှ ၀န်ထမ်းဖြစ် ရသည် ကို ဂုဏ်ယူပြီး အဂတိ တရားကင်းလာမည် ဖြစ်သည်။နိုင်ငံ့ဝန်ထမ်း မရှိပါက နိုင်ငံ မည်သို့ လည်ပတ် မည်ကို လွှတ်တော်ကိုယ်စားလှယ်တွေ စဉ်းစားမိပါစ။)

မေး- ရဲတပ်ဖွဲ့သို့ ၀င်မိသည်။ လူမုန်း ခံရသည်။ မိသားစုကို မထောက်ပံ့နိုင်။
 
ဖြေ- ရဲက ပြည်သူ့ဝန်ထမ်း။ ပိုက်ဆံရဖို့ လုပ်သည့် အလုပ်မဟုတ်။ ရဲမလုပ်ဘဲ ဆိုက်ကားနင်း၊ ကုန်ထမ်း။
(ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရသည့် ရဲ မရှိပါက ပြည်သူဘယ်လို လုံခြုံစိတ်ချစွာ အိပ်စက်နိုင် မလဲ။ လုပ်ဆောင်ချက်တိုင်းကို အပြစ်တင်နေပါက ဘယ်သူမှ ရဲလုပ်တော့မည် မဟုတ်။ ရဲမရှိလျှင် တရားဥ ပဒေ စိုးမိုး ရေးကို ဘယ်လို ဆောင်ရွက်မည်နည်း)

မေး- ကျွန်တော် စစ်သား၊ကျွန်တော့် လစာက မိသားစုအတွက်လည်း မလောက်ငှ။ ကိုယ်လက်အင်္ဂါ ပျက်စီး၊ တိုက်ပွဲကျဆုံးသည့် အခါ ကျွန်တော့်ကို မှီခိုသည့် မိသားစုအတွက် ဘယ်လိုမှ ရပ်တည်လို့မရ။ အသက် မသေ ပါက ကျွန်တော်လည်း ဘာမှ လုပ်စားလို့ မရ။
 
ဖြေ- ဒါဆို စစ်သားမလုပ်နဲ့။ မသေ မပြတ်ဘဲ ပိုက်ဆံရ နောင်ရေး စိတ်အေးရသည့် အလုပ်ကိုလုပ်။
( တိုင်းပြည်တစ်ခုအတွက် တပ်မတော်ဆိုတာ လုံးဝ မလိုအပ်ဘူးလို့ ယူဆပါလား။ တိုင်းပြည်အတွက် အသက် ပေးမည့် လူများကို နောင်ရေး စိတ်အေးပြီး တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်အောင် ကူညီ ပေးဖို့ မလုပ် သင့်ဘူး လား၊ စစ်သားမရှိဘဲ နိုင်ငံတော် နယ်နိမိတ်ကို ဘယ်လိုကာကွယ်မလဲ)

ပိုက်ဆံရချင်လျှင် မလုပ်နဲ့ ဆိုသော စကားသည် ဆိုးဝါးလွန်းသည်။ တိုင်းပြည်အတွက် တကယ်လိုအပ်သည် များအတွက် စတင်လုပ်ကိုင်ရန် ဘယ်တော့မှ စိတ်မ၀င်စားဘဲ မဟုတ်သည့် အလုပ်များဖြင့် အချိန်ကုန် နေကြသည်။ ၀န်ထမးတွေ လစာတိုးဖို့၊ စားဝတ်နေရေး ပြေလည်ဖို့ ဆောင်ရွက်ဖို့ စိတ်ကူးမရှိဘဲ ၀န်ထမ်း အပြစ်ေ တွ ရှာဖွေ ဖော်ထုတ် အပုပ်ချဖို့သာ စဉ်းစားနေသည်။ ရန်ကုန်ဆေးရုံကြီးနဲ့ ရန်ကုန် တက္ကသိုလ်ကို ပြုပြင် ယုံဖြင့် လွှတ်တော်အမတ် လုပ်သည်ဆိုပါက ဘာဆု တစ်ခုမှ ရစရာမလို။ တိုင်းပြည်အထင်ကရ လူကြီး တစ်ဦး သမီးဖြစ်ဖို့သာ လိုသည်လို့ပဲ ပြောချင်ပါသည်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: