Pages

Monday, December 17, 2012

“““ နွေမပေါက်ခင် အသေဖြောင့်အောင် ဆုတောင်း ကြရတော့မည့် KIA များ ”””

ငြိမ်းချမ်းရေး ဖော်ဆောင်မည့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ညှိုနှို င်း ဆောင်ရွက် နေစဉ်မှာလဲ ကေအိုင်အေတို့ဘက်မှ စစ်ရေးအရ လှုပ်ရှားတိုက်ခိုက်မှုတွေ လုပ်ခဲ့သည် ။ ပြည်တွင်း တွင် မီဒီယာများ သတင်းရေးစရာ မရှိလို့ ကချင်ပြည်နယ်ထိတက်ပြီး သတင်းရှာခဲ့ ချိန် မှာေ တတာ့ ကေအိုင်အေတို့ရဲ့ ထိခိုက်ကျဆုံးမှု သတင်းများ ရှိခဲ့ဖူးပေ မယ့် နောက်ပိုင်းတွင် ကေအိုင်အေ တို့ တိုက်ပွဲ တွင် သေဆုံး သည် မရှိတော့။ မြန်မာ့ တပ်မတော်သား များသာ ကျဆုံးနေသည့် ဆိုသည့်ေ နာက် ကေအိုင်အေမှ ကျဆုံးသောင်း ကျန်းသူများ ဘယ်နေရာတွင် သွားသေ ကုန်ကြပါသလဲ။

စစ်ပွဲ တစ်ခုဖြစ်သည်နှင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းရှိသည်မှာ တပ်မတော်သားများ အတွက် အဆန်း မဟုတ်။ ကိုယ့်တိုင်းပြည် ၏ ဒို့တာဝန် အရေး(၃)ပါးကို ဆောင်ရွက် ရင်း အသက်ပေး ခဲ့သည့် စစ်သည် တို့၏ ၀ိဥာဉ်များ မြန်မာနိုင်ငံ အနှံ့လက်ညှိုးထိုးမလွဲ။ ဒါပေမယ့် အတင်း အဓမ္မ လူသစ်စု၊ ဆက်ကြေးေ ကာက်ပြီး အာဏာ တစ်ခု အတွက် စီးပွားရေးဆ န်သည့် စစ်ပွဲ ဆင်နွှဲသည့် ကေအိုင် အေ တို့အတွက်ကား သေဆုံးခြင်း သည် တိရစ္ဆာန် တစ်ကောင်ေ လာက်မျှ တန်ဖိုး မရှိ။

စုထားသည့် လူများကလည်း မနည်းလှ။ထိုစုဆောင်းထားသည့် လူများ တိုက်ပွဲတွင် အထိအခိုက် အကျ အဆုံး မရှိပါက ယခု လိုင်ဇာ ၅ မိုင်ပတ်လည် အတွင်း ခြေချစရာတောင် နေရာရှိမည် မဟုတ်။ အဘယ်ေ ကြာင့် ဆိုသော် ကေအိုင်အေ တို့အတွက် သေဆုံးပေးရသည့် စစ်သားများမှာ ကေအိုင်အေလို့ အမည် မတပ် ရဲ သည့် နေရာမျိုးစုံမှ အတင်း စုဆောင်းထားသည့် သူများမို့ လို့ပဲ ဖြစ်ပါတယ်။ ကချင်ဖြစ် လျှင် ရွာ သူရွာသား ဆို၍ လုပ်တယ်၊ ကချင် မဟုတ်လျှင် လူမသိ သူမသိ သေဆုံးပြီး ဖျောက်ဖျက် လိုက်ခြင်းသာ ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော်မှ စခန်းတစ်ခု သိမ်းပြီးတိုင်း ကေအိုင်အေ တို့၏ အလောင်းများကို မြုပ်နှံပေး ခဲ့ရသည် မှာ မနည်းလှ။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း လက်နက်ကြီး များကြောင့် သေဆုံးသည့် အရေ အတွက်မှာ ရာဂဏန်း မက သည်ကို ကေအိုင်အေတို့ ဘာကြောင့် ဖုံးကွယ် ထားသနည်း။ လေယာဉ်ဖြင့် ပစ်သည်တွင် မသေသည့် နောက်တော့ ကေအိုင်အေ ဆိုသည်မှာ နျူကလီးယားဗုံးကွဲလျှင်ပင် အသက်ရှင် ကျန်ရစ်မ လို ဖြစ်နေသည်။ လေယာဉ်မှ ၅ မိနစ် ပစ်ခြင်းသည် မြေပြင်မှ ၁ နာရီ ပစ်ခြင်းလောက်နှင့် နှိုင်း ယှဉ်၍ ရ သည်။ထို သေနတ်ကြောင့် သေသည် ကေအိုင်အေများ ဘယ်ကို ရောက်ကုန်ပြီလဲ။ လက်နက်ကြီးများေ ကြာင့်ေ သသည့် ကေအိုင်အေများ ဘယ်ရောက် ကုန်ပြီလဲ။
 
စခန်းများ မှလည်း ဆုတ်ခွာပေးနေရသည်။ စုဆောင်း ထားသည့် လူသစ်များလည်း ဘယ်ရောက်သည် မသိ။ ကချင်ပြည်နယ် ကျေးရွာများမှ လူများ၊ ကချင်ပြည်နယ်တွင် အလုပ်လာလုပ်သည့် သူများ ၊ ရှိသ မျှ ယောကျာ်း မိန်းမများကို စုဆောင်းထားသည့် ကေအိုင်အေ အဖို့ လိုင်ဇာကျတောင် သေဆုံးမည့် စာရင်း မရှိသေး။ မြန်မာ့ တပ်မတော်မှလည်း ဆက်လက်သည်းခံတော့မည် မဟုတ်။ ဆက်လက်ဝါဒဖြန့်လေ မြန်မာ့ တပ်မတော်၏ သည်း ခံနိုင်မှုကို ဖျက်ဆီးလေ ဖြစ်ကာ ကေအိုင်အေတို့ ပြေးပေါက် ရှာကြရတော့မည်။

ခိုင်လုံသော သတင်းများ အရ ကေအိုင်အေတို့ နွေမပေါက်ခင် အသေဖြောင့်အောင် ဘုရားသခင်ထံမှာ ဆုတောင်း ကြရတော့ပေမည်။ ထိုအ ခါမှသာ အမည်မဲ့၊ စာရင်းမဲ့ သေဆုံး ခဲ့ရသည့် ကေအိုင်အေ အသုံး ချခံ များအတွက် မြန်မာ့ တပ်မတော်သားများက ဆုတောင်းေ ပးကြတော့မည် ဖြစ်သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: