Pages

Monday, December 17, 2012

“““ ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ် ”””

တရုတ် ရဲတပ်ဖွဲ့သည် ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေ ခဲ့ကြသူ လေး ဦးအားေ ထာင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံေ တာင် ပိုင်းရှိ လူဦးရေ ၂၈ သန်း နေထိုင်သော ချုံကင်းမြို့၌ ဒီဇ င်ဘာ ၁၂ ရက်က အမျိုးသား နှစ်ဦးသည် အသံ ချဲ့စက် တစ်လုံးဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့မည်ဟု ဟော ပြောနေစဉ် ရဲ တပ် ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့အပြင် အခြားနှစ်ဦး ကိုလည်း မြို့၏ လမ်းများအတွင်း ကမ္ဘာပျက်တော့မည်ဟု ဖော်ပြထားသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေစဉ် အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။ အဆိုပါ ကောလာဟလ သတင်းများ ဖြန့်ဝေသူ လေးဦးအား ဒေသတွင်း အုပ်ချုပ်ရေးရုံးမှ ထောင်ဒဏ် ၁ဝ ရက် ချမှတ်ခဲ့ပြီး လူထုအား ကောလာဟလ သတင်းများ ဖြန့်ဝေမှုကို ထိရောက်စွာ နှိမ်နင်းသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ရှေးခေတ် မာယာပြက္ခဒိန် တစ်ခု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက် တော့မည် ဟု အချို့က ယုံကြည်လျက် ရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ခန့်မှန်းချက်ကို မျက်မှောက်ခေတ် သိပ္ပံပညာရှင် များက ငြင်းဆိုထားသည်။

Ko Thantun

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ် ”””

Labels:

တရုတ် ရဲတပ်ဖွဲ့သည် ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေ ခဲ့ကြသူ လေး ဦးအားေ ထာင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံေ တာင် ပိုင်းရှိ လူဦးရေ ၂၈ သန်း နေထိုင်သော ချုံကင်းမြို့၌ ဒီဇ င်ဘာ ၁၂ ရက်က အမျိုးသား နှစ်ဦးသည် အသံ ချဲ့စက် တစ်လုံးဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့မည်ဟု ဟော ပြောနေစဉ် ရဲ တပ် ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့အပြင် အခြားနှစ်ဦး ကိုလည်း မြို့၏ လမ်းများအတွင်း ကမ္ဘာပျက်တော့မည်ဟု ဖော်ပြထားသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေစဉ် အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။ အဆိုပါ ကောလာဟလ သတင်းများ ဖြန့်ဝေသူ လေးဦးအား ဒေသတွင်း အုပ်ချုပ်ရေးရုံးမှ ထောင်ဒဏ် ၁ဝ ရက် ချမှတ်ခဲ့ပြီး လူထုအား ကောလာဟလ သတင်းများ ဖြန့်ဝေမှုကို ထိရောက်စွာ နှိမ်နင်းသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ရှေးခေတ် မာယာပြက္ခဒိန် တစ်ခု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက် တော့မည် ဟု အချို့က ယုံကြည်လျက် ရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ခန့်မှန်းချက်ကို မျက်မှောက်ခေတ် သိပ္ပံပညာရှင် များက ငြင်းဆိုထားသည်။

Ko Thantun
0 comments: