Pages

Wednesday, December 19, 2012

“““ သူခိုးက လူပြန်ဟစ်တဲ့ KIA ”””

သူခိုးက လူပြန်ဟစ်တဲ့ ကေအိုင်အေ ဒီဇင်ဘာ(၁၉)ရက်နေ့ သူခိုးက လူပြန်ဟစ်၊ ကျန်ရစ်သူက သူခိုးဖြစ်ေ ခတ် ဆိုးကြီးပဲဟေ့ ဆိုတဲ့ ကြားဖူးတဲ့ စကားအတိုင်း ဖြစ်နေပါပေါ့။ ငြိမ်းချမ်းရေးကို ကျော ခိုင်းပါဘူးလို့ ကေ အိုင်အေ၊ ကေအိုင်အို ခေင်းဆောင် တွေက ဘယ်လိုပဲ အသံကောင်း ဟစ်ဟစ် လက်တွေ့ အဖြစ်ကတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲ ပါပဲ။ မိုင်းတွေ ကွဲနေဆဲ ပါပဲ။ 
 
ပြည်သူတွေ သွားရေးလာရေး ခက်ခဲအောင် ရထားလမ်းတွေ ဒိလိုဖျက်ဆီးတယ်

ရထားလမ်း တွေဆို မကြာခဏ မိုင်းခွဲခံရတယ်။ ကားလမ်းတွေလည်း ဒီအတိုင်းပဲ။ ရှေ့က ပြုပြင်တဲ့ လူက ပြုပြင်တယ်။ ဆောက်တဲ့ သူက ဆောက်တယ်။ ကချင်အဖွဲ့က နောက်က လိုက် ဖျက်နေတာ လက်တွေ့။ လစ်ရင် လစ်သလို တပ်စခန်းတွေကို ၀င်ပစ်တယ်။ လမ်းကင်းတွေကို ချောင်းပစ် ပြေးတယ်။ တပ်က လိုက်ရှင်းတော့ စစ်တပ်က ငြိမ်းချမ်းရေးသာ ဖိတ်ခေါ်နေတာ အပစ်အခတ်တွေက မရပ်စဲ ဘူး လို့ ပြောတယ်။ လူကြားကောင်းအောင် အော်တယ်။ 
 
ပြည်သူပိုင် စက်ယန္တရားကြီး တွေကို ဒီလိုဖျက်ဆီးတယ်

 ပြည်သူပိုင် ပစ္စည်း ဥစ္စာတွေ ကို ဒီလို ဖျက်ဆီးတယ်

အပြစ်မဲ့လက်နက်မရှိတဲ့ နိုင်ငံဝန်ထမ်းတွေ ကို ဒီလို သတ်တယ်
 
အပြစ်မဲ့သူတွေ ဒီလိုထိခိုက်ဒါဏ်ရာရကြရတယ်

ရဟတ်ယာဉ်လေး ( ၃ ) စီးတွေ့တော့သေလုအောင် အော် ကြတယ်
 
အခုလည်း ကြားရပြန်ပြီ . . . . အစိုးရစစ်တပ်က လေယာဉ်တွေ သူတို့ စခန်းကို လာတိုက်တယ်။ ဖျက် အားပြ င်း တဲ့ ၆၄ မမ လက်နက်ကြီးတွေနဲ့ လည်း ပစ်သတဲ့။ ဒါအမှန်ပဲလား စုံစမ်းတော့ . . . လန်ကြုတ် စကားတွေ ပါလား။ စစ်တပ်က သူ့လုံခြုံရေး အတွက်ပဲ သူယူနေတာ။ လမ်းကင်းတွေပဲ ချပြီး လှုပ်ရှားနေ တာ။ ဘယ်စခန်းကိုမှ သွားတိုက်တယ်လို့ မကြားမိပါဘူး။ ကချင်အဖွဲ့က လာတိုက်ခဲ့ရင်တောင် ကိုယ့်ကိုယ် ကိုသာ ကာကွယ်တဲ့ အနေနဲ့ ခုခံပစ်ခတ်ခဲ့ တာပါ။

 ဘာမှ မရှိတဲ့ ရဲစခန်းကို သာလွန်အင်အားနဲ့ တိုက်တော့ အပြစ်မဲ့သူတွေ ထိခိုက် သေဆုံးရတယ်

တပ်မတော် (လေ) ကလည်း သွားမတိုက် ခဲ့ပါဘူး။ တကယ်သာ သွားတိုက်ကြည့် ပါလား အော်လိုက် ကြမှာဖြင့် ငယ်သံပါတောင် ပါလိမ့်မယ့်ဖြစ်ခြင်း။ အမှန်တကယ် စစ်ရေး လှုပ်ရှားပြီး နယ်မြေ မငြိမ်သက်ေ အာ င် လုပ်နေတာက ကချင်အဖွဲ့။ မိုင်းတွေ တဂျိမ်းဂျိမ်း ခွဲနေတာက ကချင်အဖွဲ့။ ဒါနဲ့များတောင်မှ အံ့ပါ ရဲ့ဗျာ။ ဒါကြောင့် ပြောပါတယ်။ သူခိုးက လူပြန်ဟစ်၊ ကျန်ရစ်သူက သူခိုးဖြစ် ခေတ်ဆိုးကြီး ပါလားလို့ . . . .။

The MYAWADY Daily

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: