Pages

Thursday, December 20, 2012

“““ KIA ကို အပြီးတိုင် တိုက်ခိုက် ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန် အထိ ရည်မှန်းထားသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် ခရစ္စမတ်နေ့တွင် KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြမည် ”””

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်ေ သာ တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆနပြမှု များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။ 

၎င်းတို့  လူငယ်များအနေဖြင့် သမတကြီးဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  စသည်အားဖြင့် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေး ချမ်းရေး၊ အမျိုးသားရင် ကြားစေ့ရေးကို အားထုတ်ကြိုးပမ်းနေချိန်တွင် KIA အဖွဲ့ ၏ လုပ်ဆောင်ချက်များမှာ နိုင်ငံတည်ဆောက်ေ ရးထက် နိုင်ငံနှောင့်နှေးရေးကို ရှေ့ ရှုနေသည်ကို တွေ့  ရှိရကြောင်း၊ ယခု သက်ဆိုင်ရာသို့  တင်ပြထား သည့် ဆနပြခွင့်တွင် ကချင်လူငယ်များ အများအပြား ပါဝင်ကြောင်း၊ ကချင်ပြည်နယ်ကောင်း စားရေးအ တွက် အမည်ခံထားသော်လည်း ကချင်ပြည်နယ်ပြည်သူများ ဒုကရောက်စေရန်သာ ဖန်တီးနေခြင်း ဖြ စ်ေ ကြာင်း ကိုရဲရင့်အောင်က ပြောသည်။

၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ် ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည် သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာ ရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်း၊ ဆနပြရခြင်း၏ အဓိကရည်ရွ ယ် ချက်မှာ ငြိမ်းချမ်းရေးကို တမင် သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ်တစ်ဦးက ပြောသည်။

ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊ အဓိက လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမတကြီးဦးသိန်းစိန် ၊ ငြိမ်းချမ်းရေးတာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန် ဖြစ်ကြောင်း၊ ငြိမ်း ချမ်းေ ရး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရားဥပဒေ ကို KIA တပ်များနှင့် မြန်မာ စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

လောလောဆယ် ကာလတွင် ငြိမ်းချမ်းရေး ဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက်သာ ဆောင်ရွက် မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက် မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း အခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောေ ကြာင့် ဖြစ်ကြောင်း၊ ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆနပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲရွှင်ပွဲ ဆင် နွှဲနေ ချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခ ရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူ ငယ်များ မည်သို့  ဆန္ဒ ထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံ လူငယ်များ ကွန်ယက်မှ လူငယ် ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင် ရန် ဖြစ်ကြောင်း၊ ဆနပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆန ထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်ေ အာင် ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ က ချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေး ရန်ေ တာင်း ဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှု၊ လွှတ်တော် များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။

မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေး ပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ယက် (Democracy and Peace Network) သည် မြန်မာနိုင်ငံ တစ်ဝှမ်း ဒီမိုကရေစီ ထွန်းကားရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ့ ဝင် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကွန်ရက်၏ အမှတ် တံဆိပ်မှာ မြန်မာနိုင်ငံမြေပုံပေါ်တွင် ငြိမ်းချမ်းရေး ချိုးငှက် သံလွင်ခက် ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ပလေတို ဒီမို

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIA ကို အပြီးတိုင် တိုက်ခိုက် ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန် အထိ ရည်မှန်းထားသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် ခရစ္စမတ်နေ့တွင် KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြမည် ”””

Labels:

0 comments: