Pages

Monday, December 31, 2012

ကေအိုင်အေက ရေပေါက် တံတားအား မိုင်းထောင်ဖောက်ခွဲ

၃၀-၁၂-၂၀၁၂ ရက်နေ့ ၀၂၀၀ အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တောင်နီဘူတာနှင့် မင်းကုန်းဘူတာကြား မြစ်ကြီးနား-မန္တလေးရထားလမ်း၊ မိုင်တိုင်အမှတ်(၆၆၈/၂၂)ရှိ အရှည်(၂၀)ပေခန့် တံတားအမှတ်(၆၄၇) ရေပေါက်တံတားတွင် ကေအိုင်အေသောင်း ကျန်း သူများထောင်ထားသည့် မိုင်း(၁)လုံး ပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် အနောက်ခြမ်းရှိ ရထားသံလမ်းအောက်ခြေ (၆)လက်မခန့် ပဲ့ထွက်၍ ဇလီဖားတုံး(၅)တုံး ပျက်စီးခဲ့ပြီး တံတားအောက်ခံသံဘောင်(၁)ပေ ခန့်ေ ကွးသွား ခဲ့သော်လည်း ရထားများ အရှိန်လျှော့မောင်းနှင်၍ရသဖြင့် အစုန်/အဆန်ရထားများ ပုံမှန်ပြေးဆွဲ လျက်ရှိသည်။

မိုင်းပေါက်ကွဲသည့်နေရာသို့ ပင်းဘောရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ လုံခြုံရေးဆောင်ရွက် ပေးလျှက်ရှိပြီး မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်ပြုပြင် ခဲ့ရာ ၁၀၄၅ အချိန်တွင် ပြီးစီးခဲ့သဖြင့် ရထားများ ပုံမှန်သွားလာ လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( ရဲဇာနည် ) facebook စာမျက်နှာတွင်ဖေါ်ပြထားကြောင်း Myanmar News International မှ သတင်းရရှိသည်။

Myanmar News International

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကေအိုင်အေက ရေပေါက် တံတားအား မိုင်းထောင်ဖောက်ခွဲ

Labels:

၃၀-၁၂-၂၀၁၂ ရက်နေ့ ၀၂၀၀ အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တောင်နီဘူတာနှင့် မင်းကုန်းဘူတာကြား မြစ်ကြီးနား-မန္တလေးရထားလမ်း၊ မိုင်တိုင်အမှတ်(၆၆၈/၂၂)ရှိ အရှည်(၂၀)ပေခန့် တံတားအမှတ်(၆၄၇) ရေပေါက်တံတားတွင် ကေအိုင်အေသောင်း ကျန်း သူများထောင်ထားသည့် မိုင်း(၁)လုံး ပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် အနောက်ခြမ်းရှိ ရထားသံလမ်းအောက်ခြေ (၆)လက်မခန့် ပဲ့ထွက်၍ ဇလီဖားတုံး(၅)တုံး ပျက်စီးခဲ့ပြီး တံတားအောက်ခံသံဘောင်(၁)ပေ ခန့်ေ ကွးသွား ခဲ့သော်လည်း ရထားများ အရှိန်လျှော့မောင်းနှင်၍ရသဖြင့် အစုန်/အဆန်ရထားများ ပုံမှန်ပြေးဆွဲ လျက်ရှိသည်။

မိုင်းပေါက်ကွဲသည့်နေရာသို့ ပင်းဘောရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ လုံခြုံရေးဆောင်ရွက် ပေးလျှက်ရှိပြီး မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်ပြုပြင် ခဲ့ရာ ၁၀၄၅ အချိန်တွင် ပြီးစီးခဲ့သဖြင့် ရထားများ ပုံမှန်သွားလာ လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( ရဲဇာနည် ) facebook စာမျက်နှာတွင်ဖေါ်ပြထားကြောင်း Myanmar News International မှ သတင်းရရှိသည်။

Myanmar News International
0 comments: