Pages

Saturday, December 22, 2012

“““ ၂၀၁၂ ခုနှစ်ရဲ့ ထူးခြားတဲ့ နိုင်ငံ တကာ ပုံရိပ်များ ”””

၂၀၁၂ ခုနှစ် ကုန်ဆုံးဖို့ရက်ပိုင်းသာ  လိုပါတော့တယ်။ တစ်နှစ်တာအတွင်း ကမ္ဘာတစ်ဝန်းဖြစ်ေ ပ်ါပြောင်း လဲမှုအစဉ် ကိုလေ့လာရာမှာ အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ပေါ်မှု ဣဋ္ဌာရုံတွေအများ အပြားရှိ သလိုအဖျက်သဘောဆောင်တဲ့ အနိဋ္ဌာန်ရုံတွေကလည်း အမြောက်အမြား  ပါဘဲ။ အဲဒီထဲကမှ ထူးခြား ထင်ရှားတဲ့ ဖြစ်ရပ်အချို့ကို ထုတ်နှုတ်တင်ပြလိုက်ရ ပါတယ်။
 
မငြိမ်းချမ်းတဲ့ အရှေ့အလယ်ပိုင်း

ဦးစွာပထမအရှေ့အလယ်ပိုင်းဒေသ က ပဋိပက္ခတွေနဲ့ ပဲစရပါလိမ့်မယ်။ အရှေ့အလယ်ပိုင်းဒေသဆို တာ ကတော့ အရှေ့ဘက်မှာ အီရန် အာဖဂန်နစ္စတန်  တို့မှသည် အနောက်ဖက်မြေထဲပင်လယ် ကမ်းရိုးတန်းထိ အာရှအနောက်တောင်ပိုင်း  နိုင်ငံတွေ အာဖရိကတိုက်မြောက်ပိုင်းက အာရပ်နိုင်ငံတွေနဲ့ တူရကီ၊ ဆိုက်ပ ရပ်စ် ကျွန်းများထိပါဝင်ပါတယ်။ ဒီဒေသဟာ ဥပရောပနဲ့ အာဖရိကဆိုတဲ့ တိုက်ကြီး ၃ တိုက်ဆုံရာဖြစ်သလို ကမ္ဘာ့အဓိက  ဘာသာကြီး ၃ ခုဖြစ်တဲ့ ခရစ်ယာန်၊ အစ္စ လာမ်နဲ့ ဂျူးဘာသာဝင်တွေ အထွက်အမြတ်  ထား ရာ ဗဟိုဌာနလည်းဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အဓိကအခန်း  ကပါဝင်နေတယ်၊ အဲဒီထဲ က မှ လောလော  ဆယ်ပူစပ်ပူလောင်အဖြစ်ဆုံးနိုင်ငံကတော့ ဆီးရီးယားပါပဲ။ ၂၀၁၁ ခုနှစ် နှစ်ဆန်း ပိုင်းမှာ စတင်ခဲ့တဲ့အာရပ်နွေဦးလှုပ်ရှား မှုများနဲ့ အတူစတင်ခဲ့တဲ့ ဆီးရီးယားပဋိပက္ခဟာ ၂ နှစ်နီးပါးလပေါင်း ၂၀ေ ကျာ်  လာပြီဖြစ်ပေမဲ့ ဆီးရီးယားအစိုးရနဲ့ လက်နက်ကိုင်သူပုန်များအကြားဖြစ်နေတဲ့ ပဋိပက္ခ ဟာ ပြည် တွင်းစစ်အပြင်ရောက်ရှိ လာပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ဘယ်သူမှ အပြီးသတ်အောင်ပွဲမခံနိုင်သေးဘဲ  ရှိနေပါတယ်။ သူပုန်တွေဟာ မြို့သိမ်း တိုက်ပွဲတွေကို တစ်ပွဲပြီး တစ်ပွဲတိုက်နေ  ပြီး အခုတော့မြို့တော်ဒ မတ်စကတ်နဲ့ လက်တစ်ကမ်းအကွာထိရောက်နေပြီဖြစ်  ပါတယ်။ ဆီးရီးယားသမ္မတ ဘာရှာအာဆက်ရဲ့ အစိုးရတပ်များကလည်း ဝေဟင် လေကြောင်း ထိုးစစ်များအပါအ၀င်လက် နက်ကြီးများဖြင့် မြေပြင်ထိုး စစ်များကိုပါ  စစ်ရှိန်မြှင့်တိုက်ခိုက်လျက်ရှိပါတယ်။ ၂ နှစ်တာကာလအတွင်း နှစ်ဖက်တိုက်ကြ ခိုက်ကြ လို့သေဆုံးခဲ့ကြရသူတွေဟာ ၄၀၀၀၀ မကရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ တွေ ဒုက္ခသည်အဖြစ်နဲ့ အိမ်နီး ချင်းနို င်ငံ များကို ထွက်ပြေးခဲ့ရသူတွေကလည်း ဒုနဲ့ ဒေးပါဘဲအမေရိကန်ပြည်ထောင်စုအပါ အ၀င်အေ နာက် အုပ်စုဝင်နိုင်ငံတွေကို အာရှာအာဆက်ရာထူးမှ ဆင်းပေးဖို့ဖိ အားပေးပြောဆိုမှု တွေရှိပြီး၊ အစိုးရ ဆန့် ကျင်ရေးလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ခဲယမ်းထောက်ပံ့လျက်ရှိကြောင်း  သိရပါတယ်။ ဆီးရီးယားကို အနောက် အုပ်စုက စစ်ရေးအရဒဏ်ခတ်အရေးယူဖို့  လုံခြုံရေးကောင်စီမှာ ၂ ကြိမ်တိုင်တိုင် အဆိုတင်သွင်းခဲ့ပေမဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တရုတ်နဲ့ ရုရှားတို့က လည်း နှစ်ကြိမ်တိုင်ဗီ ကိုအာဏာနဲ့ ပယ် ချခဲ့တာမို့အမေရိကန်ရဲ့ စစ်ရေးအရအရေး  ယူရေး အစီအစဉ်ဟာ အထမမြောက်ဖြ စ်  နေပါတယ်။ သို့သော် ဒီဇင်ဘာလဆန်းပိုင်း အတွင်းက ဆီးရီးယားအစိုးရဟာသူပုန်  တွေကို ဓာတု လက်နက်ဆုံးတိုက်ခိုက်ရန်  လုံလောက်တဲ့ ထောက်လှမ်းရေးသတင်း  တွေ့ရရှိထားလို့၊ တကယ်လို့ဓာ တုလက်နက်  တွေသာသုံးခဲ့ရင် အမေရိကန်နဲ့ နေတိုး အုပ်စုဝင်တွေက စစ်ရေးအရ အရေးယူ ရတော့မယ် ဆိုပြီး ဆီးရီးယားကိုသတိပေး  အမိန့်ထုတ်ထားကာ၊ စစ်ဗျူဟာခင်းကျင်း တဲ့အနေနဲ့ အမေရိကန်နဲ့ နေ တိုးတပ်ဖွဲ့  ရေတပ်သင်္ဘောတွေဟာ ပါရှန်ပင်လယ် တွေ့ဒေသမှာ တရုန်းရုန်းလှုပ်ရှားနေတာ ကတော့ဖြင့် အခုနောက်ဆုံးအခြေအနေ တွေပါဘဲ။

အီဂျစ်

၂၀၁၁ ခုနှစ် အာရပ်နွေဦးလှုပ်ရှား မှုမှာ ဆီးရီးယား၊ လစ်များတို့လို အလွန် အကျွံတိုက်ပွဲဝင်ရင်း အန မတ ဂ္ဂသွေးထွက် သံယိုမှုတွေမဖြစ်ခဲ့ဘဲ သွေးထွက်သံယိုမှု နည်းနည်းနဲ့ သမ္မတမူဘာရက်ကိုဖြုတ်ချ ပြီး၊ ဒီမို ကရေစီအသွင်ကူးပြောင်းရေးကို  စစ်တပ်က ကမကထပြုဆောင်ရွက်နိုင်ခဲ့  တာ အီဂျစ်ပါ။ အီဂျင်မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၄ ရက်က လူထုရွေးချယ်တင် မြှောက်တဲ့ ရွေးကောက်ပွဲတွေကို ကျင်းပ  နိုင်ခဲ့ပြီး၊ မွတ်ဆ လင်ညီအစ်ကိုများအဖွဲ့ရဲ့ထာက်ခံမှုနဲ့ “လွတ်လပ်၍ တရားမျှတ သောပါတီ” ခေါင်းဆောင်မော်စီ (Morsi) ဟာရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ် လာပါတယ်။ သမ္မတဖြစ်ပြီး မကြာခင်မှာ ပဲ ဇာတိပြလာတာကေ တာ့ အာဏာရှင် စနစ်ကို အသက်သွင်းဖို့ကြိုးပမ်းမှုတွေပါ ပဲ။ ဒီနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ သမ္မတ  က အမိန့်ဒီဂရီတစ်ခုထုတ်ပြန်ခဲ့ရာမှာ ယခင်သမ္မတဟောင်းမူဘာရက်နဲ့ အပေါင်း အပါများကို ချမှတ်ထားတဲ့ စီရင်ချက်တွေ   ပယ်ဖျက်ပြီး၊ ထပ်မံစစ်ဆေးဖို့အမိန့်ထုတ် ပြန်ခဲ့ခြင်းနဲ့ အစ္စလမ္မစ်ဝါဒီများ ဦးဆောင်  ရေးဆွဲ ထား တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို  တရားသူကြီးတွေရဲ့ အကြံဉဏ်မရယူဘဲ  ငါမြင်းငါခိုင်းစစ်ကိုင်းေ ရာ က်ရောက်ဆိုတာ လိုတိုးတိုးတိတ်တိတ်ပုံနှိပ်ထုတ်ဝေပြီး၊ အခုဒီဇင်ဘာ ၁၅ ရက်မှာ ပြည်သူ့ဆန္ဒခံ ယူပွဲ လုပ်မယ်လို့ကြေညာခဲ့လို့ “ဒီမိုကရေစီ   မဖြစ်ပဲ ငါမိုကရေစီ” ဖြစ်နေတယ်ဆိုပြီး လွှတ်တော်ကလည်း ဘ၀င်မကျ၊ တရား သူတွေကလည်း သမ္မတဟာတရားရေး မဏ္ဍိုင်ကို ယိမ်းယိုင်အောင်လုပ်တယ်လို့ ရှုတ် ချ၊ ပြည်သူတွေလည်းမကျေမနပ်ဖြစ် လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ဆန္ဒပြမှုတွေ ပြင်းထန်ခဲ့ပါပကော၊ ဆန္ဒပြ သူတွေကို အင်အားသုံးဖြိုခွဲလိုသေတဲ့ လူတွေသေ၊ ဒဏ်ရာရသူရနဲ့ အီဂျစ်မှာ မပြေအလည် နဲ့ လမ်းပေါ် ထွက်ဆန္ဒပြမှုတွေ မြင့်မား နေပြီး၊ သမ္မတအိမ်တော်ဝင်းကိုတောင် တင့်ကားတွေ၊ သံချပ်ကာ ယာဉ်ေ တွနဲ့ ပတ်လည်လုံခြုံရေးယူထားတာတွေ့ရမြင် ရပါသဗျာ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ အီ ဂျစ်နိုင်ငံပို့ ဆက်မြို့ မှာ ပို့ဆက်မြို့ခံ အသင်းနဲ့ ပြိုင်ဘက်ဘောလုံးအသင်းတို့ အချင်းချင်းများရာကာမြို့ခံပို့ဆက် အ သင်း ပရိသတ်တွေက ပြိုင်ဘက်အသင်းနဲ့ ဘက်တော်သားတွေကို ထုတ်၊ ဓားတွေနဲ့ ထိုးကြခုတ် ကြ သတ်ကြဖြတ်ခဲ့ကြလို့ အားကစားသမားများအပါအ၀င်လူ ၇၃ သေတာ အကျည်းတန်အရုပ်အဆိုး ဆုံးဖြစ် ရပ်တစ်ခုပါ။

လစ်ဗျား

ဒီနှစ်အတွင်းအတော်ရေပန်းစားခဲ့တဲ့ သတင်းတစ်ရပ်ကတော့ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ အမေရိကန်ကောင် စစ်ဝန်ရုံး ကို လက်နက်ကိုင်အကြမ်းဖက်သမားတွေ   ၀င်ရောက်တိုက်ခိုက်ခဲ့လို့အမေရိကန်သံ အမတ် ခရစ္စတိုဖာစတီဖင်အပါအ၀င် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးခဲ့ရတာပါ။ ဖြစ်စဉ်ကတော့ အခုနှစ်စက်တင်ဘာလ ၁၁ ရက်နေ့မှာ အင်တာနက်စာမျက်နှာတစ်ခုဖြစ်တဲ့ You Tube က တမန်တော်  မိုဟာမက်ကို အမနာ ပပြော ဆိုေ စ်ာကား  ထားတဲ့ ဗွီဒီယိုဇာတ်လမ်းတစ်ခုကို ပြသ ခဲ့ရာမှ အစ္စလာမ်ဘာသာဝင်အရှေ့အလယ်  ပိုင်းအာရပ်နိုင်ငံတွေဖြစ်တဲ့ ယီမင်၊ မော်ရို ကို၊ ကိုင်ရို၊ ဆူဒန်၊ ကူဝိတ်၊တူနီရှားနိုင်ငံ တွေမှာ အမေရိကန်ဆ န့်ကျင်ရေးတွေ ပြင်းထန်ခဲ့ပြီး အီဂျစ်ဒုတိယမြို့တော်ဘင် ဂါဇီကောင်စစ်ဝန်ရုံးကို သေနတ် သမား တွေ ပစ်ကြခတ်ကြလို့အမေရိကန်သံအမတ် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ဦးသေဆုံးခဲ့ရတာ ပါ။ ဒီပြဿနာကြောင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဟီလာရီကလင်တန်ဟာ လောလောဆယ်အစစ်အဆေးအမေးအမြန်း ခံနေရပြီး စိတ်ဖိစီးမှုတွေများနေလို့ ဗိုက်  အောင်ခေါင်းကိုက်မှုတွေခံစားနေရကာ  အခုတော့ အိမ်မှာနားေ နရတယ်လို့ ဒီဇင် ဘာ ၁၈ ရက်သတင်းများမှာ ဖော်ပြထား  ပါတယ်။ ဒါအပြင် လုံခြုံရေးဆိုင်ရာကိစ္စ  အ၀၀ကိုတာဝန်ယူဆောင်ရွက်ခဲ့ရတဲ့ စီအိုင်အေထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ် ကြီး ပီထရောက်စ်ကို လည်း ခေါ်ယူစစ် ဆေးမှုတွေလုပ်ခဲ့ရပါတယ်။

အစ္စရေး

အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေး၊ စစ်ရေးအကြောင်းပြောမယ်ဆိုရင် ဇာတ် လိုက်ကြီးအစ္စရေးကို ဘယ် ပစ်ပယ်ထား လို့ရပါ့မလဲ။ ဒီနှစ်ဖေဖော်ဝါရီလ ၁၃ ရက်   နေ့က ဂျော်ဂျီယာနဲ့ အိန်္ဒိယရှိအစ္စရေးသံ ရုံး   တွေ ကို အီရန်က ပစ်မှတ်အား တိုက်ခိုက်   ခဲ့တယ်။ အီရန်က နျူးကလီးယားဗုံးတွေ  လုပ်နေတာကြာပြီဖြစ် တယ်ဆိုပြီး၊ အီရန် ကို သတ်မယ်၊ ဖြတ်မယ်၊ တိုက်မက်၊ ခိုက်မယ်ဆိုပြီး ဟန်ရေးတပြင်ပြင်၊ ချိုတ ကြွကြွ လုပ်နေလို့ ဆရာကြီးကထိန်းခဲ့ရ  တာ စာဖတ်ပရိသတ်များ သတိရဦးမှာပါ။   ဒါအပြင်နိုဝင်ဘာ ၁၄ ရက်မှာ အစ္စရေး  က ဂါဇာကိုဝင်းပြီး ဗုံးကြဲခဲ့လို့တိုက်ခိုက်   ထိုးစစ်ကြီးဆင်ဂါဇာကလူတွေသေခဲ့တာ မနည်းမနာပါ။ ဂါဇာကအမြောက်နဲ့ ပစ်လို့  အစ္စရေး ၆ ယောက်သေတယ်လို့လည်း ကြားမိဖတ်မိရဲ့ ဒါအပြင်ဂါဇာရှိဟား မာ့စ်  တို့ရဲ့ စစ်ရေးတာဝန်ခံအာမက်အယ်လ်ဂျာ  ဘရီကိုလည်း အစ္စရေးတို့က သုတ်သင်  နိုင်ခဲ့ပါသတဲ့။ ထူးခြားတာတစ်ခုကတော့  ပါလက်စတိုင်းတွေကို အီရန်တို့ထောက်ပံ့  ထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ကို အစ္စရေးတို့ရဲ့ အိုင်ယွန်းဒုမ်း (Iron Dome) ဒုံးခွင်းဒုံးတွေက ကြားဖြတ်တိုက်ခိုက်နိုင် တာဟာလည်း အစ္စရေးရဲ့ အဆင့်မြင့်နည်း  ပညာသုံးလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်တွေကို လျှော့ထွက် လို့မရ ဘူးဆိုတာသက်သေပြလိုက်တာပဲဖြစ်ပါ  တယ်။

ပါလက်စတိုင်းနိုင်ငံသစ်

ယခုနှစ်အရှေ့အလယ်ပိုင်းဒေသမှာ  အထူးခြားဆုံးဖြတ်စဉ်တစ်ခုကတော့ နှစ်ပေါင်း ၆၀ ကျော်နိုင်ငံမဲ့ အဖြစ်နဲ့ အိမ် နီးချင်းနိုင်ငံတွေမှာ ငတ်တလှည့်ပြတ်လှည် နေခဲ့ကြရပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံ  တစ်ခု အဖြစ်ရရှိဖို့ ၁၉၄၈ ခုနှစ်က စပြီး   အစဉ်တစိုက်တိုက်ပွဲဝင်ခဲ့ကြရတဲ့ ပါလက်စတိုင်းတွေဟာ ဒီနှစ်နိုဝင်ဘာ လ ၂၉ ရက်  နေ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာ ခံမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၃၈ နိုင်ငံ ကေ ထာ က် ခံမဲ့ပေးခဲ့လို့ ကမ္ဘာ့ကုလ သမဂ္ဂမှ ပါလက်စတိုင်းတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်မဟုတ်သေးတဲ့နိုင်ငံ (Non Menber State) အဖြစ်အသိအမှတ်ပြုခဲ့လို့  “ပါလက်စတိုင်းနိုင်ငံသစ်” ပေါ်ထွက်လာ ခြင်းဟာ ယ ခုနှစ်အတွက် အရှေ့အလယ် ပိုင်းဒေသရဲ့ အထူးခြားဆုံးဖြစ်ရပ်တစ်ခု ပါ။ ဒါအပြင် အရှေ့အလယ်ပိုင်းဒေ သမှာ  အီရန်က စစ်ရေးလေ့ကျင့်မှုတွေလုပ်တာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်တွေ ဖမ်းဆီးရမိတာ၊ အီရန်မှာ ဗုံးခွဲတိုက်ခိုက် မှုတွေနေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်လို့ အပြစ်မဲ့ပြည်သူတွ သေကြေဒဏ်ရာရကြ တာတွေ အီရန်နျူးကလီးယားပညာရှင်  မိုစတာဖာအာမက်ဒီရိုရှင်းကို မော့ဆက်  အဖွဲ့ကလုပ်ကြံ သတ်ဖြ တ် ခံ ရတာတွေ တူရကီ-ဆီးရီးယားနယ်စပ်တိုက်ပွဲတွေဖြစ်  ခဲ့တာ၊ ဆီးရီးယားအရေးပေါင်း စပ်ညှိနှို င်းေ ဆာင်ရွက်ပေးမယ့် ကုလသမဂ္ဂရဲ့ အထူး  ကိုယ်စားလှယ်တော်ကြီးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ေ ဟာင်း ကိုဖီအာနန်  ဟာစီးရီးယားအရေးမဖြေရှင်းနိုင်ပဲ သြဂုတ်  လဆန်းပိုင်းက ဒမတ်စက်ကတ်အိပ်ရာ သိမ်း၊ ဖျာလိပ်ခဲ့ရတာတွေဟာ အရှေ့  အလယ်ပိုင်းဒေသရဲ့ ပုံရိပ်အချို့ပါဘဲ။

အာရှ အာဖရိကဒေသ

အရှေ့အလယ်ပိုင်းဒေသမှာ အမြောက် သံဗုံးသံများ တိုက်ပွဲများ ပြင်းထန်နေ ချိန်မှာပဲ အာရှအရှေ့မြော က်ေ ဒသကိုရီး ယားကျွန်းဆွယ်မှာလည်း တောင်/မြောက် ကိုရီးယားနှစ်နိုင်ငံအကြားတင်းမာမှုတွေ ဟာ မြင့်မားခဲ့ရတာ အာဖရိကဒေသ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR. Congo) မှာ အစိုးရတပ်များနဲ့ အမ်-၂၁ တပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲတွေဖြစ်လို့ ကွန်ဂိုအစိုးရတပ်တွေကို ကုလသမဂ္ဂတပ် အချို့စစ်ကူ ပစ်ကူပေးခဲ့ရတာတွေရှိခဲ့ပါ တယ်။ ထင်ရှားတဲ့ဖြစ်စဉ်အချို့ကို တင်ပြ ရရင်မြောက်ကိုရီးယားရဲ့ ဒုံး ကျည်စမ်းသပ်  မှုကစရပါမယ်။

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု

ငယ်ငယ်ငယ်ရွယ်အသက် ၃၀ မျှနဲ့  ဖခင်ကင်ဂျောင်အီးလ်ရဲ့ အရိုက်အရာကို  ဆက်ခံခွင့်ရရှိခဲ့တဲ့ ခေါင်းေ ဆာင်သစ်ကင်ဂျောင်အန်ဟာလူငယ်ပီပီစစ်အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်း ဖို့ကြိုးပမ်း  နေ တာတွေမြင်ရတယ်။ ဒါကြောင့်သူဖခင်  လက်ထက်ကခန့်အပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ် အချို့ကို ရာထူး ကဖယ် ရှားခဲ့တာ၊ သူလို လားတဲ့ ဗိုလ်ချုပ်ကြီးတွေကို စစ်ဘက်ဆိုင်  ရာထိပ်တန်းတရာထူးတွေ ကို ပေးခဲ့ တာေ တွဟာ ထင်ရှားပါတယ်။ အထူးသဖြင့်  ဧပြီလ ၁၃ ရက်နေ့က တာဝေးပစ်ဒုံးကျည်  တစ်လုံးကို အသုံးပြုပြီး မိုးလေ၀သဂြိုဟ်  တုတစ်လုံးလွှတ်တင်ခဲ့တာမအောင်မြင်လို့ အခုဒီဇင်ဘာ ၁၂ ရက်နေ့မှာ တာဝေးကီ လိုမီတာ ၆၀၀ နီးပါးပစ်နိုင်တဲ့ ဒုံးကျည်တစ် လုံးကို အသုံးပြုပြီး ဆက်သွယ်ရေးဂြိုဟ်     တုတစ်လုံးကို အာ ကာသအတွင်းအောင် မြင်စွာ လွှတ်တင်နိုင်ခဲ့လို့အဆင့်မြင့်စစ်ဘက်  ဆိုင်ရာနည်းပညာ တိုးတက်ေ အာင်မြ င် မှု များအတွက် မြောက်ကိုရီးယားခေါင်းဆောင်  နဲ့ ပြည်သူတွေပျော်မဆုံးမော်မဆုံးဖြစ်ခဲ့ ကြပေမယ့်။ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုအပါအ၀င်အနောက်အုပ်စု နိုင်ငံတွေ၊ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင် ကိုရီးယားစတဲ့ ဒေသတွင်းနိုင်ငံတွေမှာတော့ မြောက်ကိုရီးယားကို ရှုတ်ချသံတွေပဲ ထင်ထပ်ခဲ့ပြီး၊ လုံခြုံေ ရးကောင်စီရဲ့ ဆုံးဖြတ်  ချက်တွေကို မထေမဲ့မြင်လုပ်တယ်ဆိုပြီး တော့ ကမ္ဘာ့ကုလသမဂ်္ဂမှာလည်း အေ တာ်  ပွက်လောရိုက်သွားခဲ့ပါတယ်။

ရုရှားသမ္မတရွေးကောက်ပွဲ

မတ်လ ၄ ရက်နေ့မှာတော့ ရုရှား  သမ္မတနိုင်ငံမှာ ရွေးကောက်ပွဲများပြုလုပ် ခဲ့ရာမှာ ၀န်ကြီးချုပ်ဗလာဒီမာ ပူတင်ဟာ ထောက်ခံမဲ ၆၄ ရာခိုင်နှုန်းရရှိခဲ့လို့ ရုရှား နိုင်ငံမှာ တတိယအကြိမ်သမ္မတဖြစ်လာ ခဲ့ပါတယ်။

တရုတ်
 
ကွန်မြူနစ်ပါတီကွန်ဂရက် တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီ ရဲ့ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက်  ပါတီညီလာခံကို နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့ရာမှာ အမျိုးသားပါတီကွန်ဂရက် က ပဉ္စမမျိုးဆက်သစ်နိုင် ငံခေါင်းဆောင် များ၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် များ၊ နိုင်ငံရေးဦးသျှောင်အဖွဲ့ (ပေါလစ် ဗျူရို)၀င် များကို ရွေးချယ်ရာမှာ သမ္မတ ဟူကျင်ထောင်နေရာမှာ ဒုတိယသမ္မတ ရှီကျင်ဖျင်က နိုင်ငံတော်သမ္မတနဲ့ ဗဟို စစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်လာပြီး၊ ၀န်ကြီး ချုပ်ဝမ်ကျားပေါင်နေရာမှာတော့ ချိန်ကျိဟွာ..ကိုခန့်အပ်  ခဲပါတယ်။

ဂျပန်ရွေးကောက်ပွဲ

ဂျပန်ပါလီမန်ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပရာမှာ ယခင်ဝန် ကြီး ချုပ်ဟောင်း ရှင်ဇိုအာဘေး (Shinzo Abeန) ဦးဆောင်တဲ့  ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ် လ်ဒီပီ) ဟာ လက်ရှိအာဏာရ ဂျပန်   ဒီမိုကရက်တစ်ပါတီ (ဒီပီဂျေ)ကို အမတ် နေရာ ၃၀၀ ကျော်ရရှိပြီး အပြတ်အနိုင် ရရှိခဲ့တာကြောင့် ရှင်ဇိုအာဘေးဟာမကြာ  ခင်ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုပါ သည် ။ ရွေးချယ်ခံဝန်ကြီးချုပ်ရှင်ဇိုအာဘေး အနေနဲ့ ဂျပန်ရဲ့ ကျဆင်းနေတဲ့ စီးပွားရေး ကို တိုးတက်ေ အာင် လုပ် မယ်၊ တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးတိုးမြှင့်သွားမယ်လို့ပြော သွားတာကိုလည်း ကြားရပါတယ်။ ဒါတွေ  ဟာဖြင့် အာရှအာဖရိကဒေသရဲ့ ထူးခြား  ဖြစ်စဉ်အချို့ပါပဲ။

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုရဲ့ (၅၇)  ကြိမ်မြောက်သမ္မတရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ နိုင်ငံတပ်ဝန်းပြုလုပ်ခဲ့ရာမှာ လယ်ရှိသမ္မတ  အိုဘားမားစာ ရီပတ်ဘလစ်ကင်သမ္မ တ  လော င်းမစ်ရွန်းနီကို လူထုရွေးချယ်တင် မြှောက်တဲ့ပေါ်ပျူလာဗုတ် (popular vote) မှာရော၊ သမ္မတရွေးချယ် တင်မြှောက်   ရေးကိုယ်စားလှယ်အဖွဲ့မဲစာရင်း (Electoral Vote) မှာပါ ၃၀၃ မဲ ၁၉၇ မဲနဲ့ အပြတ်အနိုင်ရခဲ့ လို့ ဒုတိယသက်တမ်း အတွက် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါ တယ်။

အမေရိကန်သမ္မတရဲ့ မြန်မာပြည်ခရီး

သမ္မတအိုဘားမားဟာ ဒုတိယသမ္မတ ရွေးချယ်ခံရပြီး ရက်ပိုင်းအကြာမှာပဲ ကနဦး ခရီးစဉ်အဖြစ် ထိုင်း ၊ မြန်မာနဲ့ ကမ္ဘောဒီး ယားအာရှေတောင် အာရှ ၃ နိုင်ငံခရီး ကိုစတင်ခဲ့ရာမှာ မြန်မာနိုင်ငံကိုနိုဝင်ဘာ  ၁၉ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ  ကြီးဦးသိန်းစိန်နဲ့ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌကော့မှူးမြို့နယ်လွှတ်တော်  ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် တို့ ကို တွေ့ဆုံခဲ့ပြီး၊ လူထုလူတန်းစား အသီးသီးမှ ပုဂ်္ဂိုလ်အချို့ကို ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ “မြန်မာနိုင်ငံ  မင်္ဂလာပါ” လို့ အစချီပြီး မိန့်ခွန်းတစ်ရပ်  ပြောသွားတာကိုလည်း တီဗွီဖန်သားပြင် မှာ မြင်ခဲ့ ရပါရဲ့။ အိုဘားမားရဲ့ ခရီစဉ် ဟာ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန် သမ္မတရဲ့ ပထမဆုံးခရီးစဉ်ဖြစ် လို့ အမေရိကန် မြန်မာနှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှာ ကောင်းမွန်ထူးခြားတဲ့သမိုင်းဝင်ခရီးတစ် ခုအဖြစ် တည် ရှိမှာပါ။ ဒီခရီးစဉ်မှာ နိုင်ငံ တော်သမ္မတကြီးဦးသိန်းစိန်က သမ္မတ အိုဘားမားမဲဆွယ်စည်းရုံးရေးကာလက  အသုံးပြုခဲ့တဲ့ “ရှေ့ဆက်သွားပါတယ်” (င်္Forward) ဆိုတဲ့ စကားကိုယူပြီး မြန်မာ့ ဒီမိုကရေစီရှေးခရီးအ တွက် လည်း ရှေ့ဆက်  ဆောင်ရွက်သွားပါမယ်။ (င်္Forward) လို့  ပြောကြားသွားတာကိုလည်း ကြားလိုက် မိပါတယ်။

ပီထရောက်စ်ရာထူးက နှုတ်ထွက်ရ

သမ္မတအိုဘားမားရွေးကောက်ပွဲ အနိုင်ရပြီး ၃ ရက်အကြာ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ စီအိုင်အေထော က်လှမ်း  ရေးမှူးချုပ် ဗိုလ်ချုပ်ကြီးပီထရောက်စ်ဟာ မ-အရှုပ်တော်ပုံကြောင့် ရာထူးကနှုတ်ထွက်   ခဲ့ရပါ တယ်။ (ဒီအကြောင်းကို Hot News အမှတ်စဉ် ၁၁၇ ဘရောက်ဝဲလ် ဂိတ်မှာ အကျယ်ရေးထားပါတယ်) ဒါအပြင်သူဟာလစ်ဗျားရှိဘင်ဂါဇီကောင် စစ်ဝန်ရုံးအတိုက်ခံရမှုနဲ့ ပတ်သက်လို့ ပြည်တွင်းထောက် လှမ်းေ ရးဌာန (အက်ဖ်ဘီအိုင်)ရဲ့ စစ်ဆေးမှုကို ခံခဲ့ရပြီး၊ လော လောဆယ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  ဟီ လာရီကလင်တန်ကိုလည်း လိုအပ်တဲ့စစ် ဆေးမှုတွေလုပ်နေရတာကြောင့် အသက်  ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဟီလာရီကလင်တန်ဟာ စိတ်ထောင်းကိုယ်ကြေ၊ ဗိုက်အောင့်ခေါင်း  ကိုက်ဝေဒနာခံစားနေရပြီး အိမ်မှာ တစ် ပတ်လောက်အနားယူနေရတယ်လို့ ဒီဇင် ဘာ ၁၅ ရက်သတင်းမှာ ဖော်ပြထားပါ တယ်။ တစ်ဆက် တည်းဆိုသလို ကုလသ မဂ္ဂရဲ့ အမေရိကန်ဆိုင်ရာသံအမတ်ကြီး ဆူဆန်ရိုက်စ်ဟာလည်း ဘင်ဂါဇီကောင် စစ်ဝန်ရုံးအတိုက်ခံရမှုမှာ တာဝန်မကင်း ဘူးလို့ အတိုက်အခံရီပတ်ဘလစ်ကင်တွေ  က ယူဆထားတာေ ကြာင့် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ဟီလာရီကလင်တန်နေရာ  မှာ ခန့်အပ်ရန် လျာထားရာက၊ ရီပတ်  ဘ လစ်ကင်တွေရဲ့ ဝေဖန်မှုတွေပြင်းထန်  နေတာကြောင့် သမ္မတအိုဘားမားဟာ  ဆူဆန်ရိုက်စ်ကိုအမည် စာရင်းတင်သွင်း ခြင်းက ပယ်ဖျက်ခဲ့ရတာကိုလည်း အင်တာနက်သတင်းများမှာ တွေ့ရပါ တယ်။

စန်္ဒီကြောင့် မျက်ရည်ကျခဲ့ရတဲ့ အိုဘားမား

အမေရိကန်ပြည်ထောင်စုသမ္မတရွေး ကောက်ပွဲမတိုင်မီရက်သတ္တတစ်ပတ်အလို မှာ အမေရိကန်ပြည်ေ ထာင် စု မှာ ရွှေ လိုက်တဲ့ စန်္ဒီမုန်တိုင်းဟာသမ္မတအိုဘားမား  အတွက် ခေါင်းခဲစရာဖြစ်ခဲ့ရသလို အခု လ ၁၅ ရက်နေ့က ကွန်နက်တီကတ် ပြည်နယ်၊ နယူးတောင်းမြို့ရှိ စန်္ဒီမူလတန်း ကျောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့တဲ့ လူရမ်း  ကားတစ်ယောက်ကြောင့် ဆရာမ ၃ ဦး အပါအ၀င်လူမမယ်ကျောင်းသားကျောင်း သူ ၂၆ ဦးသေဆုံးခဲ့ရတဲ့မကြားဝံ့မနာသာ ဖြစ်ရပ်ဟာဖြင့် အတော်ကိုအကျည်းတန် အရုပ်ဆိုးခဲ့တာကြောင့် သမ္မတအိုဘားမား   ကိုယ်တိုင်မျက်ရည်ကျခဲ့ရပါတယ်။ ဒါက တော့ အမေရိကန်ပြည်ထောင်စုရဲ့ ထူးခြား  တဲ့ဖြစ်စဉ်အချို့ပဲဖြစ်ပါတယ်။

အရှေ့တောင်အာရှကပြည်မြန်မာ

ကမ္ဘာ့မိသားစုတွေထဲက အရှေ့ တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်  တို့ မြန်မာနိုင်ငံမှာလည်း တစ်နှ စ်တာ အတွင်း ပြစ်ဒဏ်အသီးသီးကျခံနေရတဲ့  အကျဉ်းသားတွေကို ၃/၄ ကြိမ် မကလွှတ်  ပေးခဲ့တာ၊ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်   ပြီး လွှတ်တော်နေရာ ၄၅ နေ ရာအနက် ၄၃ နေရာမှာ အနိုင်ရပြိး ကော့မှူးမြို့နယ်  လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်း စုကြည်ပြ ည်သူ့လွှတ်တော်ထဲရောက်လာ တာ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အောင်မြင် တာနိုင်ငံတ ကာဆက်ဆံရေးများ သိသိသာသာတိုးတက်  ကောင်းမွန်လာတာ၊ သမ္မတအိုဘားမား ရဲ့ မြန် မာနိုင်ငံခရီးစဉ်တွေဟာ တိုင်းပြည်    အတွက် မင်္ဂလာသတင်းများဖြစ်ပါတယ်။ သို့သော် ရခိုင်ပြည် နယ်မှာ ဇွန်လအတွင်း က ဖြစ်ခဲ့တဲ့ ပြဿနာ၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ဆန္ဒပြသံဃာတော်  တွေကို လိုသည်ထက်ပိုပြီးအားသုံးဖြိုခွဲခဲ့ တာကြောင့် နိုင်ငံတော်အဆင့်လူကြီးတွေ   ကိုယ်ပိုင်တောင်းပန်နေရ တာေ တွ ကချင် ပြည်နယ်မှာ စစ်ပွဲများဖြစ်နေသေးတာ  တွေဟာလည်း ဆက်လက်ဖြေရှင်းကြအုံး မယ့် ကိစ္စတွေဖြစ်နေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံေ တာ် အစိုးရ၊ လွှတ်တော်အဆင့်ဆင့်၊ ပြည်သူရဲ့ သ တင်း  မီဒီယာတွေက အမြစ်ကို ရေလောင်းသူ ရေလောင်း၊ ပင်စည်ကို မထိမခိုက်အောင် ကာကွယ်စောင့်ေ ရှာက် သူစောင့်ရှောက်  အကိုင်းအခက်ဝေအောင်လုပ်သူကလုပ် ကြရင်ဖြင့် မြန်မာ့ဒီမိုကရေစီပင်ပျိုးလေး ရှင်သန်ကြီးထွားလာမှာ အမှန်ဖြစ်ကြောင်း   တင်ပြရင်း ၂၀၁၃ ဟာ မင်္ဂလာနှစ်သစ် ဖြစ်ပါစေလို့ ဆုမွန်ေ ကာင်းတောင်းရင်း ၂၀၁၂ ရဲ့ ထူးခြားဖြစ်စဉ်အချို့ကို ကောက်နှုတ်တင်ပြလိုက်ရကြောင်းပါ။

 www.MyanmarExpress.net

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: