Pages

Saturday, December 22, 2012

“““ KIA ကြောင့် အပြစ်မဲ့ သေဆုံးသွား သူများ အတွက် ဖြေရှင်း ပေးစေလို ”””

ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၄ နာရီလောက်က ကာမိုင်းရဲစခန်းကို KIA မှ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အ တွက် ရဲတစ်ယောက်သေဆုံးခဲ့ပြီး ဘာမှအပြစ်မရှိတဲ့အရပ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာရရာမှ ဒေါ်မေေ မွှး စိန် နဲ့ ၎င်း၏သမီး မတင်မေအောင်တို့ နောက်တစ်နေ့မှာသေဆုံးခဲ့ပါတယ်။ မလှစိန်နုကတော့ ကာမိုင်းေ ဆးရုံမှာအ တွင်းလူနာအဖြစ်ရှိနေပြီး အခုချိန်ထိသေမင်းနဲ့ စစ်ခင်နေရတုန်းပါဘဲ။
 
ကျွန်မကတော့ ဒုရဲအုပ် တင်အောင်ဦးရဲ့ညီမပါ။ ကျွန်မနဲ့အတူ အမေနဲ့ညီမက စစ်တွေမှာအတူတူ နေထိုင်ေ နကြဖြစ်ပါတယ်။ အစ်ကိုနဲ့မတွေ့တာကြာလို့ အမေကတွေ့ချင်တယ်ဆိုပြီး ညီမတင်မေအောင်က စစ်တွေေ ဆးရုံကြီးက အထက်တန်းသူနာပြုဖြစ်တဲ့ အတွက်ဆေးရုံမှ ခွင့်တစ်လယူပြီး ရဲစခန်းမတိုက်ခံရခင် ၁၀ ရက်လောက်မှသွားရောက် ပို့ဆောင်ပေးခဲ့ပါတယ်။ အခုတော့ သားကိုတွေ့ချင်တဲ့ အမေလည်းသေ ညီမလည်းသေ ယောင်းမလဲဆေးရုံမှာ သေမလားရှင်မလားမသိရပါဘူး။ အခုလိုလုံခြုံမှုမရှိတဲ့အတွက် အမေနဲ့ညီမရဲ့ အသုဘကို ဘယ်သူမှာမသွားရဲကြပါဘူး။ အသုဘကိုမိသားစုမရှိဘဲ ပြုလုပ်ခဲ့ရပါတယ်။

KIA ကစစ်တပ်ကိုတိုက်ချင်တိုက်ပါ၊ ရဲနဲ့စစ်တပ်နဲ့ဘာမှမဆိုင်ပါဘူး။ ရဲတွေကလည်း သူတို့ကို ဘာမှ သွားမလုပ်ပါဘူး။ ရဲစခန်းမှာရဲကလည်း ၁၇ ယောက်ဘဲရှိတာပါ။ အဲဒါကို သူတို့က အင်အား ၈၀ ကျော်ေ လာက်နဲ့ လက်နက်ကြီးတွေနဲ့သုံးပြီး ပစ်ခတ်ပြီးတိုက်တာဘဲ။ ရဲစခန်းထဲမှာက ရဲမိသားစုတွေအပြင် အခြား မိသားစုဝင်တွေ လည်းနေထိုင်နေကြပါတယ်။ စစ်တပ်တွေကိုမတိုက်ဘဲနဲ့ အပြစ်မရှိတဲ့သူတွေကို ဘာဖြစ် လို့ရက်ရက်စက်စက် သတ်ရတာလဲ။ သူတို့ဘာသာ ကချင်ပြည်နယ်အတွက် လုပ်နေတယ်ဆိုပြီး ဘာဖြစ် လို့ ပြည်သူတွေကို ဒုက္ခပေး ရတာလဲ။ အဲဒီဟာတွေကို တာဝန်ရှိသူတွေက ဒီလိုဘဲကြည့်နေ ကြတော့မှာ လား၊ သေဆုံးတဲ့ကျွန်မရဲ့ညီမနဲ့ အမေအတွက်ဘာမှမလုပ်ပေးကြတော့ဘူးလား။

ကေအိုင်အေတွေကို ဒီထက်ဆက်ထားနေမယ်ဆိုရင် ပြည်သူတွေကို ဆက်ပြီးဒုက္ခပေး သတ်ဖြတ် နေ အုံးမှာဘဲ။ အဲဒီလိုအကြောင်းမဲ့သတ်ဖြတ်နေမှုတွေကို တာဝန်ရှိတဲ့သူတွေက လက်ပိုက်ကြည့် နေတော့ မှာလား။ မဆုံးမ တော့ဘူးလား။ အဲဒီလိုလုပ်လိုက်တဲ့အတွက် နိုင်ငံတော်မှအထက်တန်းသူနာပြု တစ်ဦး ဆုံးရှုံး သွားတာတောင် ဒီအတိုင်းကြည့်နေ ကြတော့မှာလား။ ဘယ်လောက်တောင် ထပ်ပြီးတော့ အပြစ် မဲ့ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေ ကိုဆုံးရှုံးခံအုံးမှာလဲ။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအတွက် ဖြေရှင်းေ ပးစေလိုပါတယ်လို့ မိသားစုဝင်တစ်ဦးအနေနဲ့ပြောပါရစေ။
                                                                                              
မိသားစုဝင်တစ်ဦး

မောင်ကျောက်ခဲ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIA ကြောင့် အပြစ်မဲ့ သေဆုံးသွား သူများ အတွက် ဖြေရှင်း ပေးစေလို ”””

Labels:
 
0 comments: