Pages

Sunday, December 2, 2012

“““ ရဟန်းတော်တွေ လဲ နိုင်ငံရေး လုပ်ခွင့်၊ ဆန္ဒပြခွင့် ရှိပါတယ် .... ဒါပေမဲ့ ”””

ရဟန်းတွေ နိုင်ငံရေးလုပ်ခွင့်မရှိဘူး ရှိတယ်ဆိုပီး ငြင်းနေကြာတာနဲ့ ပါတ်သက်လို့ပါ.... လုပ်ခွင့်ရှိတယ် ဆို တဲ့လူကလည်း သာသနာ့ အာဇာနည် ဆရာတော် ဦးဥတ္တမတို့ ဦးဝိစာရတို့ကို ထုတ်ပြကြတယ်။ မကျေ လည် ရင် ဒီဆြတော်တွေပါ သွားပြောပေါ့.... ဟုတ်ပါတယ် ကောင်းပါတယ်... ဒါပေမဲ့ ကြည့်လုပ်ကြပါဦး ဆ ရာတို့ရယ်... ကိုယ်မြှောက်ပေးတဲ့ ဇာတ်က ဒီတစ်ဇာတ်ထဲမဟုတ်ဘူးဆိုတာ မမေ့စေချင်ဘူး .... နော က် တစ်ခုက နိဗ္ဗာန်တံခါး ခုချက်ခြင်း ဖွင့်၊ သောတပန်အဆင့် ခုချက်ခြင်းပေး ဆိုသလိုဖြစ်နေသ လား လို့. ..... 

ရဟန်းတွေလဲ ပုထုဇဉ်ပဲ လုပ်ချင်ရာလုပ်ပိုင်ခွင့်ရှိတယ် ဆိုပီး ဇောင်းပေးလုပ်ချလာမှဖြင့် ခက်ကုန်ရော့မယ်။ မလုပ်နဲ့လို့လည်း သွားတားလို့မရ အရင်တုန်းက ဒေ၀ဒတ်ကဘယ်သို့ ဘယ်ချမ်းသာ၊ ဦးလာဘကဖြင့် ဘယ်လိုပုံ လူတွေသတ်စားခဲ့တာနဲ့ သူတို့လည်း ဥပမာ ဥပမေးယျတွေနဲ့ ကိုင်ထုတ်လာမယ်ဗျ နော်။ ဟုတ်ပါတယ် နောက်ခံအခြေအနေ ဖြစ်ပျက်ပုံအနေအထား မတူပါဘူး။ ဒါပေမဲ့ ဆွဲဆက်ပီး ရောေ ထွးတတ် တာ ကျုပ်တို့လူမျိုး ၀ါသနာတွေလေဗျာ။ ရှိပါသေးတယ် ရဟန်းအခြင်းခြင်း မနာလိုစိတ်တွေနဲ့ တိုက်ခိုက် ခဲ့ လို့ သက္ကတာဂါမ်အဆင့်ကနေ မတက်နိုင်လို့ မာန်ချ ရှိခိုးခဲ့ရတာတွေ။ ကိုယ်တွေက ကောင်းတာကို လက်ညှိုးထိုးပေမဲ့ မကောင်းတာကို ဥပမာ ယူကုန်ကြမှာကိုလည်း မမေ့အပ်ဘူးဗျ။ ကိုယ်မြှောက်ပေးနေ တာ ထောက်ခံနေ တာဟာ လမ်းလွဲမသွားဖို့လည်း လိုတယ်ဗျ။

နောက်တစ်ခုက အခုဆန္ဒပြတဲ့ ရဟန်းတော်တွေကို မျက်စိမှိတ်ထောက်ခံဖို့ တိုက်တွန်းနေတဲ့ ပုဂ္ဂိုလ်များ ကိုလည်း ပြောချင်တာက အခု ဆရာတော်တွေ ဟောနေတဲ့ ငြိမ်းချမ်းရေး တရားတော်မှာ စစ်သားတွေ၊ ရဲသားတွေကိုပဲ ဟောပြောနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို စိုးစဉ်းမျှ ဖြောင်းဖြခြင်းမတွေ့သေး တာကို ထောက်ပြပေးစေချင်တယ်။ အဲ့ဒိတော့ ကိုယ်တော်တို့ကို တစ်ခုတောင်းဆိုချင်တယ်ဘု ရာ့... . .  ကေအိုင်အေတို့ကိုလည်း ငြိမ်းချမ်းရေး တရားသွားဟောပေးပါလို့.... စစ်ဘီလူးတွေတောင် နားချဖို့ ကြိုးစားရင် စစ်ဘီလူးမဟုတ်တဲ့ သူတို့ကိုလည်း တရားဟောပေးပါဦး.... စစ်ဆိုတာ နှစ်ဖက်ရပ်မှ အပစ်ရပ် တာလေ... တစ်ဖက်တည်း ရပ်လို့မှ မရတာ.... မြတ်စွာဘုရားလက်ထက် ကတောင် ဆွေမျိုးေ တာ်ေ တွ ဖြစ် မဲ့ စစ်မက်ကို နှစ်ဖက်စလုံးကို မီးမိုး ရေမိုးရွာပီး တန်းခိုး ပြဋိဟာ ပြ အကျွတ်တရား ဟောသေး တယ်ေ လ......

ဒီနေရာမှာ သာသနာ့ အာဇာနည်ဆိုတဲ့ စကားနဲ့ ပါတ်သက်လို့ ပြောပါရစေဦး။ မြန်မာနိုင်ငံမှာ ရဟန္တာ ပု ဂ္ဂိုလ်ထူးတွေ တစ်ပုံတစ်ပင်ရှိပါ့။ ဒါပေမဲ့ သာသနာ့အာဇာနည်မဖြစ်ခဲ့ဘူးဗျ။ သာသနာတော်ပြန့်ပွားအောင်၊ သာသနာတော်သိက္ခာ မညှိုးနွမ်းအောင်၊ သာသနာတော် အစော်ကားမခံရအောင် စွမ်းစွမ်းတမံ ကြိုးစားေ စာင့်ရှောက်ကြတဲ့ ဆရာတော်မျိုးကို သာသနာ့အာဇာနည်လို့ ခေါ်တယ်ဗျ။ ဥပမာအနေနဲ့ ပေးရရင် မင်း ကွန်း ဆရာတော် ဘုရားကြီး၊ မိုးကုတ်ဆရာတော် ဘုရားကြီး၊ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တို့ ကို သာသနာ့ အာဇာနည်လို့ ခေါ်ဆိုသဗျ။ ရဟန်းတော်ဘ၀ကနေ လူပုဂ္ဂိုလ်တွေရဲ့ အလုပ်ကို လုပ်တဲ့ဆ ရာတော် တွေကို အာဇာနည်အရှင်သူမြတ်များလို့ ခေါ်တယ်ဗျ။ လောကီ အာဇာနည်နဲ့ လောကုတ္တရာ အာ ဇာနည်ကို ရောထွေးလို့မရဘူးနော်။

ဝိနည်းဆိုတာလည်း ရဟန်းတော်မှာ အများကြီးရှိတယ်။ သာသနာ့ဝန်ကို ထမ်းမှာဖြစ်တဲ့အတွက် အများသူ ငါ လောကီလူသားတွေလို နေခြင်သလို နေလို့မရအောင်၊ ကိုယ့်ကြောင့်၊ ကိုယ်ရုံထားတဲ့ သင်္ကန်းအရှိန်ေ ကြာင့် စော်ကားမိတဲ့ သူတွေအပြစ်မဖြစ်အောင်၊ အကြည်ညိုမပျက်အောင်၊ သ့ဃာ့ ဂိုဏ်းကွဲ၊ သင်းကွဲ မဖြစ်ရလေအောင်၊ ကုန်ကုန်ပြောရရင် သံဃာအဖွဲ့အစည်း မပျက်စီးရလေအောင် မြတ်စွာဘုရား က ရေ ရှည်အကျိုးကို မျှော်ကိုးပြီး ချမှတ်ခဲ့တာပါ။ ရှေးယခင် ဘုရားအစဉ်အဆက်တောင် ဂေါတ မ မြတ်စွာဘု ရားလောက် သံဃာထုအပေါ်မှ ၀ိနည်းစည်းကမ်းတွေ ချမှတ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် အခြားသော အေ နာက်တိုင်း ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော်ချီးကျူးရတာကတော့ ရဟန်းကြီး ဂေါတမဟာ လက်နက် ကိ ရိယာ တန်ဆာပလာ တစ်ခုမှ မပါပဲနဲ့ ယောက်ျားသားတွေကြီးရှိတဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းကို အုပ်ချုပ် သွားတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ ဒီ ၀ိနည်းဆိုတဲ့စည်းကမ်းနဲ့ သိက္ခာပုဒ် အသွယ်သွယ်ေ တွေ ကြာင့်ပါပဲ။

ဒီနေရာမှာ ရဟန်းတွေဟာ စောင့်နိုင်သမျှ ၀ိနည်းကို စောင့်ထိမ်းချင်း၊ ကျင့်ကြံနိုင်တဲ့ ဓုတင်ကို ဆောင်ခြင်း ဟာ ရဟန်းကောင်း ရဟန်းမြတ်တို့ရဲ့ ကျင့်ကြံနိုင်မှု ဖြစ်ပါတယ်။ မကျင့်ကြံလို့လည်း ဘာမှတော့ မဖြစ်ပါ ဘူး။ သို့သော် ၀ိနည်းဆိုတာ စောင့်ထိမ်းရမယ်မှန်း သိရဲ့သားနဲ့ ချိုးဖောက်ရင် သာသနာ့ဝန်ထမ်းလို့ မ မည်ပါဘူး။ ကျွန်တော် ပဇ္ဇင်းတက်တုန်းက ၀ိနည်းတွေ လေ့လာနေတုန်းက မသိတာတွေ ဆရာတော်ကြီး ကိုမေးလို့ ဆရာတော်ကြီးရှင်းပြဘူးတယ်။ ငါ့တို့ ကျောင်းထိုင်ဆြတော်ကြီးက ပြောတယ် ဒီပဇ္ဇင်း ၀ိ နည်းတွေ မေးလာရင် အကြောင်းထူး တစ်ခုခုတော့ ရှိပီကွ၊ ၀ိနည်းမေးတဲ့ ပဇ္ဇင်းဟာ ထွက်နည်း နှစ်နည်းပဲ ရှိတယ်။ လူထွက်ရင်ထွက် မထွက်ရင် တောထွက်တဲ့။ ဘာလို့လည်းဆိုတော့ ကျင့်ကြံဖို့ရာ အဲ့လော က် ခက် ခဲတယ် ဆိုတဲ့အတွက်ပါ။ သို့ဖြစ်တဲ့အတွက် ၀ိနည်းကို သာသနာ့ဝန်ကိုထမ်းကြတဲ့ ရဟန်းတော်များ ဟာ နိုင်သလောက်ကို ထမ်းကြပါတယ်။ တကယ့်ကို ရဟန်းအကျင့်ကို ကျင့်ကြံတဲ့ ဆြတော်တွေဟာ လူ ပရိတ်သတ်များပြားစွာ ဖူးမြှော်ခြင်း၊ လာဘ်လာဘ ပေါများခြင်းကို ရဟန်းစခန်းစဉ် ပေါက်မြောက်ရန်အား ထုတ် မှုမှာ မာန်နတ်ရဲ့ အနှောင့်အယှက်တွေလို့ သတ်မှတ်ပါတယ်။ (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများမှာကြည့် ပါ။)

သာမာန်ပုထုဇဉ် လူပုဂ္ဂိုလ်ဟာ အပြစ်တစ်ခုကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ရင် ဘယ်လိုသတ်မှတ် ကြ သလဲ။ ဒီလိုဆိုရင် မြင့်မြတ်တဲ့ သာသနာ့နွယ်ဝင် ရဟန်းတော်တစ်ပါးဟာ ၀ိနည်းသိက္ခာပုဒ်တွေကို သိ သိကြီးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်တယ်ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ။  ဒီနေရာမှာ သာသနာတော် ညှိုးနွမ်း မှာကို စောင့်ထိမ်းကာကွယ် စောင့်ရှောက်တဲ့ ရဟန်းတော်များဟာလည်း သာသနာ့အာဇာနည်ဆို တာကို မမေ့သင့်ပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တယ် လုပ်သင့်တယ် ဆိုတာ အငြင်းမ ပွား လိုပါဘူး။ လုပ်လည်းဖြစ်တယ် မလုပ်လည်းဖြစ်တယ်။ သို့သော် ကိုယ့်လိပ်ပြာကိုယ် လုံရပါမယ်၊ သ င်္ကန်းအရေခြုံပြီး ခုတုံးလုပ်စားတာတွေ များလာမှာကို မလိုလားပါဘူး။ (အခုလက်ရှိ သင်္ကန်းကြီး တကား ကားနဲ့ ဘောပွဲကြည့် လက္ဘရည်ဆိုင်ထိုင်၊ အရက်သောက်၊ မိန်းမလိုက်စား ပါရဇိကကံကြနေသော်လည်း သင်္ကန်းတန်းခိုးနဲ့ မိုက်လုံးကြီးနေတဲ့ ရဟန်းမဟုတ်တော့သော လူများလည်းပါဝင်ပါတယ်)။ ရဟန်းအလုပ် ရဟန်းလုပ်ပြီး လူအလုပ် လူလုပ်တာ ပိုကောင်းပါတယ်။ လူကနေ ရဟန်းအလုပ်လုပ်လို့ ဓမ္မာစရိယာ ဘွဲ့ရအဖြစ်က ထုတ်ပယ်လိုက်ရတာတွေ မမေ့သင့်ပါဘူး။ (ကြုံလို့ အဲ့ဒိဓမ္မာစရိယာရဲ့ တပည့် သားသ မီး မြေးမြစ်တွေဟာ ထေရ၀ါဒနဲ့ မဟာယန ကြား ဗုဒ္ဓဘာသာတစ်ခုကို ထူထောင်ဖို့ လုပ်နေတယ် ဆိုတာေ လး ပြောလိုက်ပါရစေ။ ၂၀၀၇ သံဃာအရေးအခင်းကြောင့် တရားဟောခွင့် ပိတ်ခံထားရပါတယ် လို့ ကြွေးေ ကျာ်ေ နတဲ့ နာမည်ကြီး ဆရာတော်တစ်ပါးပါ အပါအ၀င်ပါ။) အဲ့ဒိတော့ ရဟန်းက လူအလုပ် လုပ်တာကို မကန့်ကွက်ပါဘူး ဒါပေမဲ့ လှေနံနှစ်ဖက် နင်းလို့မရသလိုပဲ ရဟန်းက လူအလုပ် လုပ်လာရင် ရဟန်းလို ကိုးကွယ်ခံထိုက် မခံထိုက်ဆိုတာကိုတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုခဲ့ရင် ရဟန်းတော်ဆိုတဲ့ အခွင့်အရေးလုံးဝ ယူလို့မရတော့ဘူးဆိုတာ သိအောင်လို့တော့ ရှင်းပြလိုက်ပါတယ်။

ဒီမိုကရေစီ၏ အနှစ်သာရသည် သူတစ်ပါးအား ထိခိုက်ခြင်းအလျင်းမရှိပဲ မိမိ၏ သဘောထားအား ထုတ်ေ ဖ်ာပြောဆိုနိုင်သည် ဆိုတာပါတဲ့အတွက် ကျွန်တော့အယူအဆကို ရှင်းပြပါတယ်။ လွတ်လပ်စွာ သဘော ထား ကွဲလွဲနိုင်ပါတယ်၊ အကျိုးသင့်အကြောင်းသင့် ဝေဖန်နိုင်ကြပါတယ်။ ငါ့အယူမထောက်ခံလို့ ရန်သူ ဆို တာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်လည်း အာဏာရှင်စာရင်းဝင်သွားပီဆိုတာ မမေ့လိုက်ပါနဲ့၊ ကျေး ဇူး တင် ပါတယ်။

 As the Buddha said, according to the canonical scriptures

Now, Kalamas, don't go by reports, by legends, by traditions, by scripture, by logical conjecture, by inference, by analogies, by agreement through pondering views, by probability, or by the thought, 'This contemplative is our teacher.' When you know for yourselves that, 'These qualities are skillful; these qualities are blameless; these qualities are praised by the wise; these qualities, when adopted & carried out, lead to welfare & to happiness' — then you should enter & remain in them.

James Mint

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: