၈၈ မျိုးဆက်ဆိုတာ..မဆလ ခေတ်မှာ ဖိနှိပ်ခံကျောင်းသားတွေရဲ့ ရုန်းထွက်တဲ့သမိုင်းခြေရာတွေဖြစ် ခဲ့ တာ အ မှန်ပါ..သူတို့တွေကြော င့်လည်း..မဆလ တစ်ပါတီစနစ် ပျက်သုန်းခဲ့ရတာကို ဘယ်သူမှမငြင်းနိုင် ပါ ဘူး။ ပြောရရင်တော့ ၈၈ ကျောင်းသားများဆိုတာ ခံယူချက်၊ ယုံကြည်ချက်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပ ညာဆုံးခန်းတိုင်မသင်ခဲ့ရဘူး။ ဘ၀ရဲ့အချိန်အများစု ထောင်ထဲမှာ ဖြတ်သန်းခဲ့ ရတယ်။ ဒါကြောင့် တွေးေ ခါ်ေ မျှာ်မြင် မှု အားနည်းတယ်။ မိမိကျွမ်းကျင်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အစိုးရရဲ့အားနည်းချက်ကို ရွာေ ဖြေ ဖ်ာထုတ်တွန်းလှန်တဲ့လုပ်ငန်းနဲ့ အဲဒီလုပ်ငန်းအတွက် အထောက် အကူပြုတဲ့ အမြင်နဲ့ပဲ မြင်တတ်တွေး တတ်တယ်။
88 ( သို့ ) ကန့်လန့်တိုက်နေသော ဂဏန်း လူသားများ
ဒါကြောင့် စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ပြောင်းသွားတာကိုမသိဘဲနဲ့ ဘယ်နားမှာ ဆူဆူ ပူပူဖြ စ်ေ န ပြီလဲ။ ၈၈ တို့ရောက်နေပြီ။ ဟိုနားမှာစုရုံးစုရုံးဖြစ်နေပြီ။ ၈၈ တို့ဦးဆောင်ပြီ။ ဒ်ီနားမှာလှုပ်ရွလှုပ်ရွဖြစ်ေ နပြီ ။ ၈၈ တို့ ဆွနေပြီ။ အမှန်တော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်မှု တွေက တိုင်းပြ ည် အ တွက် အားဖြစ်နိုင်ရင် အရမ်းတန်ဘိုးရှိပါတယ်။ ဒါပေမဲ့ ပညာနဲ့ အတွေ့အကြုံနည်းပါးပြီး မိမိလုပ်ရပ်အပေါ် အရမ်းအထင်ကြီး လွန်းရင် ဖျက်မြင်းဖြစ်သွားမှာကို သတိပြုပါ။ လောကမှာ အပြုလုပ်ငန်းက ခက်ခဲပြီး အ ဖျက်လုပ်ငန်းက လွယ်ပါတယ်။ ခိုင်မာတဲ့အဆောက်အအုံကြီးတစ်ခု၊ ကြီးမားတဲ့တံတားကြီး တစ်စင်းဖြစ် ဖို့ ဆိုတာ အချိန်တွေ၊ အင်အားတွေ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးပေးဆပ်ပြီးမှ ရနိုင်ပေမဲ့ ဖျက်ချင်ရင် ယမ်း ထုပ် ပေါင်ဂဏန်းလောက်နဲ့ဖျက်လိုက်လို့ရပါတယ်။
ဒါကို မင်းတို့ဒီလောက်လုပ်ထားတာ ငါတစ်ချက်ပဲဖျက်နိုင်တယ်ဆိုရ င်တော့ အောက်တန်း ကျတဲ့ အတွေး အခေါ်၊ အဆင့်နိမ့်ပါးတဲ့ လူရိုင်းအသိဥာဏ်ရှိတဲ့လူလို့ပဲ ပြောရမှာပါ။ နောက်ပြီး တိုင်းပြည်တိုးတက်ဖို့ဆိုတာ မူလရှေးရိုးလက်ဟောင်းတွေထဲက အချို့ကို တွန်းလှန်ရမယ်။ ပြုပြင်ပြောင်းလဲ ရမယ်ဖြစ်ပါတယ်။ အနော် ရ ထာမင်းလက်ထက်မှာ အရည်းကြီးသာသနာကို တွန်းလှန်ဖြိုခွဲခဲ့လို့ ဒီကနေ့ ဗုဒ္ဓဘုရားကိုမြ င်တွေ့နေ ရ တာပါ။ အဲဒီခေတ်က သေတဲ့လူမှန်သမျှနတ်ဖြစ်ကုန်ပြီး နတ်တွေများလွန်းလို့ နတ်လှောင် ကျောင်းထဲမှာ သံ ကြိုးတုတ်ပြီးချုပ်နှောင်ခဲ့လို့ အခု အတွင်း ၃၇ မင်းနဲ့ အပြင် ၃၇ မင်းလောက်ပဲကျန်ခဲ့တာပါ။ ဒါတွေဟာေ တ်ာလှန်လို့ အတွေးသစ်အမြင်သစ်နဲ့ ဆန့်ကျင်ခဲ့လို့ ဒီလိုဖြစ်လာတာပါ။
အခု မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိအမှတ်ပြုရတဲ့အထိ လျင်မြန်သောနှုန်းထားနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ပြောင်းလဲနေပါတယ်။ ဒီနေရာမှာ မဲပြာပုဆိုးဇာတ်လမ်းနဲ့ အစိုးရရဲ့အားနည်းချက်တွေ ပဲေ ထာက်ပြပြီး ခေါင်းဆောင် နေရာနေချင်ရင်တော့ ၈၈ မျိုးဆက်တွေရဲ့ မူလရည်မှန်းချက်ခံယူချက်တွေ နဲ့ သွေဖီကုန်မှာပါ။ တိုးတက်ဖို့ဆိုတဲ့နေရာမှာ တဲကုတ်မှာပဲနေ၊ ထင်းနဲ့မီးမွှေး၊ သစ်ခေါက်တွေနဲ့ ချည် ထည် လုပ်ပြီး ရှိတဲ့အရင်းအမြစ်တွေကို ထိုင်ကြည့်နေမလား၊ ခုတ်သင့်တာခုတ်၊ တူးသင့်တာတူးပြီး ဘ၀တန် ဖိုးမြှင့် တင်မလား။ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတတ်ဖို့လိုပါမယ်။ ဒီမှာပြောစရာရှိပါတယ်။
ဒီလိုအတွက်ထိခိုက်နစ်နာမှုတွေကိုဒီအတိုင်းခံနေရမှာလား ဆိုပြီး ပြည်သူအကျိုးကြည့်သလိုလိုနဲ့ အမှတ် ၀င်ယူတဲ့မေးခွန်းတွေရှိပါတယ်။ သားသမီးတွေကို တိုးတက်စေချင်ရင် နေရာတကာ အလိုလိုက် လို့မရပါ ဘူး၊ တစ်ခါတစ်ရံမှာ ရိုက်နှက်ဆုံးမရမှာပါပဲ။ ဒါဟာ ကောင်းစေချင်လို့ပါ။ ခုနကပြောခဲ့သလိုပဲ ၈၈ တွေရဲ့ အားဟာ တိုင်းပြည်ရဲ့အားပါဘဲ။ ဒီအားကို ဆန့်ကျင်ဖက် မှာပဲ အသုံးချနေမှာလား၊ အသုံးချတတ် သလား ။ ပြော ချင်တဲ့အဓိကအကြောင်းရင်းကတော့ လက်ပန်းတောင်းတောင် စီမံကိန်းပြသနာမှာ ဦးဆောင် တယ် ။ ကော်မရှင်ဖွဲ့ပေးဖို့တောင်း ဆိုတယ်။ ဒါအစိုးရကို အတိုက်အခံလုပ်တဲ့ အဖျက်သဘောပေါ့။ ကဲ .. အ ခု နို င်ငံတော်က ၈၈ တွေကို ကော်မရှင် အဖွဲ့ထဲမှာ တာဝန်ပေးတယ်။ ဒီအရာက ပြည်သူတွေ အတွက်ပဲေ လ။
ရှင်းရှင်းလင်းလင်းသိရရင် ပြည်သူတွေအတွက် ရှင်းရှင်းလင်းလင်း ကောင်းရင်ကောင်းတယ်၊ ဆိုးရင်ဆိုး တ ယ်ပြောလို့ရတာပေါ့။ ဒါက အပြုသဘောပေါ့။ ၈၈ မျိုးဆက်များ နဖူးပေါ် လက်တင်ပြီးစဉ်းစား ပါ။ မြန် မာပြည် ဟာ တစ်ပါတီစနစ်မဟုတ်တော့ဘူး။ အာဏာနဲ့အုပ်ချုပ်တဲ့စစ်အစိုးရမဟုတ်တော့ဘူး။ သမ္မ တ လက် မှတ်မထိုးလဲ ဥပဒေက အတည်ဖြစ်နိုင်တဲ့ခေတ်ကိုရောက်နေပြီ။ ဘာဖြစ်လို့ ဂဏန်းလို ကန့်လန့်ပဲ သွားချင်ရတာလဲ။ ကိုယ့်ဘ၀ရဲ့အတွေ့အကြုံအရ၊ ကျွမ်းကျင်မှုအရ ဘေးတိုက်ပဲသွားနေတတ်ရင်တောင်မှ အခုလိုအခြေအနေမှာ မိမိကိုယ်ကို ဘေးစောင်းနေပြီး သူများနဲ့ဘာလို့မလိုက်ချင်ရတာလဲ။
ဒီလိုကန့်လန့်တွေက တိုင်းပြည်အတွက် ဆူးညှောင့်ခလုတ်၊ တိုးတက်မှုအတွက် အနှောင့်အယှက်ဆိုတာ သိရဲ့လား၊ မြန်မာပြည်မှာ လူပေါင်း သန်း၆၀ ရှိတယ်။ သန်း ၅၀ တိုးတက်ဖို့ ၁၀သန်းရဲ့ကန့်ကွက်မှုကို တား ဆီးမှုကို ရှင်းလင်းကျော်ဖြတ်မသင့်ဘူးလား။ ဒီလို အကျိုးရှိမရှိ ကော်မရှင်ထဲဝင်ပါပြီး အညင်သာဆုံးနည်း လမ်းနဲ့ မဖြေရှင်းသင့်ဘူးလား။ မြန်မာပြည်သူတွေ ဒီမိုကရေစီ အတွေ့အကြုံမရှိသေးဘူး။ ဆန္ဒပြလို့ရမှန်း သိ လာတော့ အလကားနေရင်း ဆန္ဒြပချင်တယ်။ လူနည်းနည်းများလာရင် ထင်ပေါ်ချင်လာတယ်။ ဒါတွေ ဟာ နောင်ကျရင် ရှက်စရာဆိုတာ အလိုလိုသိလာပါလိမ့်မယ်။ ဒီလို အုတ်ရောရောကျောက်ရောရောမှာ ဆရာကြီးလုပ်ချင်တဲ့စိတ်ကို ဖျောက်ပြီး တိုင်းပြည်တိုးတက်ဖို့ဝိုင်းဝန်းဆောင်ရွက်ပါ၊ မသိနားမလည်လို့ ထ ကြွနေတာကို ထပ်ဖွမနေပါနဲ့။
အမှန်ကိုမြင်အောင်ကြည့်ပြီး ခံစားနေရတဲ့ပြည်သူတွေကျေလည်လာအောင်၊ ယုံကြည်လာအောင် အခြေ အေ န မှန်ကိုလေ့လာပြီး ရှင်းပြသင့်ပါတယ်။ လေ့လာလို့မှ တိုင်းပြည်နဲ့ပြည်သူတွေအတွက် အကျိုး အမြတ် မရှိရင်လဲ ပြတ်ပြတ်သားသားဖော်ထုတ်ပြီး ဆန့်ကျင်ကြရမှာပေါ့။ ခုတော့ ကော်မရှင်ဖွဲ့ပေး ပါ တောင်း ဆို ပြီး ကော်မရှင်ထဲထဲ့တော့ မ၀င်နိုင်ဘူးလုပ်တယ်။ ဖွတဲ့၊ ဆွတဲ့ ခေတ်ကုန်နေပြီ။ စေ့စေ့စပ်စပ်လေ့လာပြီးမှ တိတိကျကျထောက်ပြဝေဖန်တဲ့ခေတ်ရောက်နေတာ ၈၈ ကျောင်းသားများ သတိထားကြပါ။ အနေမမှန်ရင် ၈၈ ဆိုတာ သမိုင်းမှာနာမည်ပျက်ဖြစ်သွားနိုင်ပါတယ်လို့ပြောလိုက်ချင်ပါတယ်။

Nay Min
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။