Pages

Wednesday, December 19, 2012

“““ ဆန္ဒပြသူများ သတိထား ကြပါ ”””

ဆန္ဒပြသူများ မည်သို့ပင် ကျေနပ်အောင် လုပ်စေကာမူ ဆိုတာလေး ကျွန်တော်ရေးခဲ့တုန်းက ၀ိုင်းပီး ဆွမ်းကြီးလောင်းတာ မှတ်မိပါသေးတယ်...... ဟော အခုတော့ တဖြည်းဖြည်း အသံတွေ ထွက်လာ ပီ...... ဒေါ်စုကိုတောင် ရာဇသံပေးလာတယ် ဆိုရမယ်..... လိုချင်တဲ့ အဖြေမထွက်လို့ကတော့ စုံစမ်းရေး ကော်မရှင်သော ဘာသော နားမလည်ဘူး ဆန္ဒပြမယ် ဆိုတာတွေ တွေ့လာရတယ်...... တစ်ချို့ကလည်း တစ်သီးပုဂ္ဂလ ဆန္ဒပြမယ် ဆိုကြတယ်..... အချို့သော သံဃာတွေက လည်း တောင်းပန် တာကို မကျေနပ်ဘူးလို့ ဆိုကြပြန်တယ်....

ဒါဖြင့် လမ်းပေါ်မှာ ဆန္ဒပြတာတွေနဲ့ ပါတ်သက်လို့ ကြည့်ကြည့်ရအောင်..... အွန်လိုင်းပေါ်က လူတွေက ဓါတ်ပုံတွေကြည့်၊ အမြင်နဲ့ဝေဖန်၊ တစ်ချို့က အစိုးရကို မကျေနပ်အခံ၊ တစ်ချို့ကတော့ နာမည်ကြီး ချင်တဲ့ မွေးရာပါ ဖီဇလေးတွေနဲ့ သာသာထိုးထိုးလေး အစိုးရကို ဝေဖန်လေတော့ လူကြိုက်များလာအောင် လုပ်နိုင်တယ် ဆိုရမယ်....... အွန်လိုင်းက လေကန်ရေးလေး လုပ်ပီး အစိုးရဖမ်းမှာကြောက်လို့ လဖူဂျီ ခံသွားတဲ့ ဇာတ်ညွှန်းရေးနေကြ ဒါရိုက်တာကလည်း ထုံးစံအတိုင်း အစိုးရ ဆန့်ကျင်ရေး ဇာတ်ညွှန်းလေး သာသာထိုးထိုးရေးလို့ ယုတ္တိတန်သည် မတန်သည်ထက် လူ ဖတ်ကောင်းအောင် ရေးရင်း မီးစာ ကို မြှင့်ပေးတယ်.....

ဒါပေမယ့် တကယ့်ကို ဆန္ဒပြနေသူတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့နေရတဲ့ ဂျာနယ်လစ်များ၊ ဓါတ်ပုံ ဆရာများထဲက ဘာပြောလာလဲ လေ့လာကြည့်တော့...... ‘‘နည်း နည်းတော့ ထူးဆန်းတယ်ဗျာ ဆန္ဒပြ မှုတော်တော် များ များပါဝင်လှုပ်ရှားတဲ့ လူသုံးလေးဦး ဒီထက် လည်းပိုနိုင်တယ် ။ နောက်အဖွဲ့အချို့ရယ်ပေါ့ အဲဒီ လူတွေက ကျွန်တော်ကြုံရတဲ့ ဆန္ဒပြမှုတွေတိုင်း လိုလိုမှာ တွေ့ရတယ်။ ဒါပေမဲ့ မတွေ့မိတာက တော့ အလုပ်သမားတွေ လုပ်ခလစာအတွက် သူ တို့ စားဝတ်နေရေးအတွက် ဆန္ဒပြမှုတွေမှာ ခုန ကျွန်တော် ဆိုလိုချင်တဲ့လူတွေကို တစ်ခါမှ တစ် ယောက်မှ ဝင်ပြီး အားဖြည့်တိုက်ပွဲဝင်ပေးတာ မတွေ့ရဖူးဘူး” ဆိုတဲ့ စကားလေးပဲ.....

ဟိုနေ့က တစ်ယောက်ပြောသွားတဲ့ ဗီနိုင်းတွေ ကိုယ့်ဟာကိုယ် ရိုက်နေရရင် မွဲသွားလိမ့်မယ်.... အဲ့ဒါကြောင့် ရိုက်ပီးသားတွေ အိပ်နဲ့လာပေးတာ ကိုင်ပီး တစ်ရက်စာအတွက် ဆန္ဒပြလိုက်တယ်၊ ညနေ ပြန်လာသိမ်းသွားကြတယ် ဆိုတဲ့စာသားလေးလည်း ပြန်မြင်ယောင်လာမိတယ်.... ဒီတော့ ဘယ်သူ မှန်တယ် မှားတယ် ဆိုတာထက် ကိုယ့်ဦးနှောက်ကလေးနဲ့ ကိုယ်ချင့်ချိန်သုံးရင်း စဉ်းစားကြပါလို့ပဲ တိုက်တွန်းပါတယ်ဗျာ..... ကိုယ့်တိုင်းပြည်ကို အေးအေးချမ်းချမ်း မြင်ချင်လှပီ..... ထစ်ခနဲရှိ ဆန္ဒပြနေ ကြရင် တကယ်လိုအပ်ချိန်မှာ မင်းတို့ ဆန္ဒပြလည်း မောင်ပြ ပဲလို့ မြင်သွားမှာလည်း မဖြစ်စေချင်တော့ ဘူး....

James Mint]

မောင်ကာဠု

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: