Pages

Monday, December 31, 2012

ကေအိုင်အေ အချို့လက်နက်ချ၊ အကြမ်းဖက် ခေါင်းဆောင် စစ်ဝါဒီများ သတိထား

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်က စပြီး  တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အကြောင်းကြားခဲ့သည့် လဂျားယန်ဒေသအား ဒေါ့ဖုန်းယန် အခြေစိုက် တပ်မတော် အမြောက်တပ်မှ နယ်မြေ ရှင်းလင်း ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ထို့အတူ တပ်မတော်(လေ)မှလည်း လဂျားယန် တစ်ဝိုက်မှ ကေအိုင်အေတို့၏ လှုပ်ရှားမှုများအား ကင်းထောက် လှည့်လည်ပြီး ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါတယ်။ လေကြောင်း ပျံသန်းမှုများ ပြုလုပ်ပြီးနောက် ကေအိုင်အေမှ ကြောက်လန့် အမြင်မှန်ရသူ ၆ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။
 
လေယာဉ်သံကြားတာနဲ့ ငါတို့ အဖွဲ့တွေက ထိန်းလို့ မရတော့ဘူး။ အကုန် နောက်ကို ပြန်ဆုတ်ပြေးကြ တယ်။ စခန်းကနေ မဖယ်ရဘူးလို့ အမိန့်ပေးထားပေမယ့် နေလို့ မရဘူး။ နင်တို့ ပစ်တာ တော်တော် ဆိုးတယ် လို့ ပြောခဲ့ကြောင်း ထို ကေအိုင်အေများအား ထိန်းသိမ်းထားသူ ပြည်သူ့စစ်ခေါင်းဆောင်မှ ပြောကြားခဲ့ပါတယ်။
ကေအိုင်အေ များအနေဖြင့် ပြီးခဲ့သည့် နှစ်များကလည်း ရှမ်းပြည်နယ် တာလေထိ ဘက်တွင် စစ်အတင်း တိုက်ခိုင်းသည့် ခေါင်းဆောင်အား ပစ်သတ်ပြီး လူ ၇၀ ခန့် တပ်မတော်သို့ လက်နက်ချ အလင်းဝင်ခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရပါသည်။ လဂျားယန်တွင် အသေခံခိုင်းသည့် ကေအိုင်အေ ဂမ်ရှောင်နှင့် ဂွမ်မော်တို့ကို အောက်ခြေ အဖွဲ့များမှ ဒေါသထွက်လျှက် ရှိပြီး ပစ်သတ်မည်ဟု ပြောသည့်အတွက် ပါးအရိုက်ခံခဲ့ရကြောင်း လက်နက်ချခဲ့သူတစ်ဦးက ပြောပြပါတယ်။ 
 
ကေအိုင်အို ခေါင်းဆောင်များနှင့် ဂမ်ရှောင်၊ဂွမ်မော်တို့ တရုတ်နိုင်ငံအတွင်းမှ တိုက်ပွဲကို စီမံနေကြောင်း၊ ဗိုလ်ချုပ် ဂမ်ရှောင်မှ အတင်းတိုက်ခိုင်းနေခြင်း ဖြစ်ကြောင်း၊ တပ်မတော်မှ လက်နက်ချသူများကို မသတ်ဖူးဟု သေချာသိပါက ကေအိုင်အေ တပ်ဖွဲ့ဝင်များ လက်နက်ချမည် ဖြစ်ကြောင်း ၄င်းမှ ပြောပြခဲ့ပါသည်။
လဂျားယန် တစ်လျှောက်ရှိ ကေအိုင်အေတို့၏ စခန်းများအား မြန်မာ့ တပ်မတော် လေကြောင်းနှင့် အမြောက် တပ်မှ တိုက်စစ်ဆင်လျှက် ရှိပြီး တောင်ကုန်းများ ပေါ်မှ ခံကတုတ်များ ပျက်စီးသွားပြီ ဖြစ်ကြောင်း၊ ထို ကုန်း များ ပေါ်တွင် ကေအိုင်အေ အလောင်းများကို တွေ့နေရကြောင်း အမြောက်စခန်းမှ တစ်ဦးက သတင်းပေးခဲ့ ပါတယ်။ လဂျားယန် တောင်ကုန်းများအား ပစ်အားဖြင့် ထိန်းချုပ်သိမ်းပိုက်ထားပြီ ဖြစ်သော်လည်း ခြေလျင်တပ် များ သိမ်းပိုက်ပြီး ဖြစ်မဖြစ်ကိုမူ မသိရသေးကြောင်း သတင်းပေးပို့သူက ဆိုပါတယ်။
 
မြန်မာ့ တပ်မတော်မှ ပစ်ခတ်နေသော ကျည်များမှာ ပြည်သူများ၏ အခွန်အခများဖြင့် ၀ယ်ထားသော ကျည် များ မဟုတ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်များ ပူးပေါင်း ဆောင်ရွက်မှုအရ လေ့ကျင့်ရေးအဖြစ် အသုံးပြုရန် ပေးထား သည့် ခဲယမ်းများ ဖြစ်ကြောင်း။ ယခု အသုံးပြုနေသော ကျည်များမှာ စင်္ကာပူ တပ်မတော် အတွက် ၀ယ်ထားသော ခဲယမ်းများ ဖြစ်ပြီး၊ ၄င်းတို့နိုင်ငံတွင် ဖျက်ဆီးရန် နေရာမရှိသဖြင့် ကျည်တစ်လုံးလျှင် ၁၄.၅ ဒေါ်လာ ခန့်ပေးကာ မြန်မာ့တပ်မတော်ကို လေ့ကျင့်၊ ဖျက်ဆီး၊ ၀င်ငွေပင် တိုးပွားေ စကြောင်း သိရသည်။
 
ကိုယ်ကျိုးအတွက် ကချင်လူမျိုးများ၏ အသက်သေခိုင်သော ကေအိုင်အေ အကြမ်းဖက် ခေါင်းဆောင်များ သတိထားကြပေတော့။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကေအိုင်အေ အချို့လက်နက်ချ၊ အကြမ်းဖက် ခေါင်းဆောင် စစ်ဝါဒီများ သတိထား

Labels:

0 comments: