Pages

Thursday, December 20, 2012

“““ ညှို့ငင်မှုနောက် မလိုက်လို ”””

၁။ ညှို့မဂ္ဂဇင်းထွက်လာသည်။ မျက်နှာဖုံးတွင် “သတိ၊ အရွယ်မရောက်သေးသူများ မဖတ်ရ” ဟု အ တိ အလင်းပါလာသည်။ လျှပ်တပြက်တွင် အယ်ဒီတာချုပ်နှင့် အင်တာဗျူးပါလာသည်။ ဘာတွေပြောမည် စိတ် မ၀င်စား၍ မဖတ်ပါ။ သို့သော် The Voice ဂျာနယ်ဝယ် ကောက်နှုတ်ချက် အဖြစ်ပါလာသည်။ သူပြောေ သာ စကားထဲတွင် “အနုပညာလောကတွင် မြန်မာ့ယဉ်ကျေးမှု ဟူသော စကားလုံးဖြင့် ကိုင်ပေါက်ခြင်း ခံနေရသည်” (စာချောရန် စကားလုံးအနည်းငယ် ပြန်စီထားသည်မှအပ မူရင်း အဓိပ္ပါယ် မပြောင်းပါ) ဟု ဆိုသည်။ လုံလောက်ပါပြီ။ ထိုအခါ မြန်မာ ပရိသတ် တစ်ဦး အနေဖြင့် ပြောပြချင်သည်များရှိလာသည်။

၂။ မြန်မာ့ယဉ်ကျေးမှု၊ အနောက်တိုင်း ယဉ်ကျေးမှု စသော ပေတံများဖြင့် တိုင်းတာ မပြလိုပါ။ လူသား တစ်ဦး အနေနှင့်သာ လူ့ကျင့်ဝတ်ဆိုင်ရာထောင့်မှ ပြောလိုပါသည်။ ယောကျားပီပီ အမျိုးသမီးများ၏ ကိုယ် ကာယ အလှကို ကြည့်လိုသည်။ တင်းတင်းမို့မို့၊ ဖြောင့်ဖြောင့်စင်းစင်း များကို ရင်ခုန်လိုပါသည်။ သို့သော် အခါခပ်သိမ်း မခုန်လိုပါ။ မိမိ အခန်းတွင်း လုံခြုံရာ အရပ်တွင်သာ ထိုဆန္ဒများဖြင့် မျက်လုံးကို မထိန်းချုပ်ပဲ ကြည့်လိုပါသည်။ မိမိ၏ တူ၊တူမများနှင့် လမ်းလျောက်ချိန်ဝယ် လမ်းဘေး ဆိုင်းဘုတ်ပေါ်မှ ပြသထားသော ထိုစိတ်လှုပ်ရှားဖွယ် အလှကို မကြည့်လိုပါ၊ မိဘ ညီအစ်ကို မောင်နှမများနှင့် ဇာတ်ကားအတူ ထိုင်ကြည့် ချိန် ၀ယ် အသည်းတုန်အူတုန် ဖြစ်စေသော ချစ်မှုရေးရာ ဇာတ်လမ်းဇာတ်ကွက်ကို မျက်နှာပြောင်ပြော င်ဖြင့် မကြည့်လိုပါ။ ထိုမျှမကသေးပါ။

၃။ ထို အယ်ဒီတာချုပ်ပြောသလို မြန်မာနိုင်ငံဝယ် ညစ်ညမ်းမှုနှင့် ပတ်သက်သော ဓာတ်ပုံ၊ စာ စသည် တို့နှင့် ပတ်သက်၍ ဥပဒေ အတိအကျမရှိပါ။ သို့သော် ညစ်ညမ်းမှုသည် ဥပဒေဖြင့် ပြဌာန်းရမည်လော၊ အသိဖြင့် ပြဌာန်းရမည်လော။ လူမြင်ကွင်းတွင် “အလေး မစွန့်ရ” ဟု ဥပဒေ မရှိသည့်အတွက် လူလည်ေ ကာင်တွင် အလေး စွန့်မည်လော။ အချို့ ကိစ္စများသည် ဥပဒေဖြင့် ချုပ်ပါမှ ဟူ၍ စကားမကပ်ပဲ လူ့ယဉ်ေ ကျး မှုဖြင့် ဆင်ခြင် ကြည့်ရပါမည်။ ထိုအခါ စောစောက “ကိုင်ပေါက် ခံနေရသည်ဆိုသော မြန်မာ့ ယဉ်ေ ကျးမှု” ဆိုသည့် စကားလုံးကြီးက ၀င်လာသည်။

၎။ အမှန်စင်စစ် ညှို့ မဂ္ဂဇင်းတွင် ပါသော ပုံများသည် ယနေ့ မော်ဒယ် အများစု၏ အွန်လိုင်းတွင် ပျံ့နှံ့ေ နသော “ကော့ကော်ကံကား” ပုံများကို မမှီပါ။ သို့သော်လည်း မဂ္ဂဇင်း၏ ရည်ရွယ်ရင်းသည် “လိင်မှု ကိစ္စကို ပြည်သူအတွင်း ချပြလိုခြင်း” သာ ဖြစ်၍ ကန့်ကွက်ဖွယ် ကိစ္စ သာဖြစ်ပါသည်။ ပုဂံခေတ်တွင် အမျိုးသမီးများ ရင်ရှားဖြင့် နေပါသည်။ သို့သော် မည်သည့် လိင်ကိစ္စ ကိုမှ ဖိတ်ခေါ်ခြင်း မဟုတ်၊ သူ့ဓေ လ့  အတိုင်းသာ နေခြင်း ဖြစ်ပါသည်။ ယနေ့ခေတ်တွင် မော်ဒယ်ကောင်မလေးတစ်ယောက် မျက်နှာ သ က်သက်ကို နှုတ်ခမ်းလေးအား  လျှာလေးသပ်၍ ဓာတ်ပုံရိုက်လာသည်။ မည်သည့် ခန္ဓာကိုယ် အစိတ်အ ပိုင်းမျှ မပါသော်လည်း ရည်ရွယ်ရင်းသည် လိင်စိတ်နိုးကြွစေရန်သာဖြစ်၍ သားအမိ အတူကြည့်၍ မသ င့်တော်ပါ။ ထို့ကြောင့် ညှို့ မဂ္ဂဇင်းကို မြန်မာ့ယဉ်ကျေးမှု ပေတံဖြင့် မတိုင်းပဲ လူသားယဉ်ကျေးမှုဖြင့် တို င်းကာ ကန့်ကွက်ရခြင်း ဖြစ်ပါသည်။

၅။ တစ်ဖန် ထို “ညှို့” ကို Sex Education မဂ္ဂဇင်း အဖြစ်လျှောက်ထားမည်ဟု ဆိုပါသည်။ “ရောချ” ခြင်း ပင် ဖြစ်ပါသည်။ လိင်ပညာရေးဟူသော အသုံးသည် “ကာလီဒါသ၏ ကြာခြည် သဘာဝ” ကဲ့သို့သော် လိင် မှုရေးရာ ချစ်နည်းကြိုက်နည်းများ သင်ကြားပေးမည့် သဘောဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ပညာပေး မှု အားနည်းနေသော “မျိုးဆက်ပွား ကျန်းမာရေး Repreoductive Health ” မဟုတ်ပါ။ ရှင်းအောင်ပြော ရလျှင် အေအိုင်ဒီအက်စ်ရောဂါ မ၀င်အောင် အကာအကွယ် သုံးရမည်၊ အတူနေပြီး ကိုယ်ဝန် ရှိမလာစေရန် မည်သည့်ဆေးသောက်ရမည်ကို သိခြင်းသည် မျိုးဆက်ပွားကျန်းမာရေး အသိ မဟုတ်ပါ။ မိမိ ဖောက်ပြန်ချ င် သ လို ဖောက်ပြန်ရန် လက်နက်ရှာဖွေ တပ်ဆင် ထားခြင်းသာ ဖြစ်ပါသည်။ လပ်မထပ်မီ အတူနေခြင်း (စသော မျိုးဆက်ပွား ပြဿနာများ) ၏ အကောင်း အဆိုး အကျိုးအပြစ်ကို ခွဲခွဲခြားခြား သိပြီးမှ လျှောက်မ ည့် လမ်းကိုရွေးချယ်နိုင်ခြင်းသည်သာ မှန်ကန်သော အသိ ဖြစ်ပါမည်။ မျိုးဆက်ပွားကျန်းမာရေး အသိကိုေ ပးမည်လား၊ လိင်နှိုးဆွနည်းကို ပေးမည်လား ရှင်းလင်းစွာ မြင်သာနေသော ညှို့ ကို မကြိုဆိုနိုင်ပါ။

၆။ ထပ်၍ ဆိုရမည်မှာ “အချိုးကိစ္စ” ဖြစ်သည်။ ဆရာငြိမ်းကျော်ပြောဘူးသော စကားကိုပင် ပြန်ပြောရ ပါ မည်။ လူဆိုးသည် ဇာတ်လမ်းတစ်ခုလုံး၊ ၀တ္တု တစ်ပုဒ်လုံး ယုတ်ယုတ်မာမာ ပြုခဲ့ပြီးမှ နောက်ဆုံးစာ မျ က်နှာဝယ် နောင်တတရားရ၍ ဘ၀တစ်လျောက်လုံး ကောင်းမွန် ပျော်ရွှင်စွာ နေသွားလေ သတည်း လုပ်၍ မရပါ။ ထို့အတူ မဂ္ဂဇင်း တစ်အုပ်လုံး လိင်နှိုးဆွသော စာများ၊ ပုံများထည့်ပြီးမှ စာလေး လေးငါးကြော င်းဖြ င့် ကူးစက်ရောဂါ မဖြစ်အောင်ဆိုသည်မျိုး လာမလုပ်စေချင်ပါ။ အချိုးပျက်နေပါသည်။ ပွင့်ပွင့်လင်း လင်း ပြောရလျှင် ကျန်းမာရေး မျက်နှာဖုံးစွပ်ထားသော အရှက်မဲ့ မဂ္ဂဇင်း ဖြစ်ပါသည်။ မြန်မာ ပလေးဘွိုင်း မဂ္ဂဇင်း လုပ်ရန် ပထမခြေလှမ်း လှမ်းလာဖြင်းဖြစ်သည်။

၇။ သူရို့ဆီဝယ် ထိုသို့ မဂ္ဂဇင်းများ မရှိမဟုတ်ပါ။ ရှိပါသည်။ သို့သော် သူရို့ဆီဝယ် လွတ်လပ်မှုနှင့် တာဝ န် ယူမှု မျှပါသည်။ မိဘနှင့် အတူကြည့်သင့်သော ရုပ်ရှင်၊ မိသားစု အတူကြည့်သင့်သော ရုပ်ရှင် ၊စာအုပ် ခွဲထားပေးသည်။ ၁၈နှစ် ပြည့်လျှင် မိဘနှင့် အတူမနေတော့ပြီ။ ကိုယ့်တာဝန်ကိုယ်ယူနိုင်ပြီ။ ဤနိုင်ငံဝယ် ဖခင်က စာအုပ်ဖတ်ပြ၍ မိသားစုဝိုင်းနားဆင်ကြသည်မျိုး ယခုအထိရှိသေးသည်။ တီဗီရှေ့ဝယ် စကားဝိုင်း ဖွဲ့ကြသည်။ တဆက်တည်း တွဲပါနေသော ကိစ္စများကို မရှင်းသာသေးပဲ အလောတကြီး ခြေလှမ်း လို က်ခြ င်းသည် အဖူးကို အပွင့်ဘ၀ မရောက်မှီ ခူးလိုက်ခြင်းသာဖြစ်သည်။

၈။ မြန်မာ့ ရုပ်ရှင် ဗီဒီယိုတို့၏ အရည်အသွေးကျဆင်းလာမှုကို ယခင်က စက်ကိရိယာကြောင့်၊ နည်း ပညာကြောင့်၊ ငွေကြေးကြောင့်ဟု ဇွတ်မှိတ် ငြင်းကြသည်။ သည်ဘက်ပိုင်းတွင်မှ လိုပါသေးသည်ဟု မပွင့်တပွင့် ၀န်ခံလာကြသည်။ အမှန်စင်စစ် ပြည်သူကို ပညာပေးရမည့် မီဒီယာသည် ပြည်သူ့အကြိုက် လိုက်နေခြင်းကြောင့် တစ်ကြောင်းပါဝင်ပါသည်။ ရုပ်ထု အောက်ခံခုံနှင့် ဥပမာပေးကြပါသည်။ အောက်ခံခုံ ကြီးမား၍ ရုပ်ထုသေးနေလျှင်လည်း မလှ၊ အောက်ခံခုံသေးနေ၍ ရုပ်ထုကြီးလွန်းလျှင်လည်း ကြာရှည်မ ခိုင်နိုင်။ အောက်ခံခုံသည် ပြည်သူအား ပေးလိုသော အသိပညာ၊ မက်ဆေ့ခ်ျ ကိုရည်ရွယ်ပါသည်။ ရုပ်ရှင် ဗီဒီယိုတို့ နိမ့်ပါးမှု လမ်းစ သည် စာပေနယ်အတွင်းသို့ ညှို့ မဂ္ဂဇင်းမှ တစ်ဆင့် ထိုးဖောက်ရောက်ရှိ လာပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

၉။ ထို့ထက်ပို၍ ဆိုရန်မရှိပါ။  ။

သက္က မိုးညို

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: