Pages

Thursday, December 20, 2012

“““ မြန်မာနိုင်ငံ ၏ အင်မတန် ထူးဆန်းသော အချက်များ ”””

( ၁ ) ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီး တစ်ဦး ရှိသည့် နိုင်ငံတွင် ဖြစ်သမျှ ပြဿနာ တိုင်း၌ ၄င်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီး ၏ ပါတီ ပါဝင် ပတ်သက်နေခြင်း ။
 
( ၂ ) ဆုများစွာရရှိပြီး ဘာမှ မလုပ်ပဲ ၀င်ငွေ ရှိနေပါလျက် ပါတီတွင်း အောက်ခြေပါတီ ၀င်ငယ်များမှ ( ၁၂ ) ပွဲဈေးသယ် လုပ်နေရခြင်း ။

( ၃ ) မြန်မာ ပြည်သူ အချို့တွင် ထူးဆန်းစွာဖြင့် ၄င်းတို့၏ ဖခင်တွင် မိန်းမ နှစ်ဦိး ရှိနေခြင်း ။

( ၄ ) အဆိုပါ အမေနှစ်ဦး တွင် မွေးသမိခင် မဟုတ်သော အမေအား အနည်ငယ် ထိခိုက် ပုတ်ခတ်မိ ပါက တီကောင် ဆားပက်ခံရ သကဲ့သို့ နာကျင် ကြခြင်း ။

( ၅ ) ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီး သည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တဖွဖွ ပြောသော်လဲ ၄င်း၏ မိသားစု အိမ်တွင်းရေး တအူတုံဆင်း မောင်နှမချင်း တွင်ပင် ကောင်းမွန်စွာ ရင်ကြား မစေ့နိုင်ခြင်း ။

( ၆ ) ၄င်းသည် ပြင်ပစီးပွားရေး အလုပ်အကိုင် ဘာမှ မလုပ်ပဲ ထူးဆန်းစွာ ချမ်းသာနေခြင်း ။

( ၇ ) ပွင့်လင်းမြင်သာမှု ရှိရေး တဖွဖွ ပြောနေသော်လဲ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အများပြ ည်သူထည့်ဝင်ငွေ ရန်ပုံငွေ များ သိန်းထောင်ချီ၍ ထူးဆန်းစွာ ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ ပွင့်လင်းမြ င်သာစွာ ရှင်းလင်းမှု မရှိခြင်း ။
 
( ၈ ) ပြည်သူကို ချစ်ပါသည်တဖွဖွ ပြောနေသော်လည်း ပြည်သူအပေါင်း ဒုက္ခ ဆင်းရဲခံစားရသည့် အချိန် များတွင် တိုင်းတပါးသို့ ကော့ပက်ကော့ပက်ဖြင့် ထွက်ခွာသွားလေ့ရှိပြီး နိုင်ငံရေး အမြတ်ထုတ် နိုင်သော အချိန်များတွင်သာ ပါဝင် နှမ်းဖြူးလေ့ရှိခြင်း ။

( ၉ ) မြန်မာနိုင်ငံ တွင် သမ္မတ လုပ်ချင်ပါသည် ဟု တရားဝင် ထုတ်ဖော် ပြောဆိုသော်လဲ ၄င်း၏ သားနှ စ်ဦးအား မြန်မာစကား ပြောတတ်စေရန်ပင် သွန်သင်မှု မရှိခြင်း ။ ( တွေးကြည့်လေ မြန်မာ သမ္မတ ( ဖြစ် လာခဲ့ ရင် ပြောတာပါ ) သားနှစ်ယောက် မြန်မာနိုင်ငံ လာလည်ရင် ( လာလည်ရင် )  မြန်မာတွေ က အင်္ဂ လိပ်လို ပြောနေရမှာလား ၊ ဒါမှ မဟုတ် သာမန်ပြည်သူတွေနဲ့ ပြောတဲ့ခါ ဘာသာပြန် ထားရမှာလား ၊ ဘယ်လိုကြီးလဲ )

( ၁၀ ) မြန်မာနိုင်ငံ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ရှိနေသော်လဲ လက်ပန်းတောင်းေ တာ င် ပြဿနာတွင် ထိခိုက် ဒါဏ်ရာရရှိသော ဘုန်းတော်ကြီး များ ပြည်ပ သို့ ထွက်၍ ကုသ နိုင်ရန် ၄င်း ၏ ပါတီ မှ ပတ်စ်ပို့ ရရှိရေး ကြိုးပမ်း ဆောင်ရွက်ပေးနေခြင်း။

မည်သူ့ကိုမျှ မတိုက်ခိုက်ပါ ... သရော်စာ အနေဖြင့် ရေးခြင်း ဖြစ်သဖြင့် သရော်စာအနေဖြင့် သာဖတ်ရန် ....

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: