Pages

Thursday, December 6, 2012

“““ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် ၌ ပထမနှစ် ဂုဏ်ထူးတန်းများ ကို ပြန်လည် ဖွင့်လှစ်မည် ”””

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်၌ ၁၉၉၆ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်သင်ကြားခြင်း မရှိခဲ့သော ပထမနှစ် ဂု ဏ် ထူးတန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးတန်း အထူးပြုဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂ လိပ်စာ၊ ပထ၀ီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာ၊ စာကြည့်တိုက်နှင့် သုတပညာရပ်၊  ဒဿ နိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေ သနပညာ၊ Biotechnology ဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေး မည်ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင် ကွန်ပျူတာ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ ဘာ သာရပ်များ သင်ကြားရာတွင် မပါဝင်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီနှစ် ပညာသင်နှစ်က စပြီးတော့ ဂုဏ် ထူးတန်း ပထမနှစ် သင်တန်းတွေကို ပြန်ပြီးတော့ ဖွင့်လှစ်သင်ကြားသွားမှာပါ။ သင်ကြားပေး တဲ့ အ ခါမှာလည်း အရင်တုန်းကရှိခဲ့တဲ့ ကျောင်းဆောင်တွေကိုပဲ ပြန်လည်ပြုပြင်ပြီး သင်ကြားပေးမှာပါ။ တက်ရော က် ခွင့် လျောက်ထားတဲ့ ကျောင်းသားအရေအတွက်ကို မူတည်ပြီး ၀င်ခွင့်ဖြေဆိုရမှာပါ'' ဟု ပြောပြသည်။ အဆိုပါ သင်တန်းအတွက် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရှိ တက္ကသိုလ်၊ ဒီဂ ရီကော လိပ်များမှ (ပထမ) နှစ် ဂုဏ်ထူးတန်း ၀င်ခွင့်ရရှိသူများသည် သင်တန်းဝင်ခွင့် လျောက်လွှာများကို ရန် ကုန် တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ပထမနှစ် (ဂုဏ်ထူး တန်း) ၀င်ခွင့်ရရှိကြောင်း ထောက်ခံစာ၊ အ မှတ်စာရင်းမူရင်းနှင့်အတူ လျောက်ထားနိုင်ပြီး မန္တလေးတက္ကသိုလ်တွင်လည်း အလားတူ လျောက် ထားနို င်ကြောင်း သိရသည်။ ဂုဏ်ထူးတန်းသည် မဟာဝင်ခွင့် သင်တန်းအတွက် တက်ရောက်ရသော နှစ်နှစ် သင် တန်းဖြစ်ပြီး အဆိုပါ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ရှိ ဂုဏ်ထူးတန်းများကို ၁၉၉၆ ခုနှစ် ကျောင်း သား အရေးအခင်း ဖြစ်ပွားမှုအပြီးမှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်း မရှိတော့ကြောင်း သိရသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် ၌ ပထမနှစ် ဂုဏ်ထူးတန်းများ ကို ပြန်လည် ဖွင့်လှစ်မည် ”””

Labels:

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်၌ ၁၉၉၆ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်သင်ကြားခြင်း မရှိခဲ့သော ပထမနှစ် ဂု ဏ် ထူးတန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးတန်း အထူးပြုဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂ လိပ်စာ၊ ပထ၀ီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာ၊ စာကြည့်တိုက်နှင့် သုတပညာရပ်၊  ဒဿ နိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေ သနပညာ၊ Biotechnology ဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေး မည်ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင် ကွန်ပျူတာ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ ဘာ သာရပ်များ သင်ကြားရာတွင် မပါဝင်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီနှစ် ပညာသင်နှစ်က စပြီးတော့ ဂုဏ် ထူးတန်း ပထမနှစ် သင်တန်းတွေကို ပြန်ပြီးတော့ ဖွင့်လှစ်သင်ကြားသွားမှာပါ။ သင်ကြားပေး တဲ့ အ ခါမှာလည်း အရင်တုန်းကရှိခဲ့တဲ့ ကျောင်းဆောင်တွေကိုပဲ ပြန်လည်ပြုပြင်ပြီး သင်ကြားပေးမှာပါ။ တက်ရော က် ခွင့် လျောက်ထားတဲ့ ကျောင်းသားအရေအတွက်ကို မူတည်ပြီး ၀င်ခွင့်ဖြေဆိုရမှာပါ'' ဟု ပြောပြသည်။ အဆိုပါ သင်တန်းအတွက် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရှိ တက္ကသိုလ်၊ ဒီဂ ရီကော လိပ်များမှ (ပထမ) နှစ် ဂုဏ်ထူးတန်း ၀င်ခွင့်ရရှိသူများသည် သင်တန်းဝင်ခွင့် လျောက်လွှာများကို ရန် ကုန် တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ပထမနှစ် (ဂုဏ်ထူး တန်း) ၀င်ခွင့်ရရှိကြောင်း ထောက်ခံစာ၊ အ မှတ်စာရင်းမူရင်းနှင့်အတူ လျောက်ထားနိုင်ပြီး မန္တလေးတက္ကသိုလ်တွင်လည်း အလားတူ လျောက် ထားနို င်ကြောင်း သိရသည်။ ဂုဏ်ထူးတန်းသည် မဟာဝင်ခွင့် သင်တန်းအတွက် တက်ရောက်ရသော နှစ်နှစ် သင် တန်းဖြစ်ပြီး အဆိုပါ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ရှိ ဂုဏ်ထူးတန်းများကို ၁၉၉၆ ခုနှစ် ကျောင်း သား အရေးအခင်း ဖြစ်ပွားမှုအပြီးမှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်း မရှိတော့ကြောင်း သိရသည်။

0 comments: