Pages

Friday, December 21, 2012

“““ တောင်ကြီးမြို့တွင် ၀ိနည်းတော်နှင့် မညီသည့် ဆရာတော် အား အရေးယူ ”””

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့မှ ဆရာတော်တစ်ပါးဟာ ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ ရှမ်းပြည် နယ်ေ တာင်ကြီးမြို့ မြို့မဈေး အတွင်း ဈေးသည်များ ကို ဆဲရေးတိုင်းထွာမှုနဲ့ သိက္ခာချ လူဝတ်လဲခံရပြီး အရေးယူအမှုဖွင့်ထားတယ် လို့ သိရပါတယ်။

ဖြစ်ပွားပုံက ရမည်းသင်းမြို့ မဟာမြိုင်ကျောင်းတိုက်မှ ဆရာတော် ဦးဝိမလ (လူအမည် စောေ အာင်) သက်တော်(၄၉)နှစ်နဲ့ဝါတော်(၆)၀ါဟာ တောင်ကြီး မြို့မြို့မဈေးထဲ သို့ ရောက်ရှိအလှူခံစဉ် ဈေးရောင်းသူ မငြိမ်းငြိမ်းအိနဲ့ မချောစု တို့နှစ်ဦးအား ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့တဲ့အတွက် တောင်ကြီးမြို့မှ ရဲ တပ်ဖွဲ့ဝင်များ ပြည်နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူတွေ ရောက်လာပြီး မေးမြန်း ခဲ့ပါတယ်။ ဆရာတော်ဟာ သာသနာ တော်ညိုးနွမ်းအောင်ပြု လုပ်ခဲ့တာ ထင်ရှားပေါ်လွင်တဲ့ အတွက် တောင် ကြီးမြို့ နယ် သံဃနာယက ဥက္ကဋ္ဌ မင်းကျောင်းပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးနာယကမှ သိ က္ခာချ လူဝတ်လဲပေးခဲ့ပြီး အမှတ်(၁) ရဲစခန်းမှ အမှုဖွင့်အရေးယူ ထားတယ်လို့ မင်းကျောင်း ပရိယတ္တိ စာ သင်တိုက်မှ ဆရာတော်တစ်ပါးက ပြောပြခဲ့ပါတယ်။

အထက်ပါဖြစ်စဉ်သာမကဘဲ မန္တလေးမြို့ ဘူတာကြီးတွင် အရက်ပုလင်း ကိုင်ပြီး အလှူခံနေတဲ့ ဆရာတော် တစ်ပါးကို ဒီဇင်ဘာလ ပထမ အပတ်မှာ ဘူတာရဲစခန်းကို အပ်လိုက်ရပါသေးတယ်။ ၀ိနည်းတော်နဲ့မညီတဲ့ သံဃာအစစ်တွေရှိသလို သံဃာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ကဒ်ပြားအတုတွေ ကိုင်ပြီး အလှူ ခံနေတဲ့ သံဃာအတုတွေလည်း ရှိကြပြီး မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း သက်ဆိုင်ရာ ရဲစခန်းကို အပ်နှံ ရတဲ့သူ(၄၀) ကျော်ရှိပြီဖြစ်ကြောင်းကို ဆရာတော်တစ်ပါးမှ မိန့်ကြားထားပါတယ်။

Shan News

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တောင်ကြီးမြို့တွင် ၀ိနည်းတော်နှင့် မညီသည့် ဆရာတော် အား အရေးယူ ”””

Labels:

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့မှ ဆရာတော်တစ်ပါးဟာ ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ ရှမ်းပြည် နယ်ေ တာင်ကြီးမြို့ မြို့မဈေး အတွင်း ဈေးသည်များ ကို ဆဲရေးတိုင်းထွာမှုနဲ့ သိက္ခာချ လူဝတ်လဲခံရပြီး အရေးယူအမှုဖွင့်ထားတယ် လို့ သိရပါတယ်။

ဖြစ်ပွားပုံက ရမည်းသင်းမြို့ မဟာမြိုင်ကျောင်းတိုက်မှ ဆရာတော် ဦးဝိမလ (လူအမည် စောေ အာင်) သက်တော်(၄၉)နှစ်နဲ့ဝါတော်(၆)၀ါဟာ တောင်ကြီး မြို့မြို့မဈေးထဲ သို့ ရောက်ရှိအလှူခံစဉ် ဈေးရောင်းသူ မငြိမ်းငြိမ်းအိနဲ့ မချောစု တို့နှစ်ဦးအား ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့တဲ့အတွက် တောင်ကြီးမြို့မှ ရဲ တပ်ဖွဲ့ဝင်များ ပြည်နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူတွေ ရောက်လာပြီး မေးမြန်း ခဲ့ပါတယ်။ ဆရာတော်ဟာ သာသနာ တော်ညိုးနွမ်းအောင်ပြု လုပ်ခဲ့တာ ထင်ရှားပေါ်လွင်တဲ့ အတွက် တောင် ကြီးမြို့ နယ် သံဃနာယက ဥက္ကဋ္ဌ မင်းကျောင်းပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးနာယကမှ သိ က္ခာချ လူဝတ်လဲပေးခဲ့ပြီး အမှတ်(၁) ရဲစခန်းမှ အမှုဖွင့်အရေးယူ ထားတယ်လို့ မင်းကျောင်း ပရိယတ္တိ စာ သင်တိုက်မှ ဆရာတော်တစ်ပါးက ပြောပြခဲ့ပါတယ်။

အထက်ပါဖြစ်စဉ်သာမကဘဲ မန္တလေးမြို့ ဘူတာကြီးတွင် အရက်ပုလင်း ကိုင်ပြီး အလှူခံနေတဲ့ ဆရာတော် တစ်ပါးကို ဒီဇင်ဘာလ ပထမ အပတ်မှာ ဘူတာရဲစခန်းကို အပ်လိုက်ရပါသေးတယ်။ ၀ိနည်းတော်နဲ့မညီတဲ့ သံဃာအစစ်တွေရှိသလို သံဃာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ကဒ်ပြားအတုတွေ ကိုင်ပြီး အလှူ ခံနေတဲ့ သံဃာအတုတွေလည်း ရှိကြပြီး မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း သက်ဆိုင်ရာ ရဲစခန်းကို အပ်နှံ ရတဲ့သူ(၄၀) ကျော်ရှိပြီဖြစ်ကြောင်းကို ဆရာတော်တစ်ပါးမှ မိန့်ကြားထားပါတယ်။

Shan News
0 comments: