Pages

Friday, December 28, 2012

ကိုယ်ပျောက် စစ်ရေယာဉ်နှင့် စနစ်သစ်

ဒီနေ့ပိုစ့်ရေးချင်စိတ်လေးရှိနေလို့ ပိုစ့်အတိုလေးရေးလိုက်ရပါတယ်....။

မြန်မာ့တပ်မတော် (ရေ)ရဲ့ (၆၅) နှစ်မြောက် မွေးနေ့ဖြစ်သလို ကျွှန်တော်အတွက် လည်း နေ့ထူးလေး တစ်ေ န့ဖြစ်နေလို့ပါ.....။ ဘာကြောင့်ထူးရပါသလည်းဆိုရင်.....

မြန်မာ့တပ်မတော် (ရေ) အနေနှင့် ၄၉မီတာရှိသည့် ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်ထုတ် လုပ်ေ နပြီဆိုတာ အရင်ကလည်း ပုံတွေနှင့်တကွ တင်ပြပေးဘူးပါတယ်.... တပ်ဆင်လက်နက်များနှင့်ပတ်သက် လို့လည်း ခန့်မှန်းရေးခဲ့ဘူးပါတယ်... ဒီကနေ့မှာတော့ ရရှိထားတဲ့ ဓါတ်ပုံများအရ လေ့လာကြည့်မယ်ဆိုရင် ပင်မအမြောက်စနစ်အဖြစ် AK-630 CIWS စနစ်ကို အသုံးပြုထားပါတယ်....။

 အေကေ-၆၃၀ ဒီဇိုင်းသစ်အား ရေတပ် စစ်ရေယာဉ်ပေါ်တွင် တွေ့ရစဉ်

ဒုံးလက်နက်စနစ်ကတော့ စီ-၈၀၂ ရေပြင်မှရေပြင်ပစ် ပဲ့ထိန်းဒုံးများဘဲဖြစ်ပါတယ်.....။ ဒုံးလက်နက်ကို ၅၆၂ စစ်ရေယာဉ်များကဲ့သို့ပင် (၂)စင်း တပ်ဆင်ထားပြီး ခေတ်မှီရေဒါစန စ်တွေ ပြည့်ပြည့် စုံစုံတပ်ဆင် ထားတာ တွေ့ရမှာဖြစ်ပါတယ်....။ ဒီနေရာမှ အနည်းငယ် ထပ်ပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ စစ်ရေယာဉ်ရဲ့ Main Gun အဖြစ်သုံးတဲ့ အေကေ-၆၃၀ စနစ်ပါ၊ အခုတွေ့ရတဲ့ အေကေ-၆၃၀ စနစ်ဟာ အရင်ကအသုံးပြုခဲ့ဘူးတဲ့ အရင်ပုံစံဒီဇိုင်းမဟုတ်ဘဲ ဒီဇိုင်းအသစ်ဖြစ်ပါတယ်....။ ဒီ ဒီဇိုင်းကို ရုရှားရဲ့ မူလ အေကေ-၆၃၀ကို တရုပ်တပ်မတော်မှ အဆင့်မြှင့်တင်ကာ ထုတ်လုပ်ထားကြောင်း သိရပါသည်....။

တပ်မတော် (ရေ)၏ ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်အသစ်

အဆိုပါ စနစ်ရဲ့ ပုံစံကိုလေ့လာကြည့်မယ်ဆိုရင် ရန်သူ့စစ်သင်္ဘော များ၏ ရေဒါထောက် လှမ်းမှု မှာ ရှောင် ကွင်းနိုင်စေရန် ရည်ရွှယ်ကာ ထုတ်လုပ်ထားသည်ကို တွေ့ရမှာဖြစ်ပါတယ်....။

 တရုပ်ရေတပ်၏ ပုံစံ-၂၂ စစ်ရေယာဉ်ပေါ်တွင် အသုံးပြုထား

တပ်မတော် (ရေ)အနေနှင့် ကိုယ်ပျောက်နည်းပညာသုံး စစ်သင်္ဘောများထုတ်လုပ်နိုင် မှုကို မြန်မာ့ရေ တပ်မတော် အတွက်သာမက မြန်မာ့ပင်လယ်ပြင် ကာကွယ်နိုင်မှုတွင် အင်အားတစ်ရပ်အဖြစ် ရပ်တည်နေနို င်တော့မည်ဖြစ်ကြောင်း ဒီပိုစ့်လေးနှင့် ထပ်မံဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ.....။ 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: