Pages

Sunday, December 16, 2012

“““ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ထွက် ”””

(ဂျေရုဆလင် ဒီဇင်ဘာ ၁၅ )

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အဗစ်ဂ် ဒေါလိုင်ဘာမန်သည် ယုံကြည်မှုကို အလွဲသုံးစား လုပ်သူအဖြစ် အစိုးရ ရှေ့နေများ၏ တရား စွဲဆိုခြင်းကို ခံရပြီးနောက် ရာထူးမှ နုတ်ထွက် ခဲ့သည်ဟု သတင်း ရရှိသည်။
 
မစ္စတာ လိုင်ဘာမန်သည် ဒုတိယ ဝန်ကြီးချုပ် ရာထူးမှလည်း နုတ်ထွက်ခဲ့ပြီး တရား စွဲဆို ခံရမှုနှင့် ပတ် သက်၍ ဖြေရှင်း သွားမည်ဟု ၄င်းက ပြောကြားခဲ့သည်။

ယင်းတရား စွဲဆိုခံရမှုသည် ဆယ်စုနှစ် တစ်စုကျော် ကတည်းက စတင်ခဲ့သည့် ဘဏ္ဍာရေး ပြဿနာနှင့် ဆက်စပ် နေသည်ဟု သိရသည်။

မိမိအနေဖြင့် အဆိုပါ ပြစ်မှုကို မကျူးလွန် ခဲ့သော်လည်း ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မစ္စတာလိုင် ဘာမန်က ၄င်းဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်၌ ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် လိုင်ဘာမန်အား ငွေခဝါချမှု၊ အကျင့်ပျက် ခြစားမှုစသည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးလျက် ရှိသော်လည်း ရှေ့နေများက ၄င်းအား ယုံကြည်မှုကို အလွဲသုံးစား လုပ်မှုဖြင့်သာ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။  
Myawady Media

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ထွက် ”””

Labels:

(ဂျေရုဆလင် ဒီဇင်ဘာ ၁၅ )

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အဗစ်ဂ် ဒေါလိုင်ဘာမန်သည် ယုံကြည်မှုကို အလွဲသုံးစား လုပ်သူအဖြစ် အစိုးရ ရှေ့နေများ၏ တရား စွဲဆိုခြင်းကို ခံရပြီးနောက် ရာထူးမှ နုတ်ထွက် ခဲ့သည်ဟု သတင်း ရရှိသည်။
 
မစ္စတာ လိုင်ဘာမန်သည် ဒုတိယ ဝန်ကြီးချုပ် ရာထူးမှလည်း နုတ်ထွက်ခဲ့ပြီး တရား စွဲဆို ခံရမှုနှင့် ပတ် သက်၍ ဖြေရှင်း သွားမည်ဟု ၄င်းက ပြောကြားခဲ့သည်။

ယင်းတရား စွဲဆိုခံရမှုသည် ဆယ်စုနှစ် တစ်စုကျော် ကတည်းက စတင်ခဲ့သည့် ဘဏ္ဍာရေး ပြဿနာနှင့် ဆက်စပ် နေသည်ဟု သိရသည်။

မိမိအနေဖြင့် အဆိုပါ ပြစ်မှုကို မကျူးလွန် ခဲ့သော်လည်း ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မစ္စတာလိုင် ဘာမန်က ၄င်းဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်၌ ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် လိုင်ဘာမန်အား ငွေခဝါချမှု၊ အကျင့်ပျက် ခြစားမှုစသည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးလျက် ရှိသော်လည်း ရှေ့နေများက ၄င်းအား ယုံကြည်မှုကို အလွဲသုံးစား လုပ်မှုဖြင့်သာ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။  
Myawady Media
0 comments: