Pages

Friday, December 21, 2012

“““ မန္တလေး - မြစ်ကြီးနား မီးရထား မိုင်းကွဲ မီးရထားဝန်ထမ်း ( ၃ ) ဦး ဒဏ်ရာရ ”””

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် ( ကေအိုင်အေ ) မှ မိုင်းခွဲလိုက်ခြင်းကြောင့် မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ် အတွင်းရှိ နမ္မားဘူတာနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင်အမှတ် ( ၆၄၃/၂၂ ) နှင့် ( ၆၄၃/၂၃ ) ကြားတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမိုင်းခွဲမှုမှာ အုပ်ချုပ်ရေးအဖွဲ့က ကေအိုင်အေမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း The Voice Weekly အနေဖြင့် ကေအိုင်အေထံသို့ ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရရှိလာသော အချက်အလက်များ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မန္တလေး - မြစ်ကြီးနား မီးရထား မိုင်းကွဲ မီးရထားဝန်ထမ်း ( ၃ ) ဦး ဒဏ်ရာရ ”””

Labels:

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် ( ကေအိုင်အေ ) မှ မိုင်းခွဲလိုက်ခြင်းကြောင့် မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ် အတွင်းရှိ နမ္မားဘူတာနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင်အမှတ် ( ၆၄၃/၂၂ ) နှင့် ( ၆၄၃/၂၃ ) ကြားတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမိုင်းခွဲမှုမှာ အုပ်ချုပ်ရေးအဖွဲ့က ကေအိုင်အေမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း The Voice Weekly အနေဖြင့် ကေအိုင်အေထံသို့ ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရရှိလာသော အချက်အလက်များ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

The Voice Weekly
0 comments: