Pages

Friday, December 21, 2012

“““ မောင်တောမှ ဖမ်းဆီးခံ မြန်မာ စစ်သည်များ အရေး အဖြေမပေါ်သေး ”””

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ တွေ့ဆုံ ဆွေးနွေး ရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦး အရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက် မှ ဖြေကြားခဲ့သည်ဟု နစက အသိုင်းအ၀ိုင်းမှ သတင်းရင်းဖြစ်တစ်ခု က Coral Arakan အား ပြောကြား သည်။ 
 
မောင်တောမြို့ပေါ် ခန်းမတစ်ခု၌ ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှ နယ်စပ်ဒေသ လူဝင် မူကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ ရာထူးအဆင့်တူ အကြီး အကဲများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းတည်ဆောက်ရေး လုပ်ငန်း လုပ်နေကြသော ဂျီအီးတပ်ဖွဲ့မှ တပ်သား လေးဦးကို (အာရ်အက်ဆို မွတ်ဆလင် လက်နက် ကိုင် အဖွဲ့  ဟု ယူဆရသော) လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နိုဝင်္ဘာလ ၆ ရက်နေ့တွင် တစ်ဖက်နယ်စပ်မှ ၀င်ရောက် ပစ်ခတ်ခဲ့သည်။
ဂျီအီးတပ်ဖွဲ့မှ ကျော်ကျော်ဝေမှာ တိုက်ခိုက်ခံရသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကာ တပ်ကြပ်ကြီး ခင်မိုးေ အာင် နှင့် အခြား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးကို သတ်ပစ်လိုက်ပြီ ဖြစ်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အဆိုပါ သတင်းကို အတည်မပြုနိုင်သေးချေ။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မောင်တောမှ ဖမ်းဆီးခံ မြန်မာ စစ်သည်များ အရေး အဖြေမပေါ်သေး ”””

Labels:

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ တွေ့ဆုံ ဆွေးနွေး ရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦး အရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက် မှ ဖြေကြားခဲ့သည်ဟု နစက အသိုင်းအ၀ိုင်းမှ သတင်းရင်းဖြစ်တစ်ခု က Coral Arakan အား ပြောကြား သည်။ 
 
မောင်တောမြို့ပေါ် ခန်းမတစ်ခု၌ ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှ နယ်စပ်ဒေသ လူဝင် မူကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ ရာထူးအဆင့်တူ အကြီး အကဲများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းတည်ဆောက်ရေး လုပ်ငန်း လုပ်နေကြသော ဂျီအီးတပ်ဖွဲ့မှ တပ်သား လေးဦးကို (အာရ်အက်ဆို မွတ်ဆလင် လက်နက် ကိုင် အဖွဲ့  ဟု ယူဆရသော) လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နိုဝင်္ဘာလ ၆ ရက်နေ့တွင် တစ်ဖက်နယ်စပ်မှ ၀င်ရောက် ပစ်ခတ်ခဲ့သည်။
ဂျီအီးတပ်ဖွဲ့မှ ကျော်ကျော်ဝေမှာ တိုက်ခိုက်ခံရသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကာ တပ်ကြပ်ကြီး ခင်မိုးေ အာင် နှင့် အခြား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးကို သတ်ပစ်လိုက်ပြီ ဖြစ်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အဆိုပါ သတင်းကို အတည်မပြုနိုင်သေးချေ။
0 comments: