Pages
Saturday, December 8, 2012
“““ ဦးဝင်းတင် နောက်ကို မလိုက်ကြနဲ့  ဒေါ်စုနောက်ကို လိုက်ကြ ”””
ဦးဝင်းတင် ညွှန်တဲ့လမ်း ( လမ်းမှား )
လက်ပံတောင်းတောင် သပိတ်စခန်း အ၀င်ဝမှာ အနီခံ အဖြူစာလုံးနဲ့  ရေးထားတာက - သပိတ်စုံ ရင် အ ကုန် ရမယ်
ဦးဝင်းတင် - -------- ဆိုပဲ။
ချောင်ပိတ်နေရင် ဖောက်ထွက်ရမယ် ဆိုတဲ့ အနီရောင် စကားတွေနဲ့  ထောင်က ပြန်ထွက်လာချင်းချင်း ရဲ ရဲတောက် ပြောခဲ့တဲ့ စကားကြောင့် လူငယ်တွေရဲ့  ခေါင်းကိုင်ဆရာကြီး ဖြစ်ခဲ့တဲ့ ဦးဝင်းတင်။ အခု ဒေါ် စု ပြောနေတာတွေနဲ့  ဦးဝင်းတင် စကားတွေက လားလားကြီး ဆန့် ကျင်နေတာ ဘာကြောင့်လဲ။ NLD CEC ပြန်ဖွဲ့ တဲ့အခါမှာ ဦးဝင်းတင်တို့  မပါတော့တာ ဘာကြောင့်လဲ။
ဗကပ ဆိုတာ တရုတ်ကြီးက တောက်လျှောက် မွေးလာတဲ့ သူတွေပဲ။ ဗကပ အကြွင်းအကျန် ဦးဝင်းတင် ကတော့ တရုတ်ကို အံခါ၇မယ် ဆိုသတဲ့။ (ကြောက်စရာလည်း မလို- အာခံ စရာလည်းမလို- လိမာပါးနပ် ဖို့ ပဲ လိုပါတယ်။)
ပုံပျက် ဒီမိုကရေစီနဲ့  ပုံစံတစ်ခု ဖြစ်လာမယ့် မြန်မာ့ဒီမိုကရေစီမှာ သံဃာတွေက ကန့် လန့် ခံ နေလိမ့်မယ်။ အခုလည်း ကြည့် တစ်နိုင်ငံလုံး သံဃာတွေ သပိတ်မှောက်ကြမတဲ့။ သံဃာနဲ့  နိုင်ငံရေး ဘာ မှ မဆိုင်ဘူး ။ ထေရ်ဝါဒ အထွန်းကားဆုံးနိုင်ငံက သံဃာတွေ ၀ိနနည်းမညီ၊ ဥပဒေမညီ လုပ်နေကြပြီ ဆိုမှတော့ ဒီမိုကေ ရ စီ စစ်လား-မစစ်ဘူးလား မေးနေစရာ မလိုတော့ဘူး။
အမေရိကန်မှာ ခရစ်ယာန်ဘုန်းကြီးတွေ နိုင်ငံရေးထဲ ဒီလို နေရာတစ်ကာ ပါနေတာ မဟုတ်ဘူး။
အမေရိကန်မှာ ဆနပြခွင့် မတောင်းဘဲ ပြချင်တိုင်း ပြနေတာ မဟုတ်ဘူး။
အမေရိကန်မှာ နိုင်ငံရေးနဲ့  ဘာသာရေးကို ရောရောထွေးထွေး မလုပ်ကြဘူး။
အမေရိကန်မှာ အခုလို နိုင်ငံရေးလုပ်စားတွေ ပေါပေါများများ မရှိဘူး။
အမေရိကန်မှာ တစ်ခုခုဆို နာမည်လိုချင်လို့  လုပ်ပြနေတဲ့ နိုင်ငံရေးတောကြောင်တွေ မရှိဘူး။
အမေရိကန်မှာ စောင်ရေတက်ချင်လို့  လုပ်စားဂျာနယ်တွေ မရှိဘူး။
အမေရိကန်မှာ နိုင်ငံရေးသမားတွေ မြှောက်ပေးတိုင်း လိုက်လုပ်တဲ့ ဘုန်းကြီးတွေ မရှိသလို မြှောက်ပေးတိုင်း လိုက်လုပ်တဲ့ ပြည်သူတွေ မရှိဘူး။
အမေရိကန်မှာ ဘုန်းကြီးတွေကို အင်အားသုံးတဲ့ ရဲတပ်ဖွဲ့  မရှိသလို ဘုန်းကြီးတွေကလည်း အင်အားသုံး စ ရာ လိုလောက်အောင် မလုပ်ဘူး။
အမေရိကန်မှာ အစိုးရက ဥပဒေ လိုက်နာရသလို ပြည်သူကလည်း ဥပဒေကို လိုက်နာရတယ်။ မလိုက်နာ လို့ ကတော့ ဆောရီးပဲ။ ဘယ်သူ့ မှ ခွင့်မလွှတ်ဘူး။
အိမ်ဖြူတော်ရှေ့ တည့်တည့်မှာ နှစ်ရှည်လများ တဲထိုး နေပြီး ဆန္ဒပြနေတဲ့ အဘွားကြီး တစ်ယောက်ရှိ တ ယ် ။ ဆနပြတိုင်းသာ အစိုးရက လိုက်လျောပေးရမယ် ထင်နေကြတဲ့သူတွေ နိုင်ငံရေးကျပ်မပြည့် တဲ့သူေ တွ ကို ပြောချင်တာပါ။ အဲဒီအဖွားကြီး ဆနပြတောင်းဆိုနေတာ ဒီကနေ့  အထိ မရသေးဘူး။ နှစ်ပေါင်းများ စွာ ကြနေပြီ။ ဆနပြတဲ့သူကပြ အစိုးရကလည်း လုပ်ချင်မှလုပ်တာပဲ။
ဦးဥတ္တမ-ဦးဝိစာရ တို့ ကို သာဓကတွေပေးပြီး ဘုန်းကြီးတွေ ဆနပြဖို့  ထောက်ခံနေကြတဲ့ အွန်လိုင်းက ကီး ဘုတ်နိုင်ငံရေးဂုရုကြီးတွေကို ပြောချင်တာက နိုင်ငံရေးနဲ့  ဘာသာရေး ရောယှက်သွားရင် ကျုပ်တို့ နိုင်ငံ ဘာမှ လုပ်လို့ ကို ရတော့မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း သေရွာက ထပြီး အုပ်ချုပ်လည်း ရမှာ မဟု တ်ဘူး။
သံဃာကို သံဃာအဖြစ် ကြည်ညို ပါရစေ။ အေးချမ်းလှတဲ့ ရွှေတိဂုံစေတီတော်ကြီး၊ သပါယ်လှတဲ့ ကျိုက် ထီး ရိုးစေတီတော်ကြီး စတဲ့ အထွဋပ်အမြတ် နေရာတွေပြ အော်ဟစ် ဆနပြနေတဲ့ သံဃာတွေကို မမြင်ပါ ရေ စနဲ့ ။ သံဃာအလုပ် သံဃာတွေ လုပ်ကြပါစေ။ နိုင်ငံရေးအလုပ် နိုင်ငံရေးသမားတွေ လုပ်ကြပါစေ ။ ပြ ည်သူ့ အခွင့်အရေး ပြည်သူတွေ လုပ်ကြပါစေ။
ပြောတော့ တရားသူကြီးတွေ ဘာဖြစ်တယ် ညာဖြစ်တယ်။ အစိုးရက ဘာဖြစ်တယ်။ လွှတ်တော်က ဘာဖြစ် တယ်။ ဟုတ်ပြီ။  ခင်ဗျားတို့ကရော ဥပဒေတွေ ဘယ်လောက် လိုက်နာကြလို့လဲ။ သင်ပဲ ကောင်းဖို့ လို တယ်။ ကိုယ့်ဘက်ကို ဘာမှ ပြန်မကြည့်တဲ့ စောက်ကျင့်တွေ ရှိနေသေးသမျှ၊ သင်ကောင်းလျှင် ကျွန်ုပ် မ ဆိုး ပါ ဆိုပြီး သင်ကောင်းဖို့ပဲ စောင့်နေသမျှ  ဒီနိုင်ငံ ဒီပြည်သူနဲ့  ဒီအဆင့်ကကို တက်မှာ မဟုတ်ဘူး။
Eleven က CIA လား ( လမ်းဘေးက အဖျက် )
Eleven က မြန်မာလိုသာမက English လိုပါ ဓါတုလက်နက်သုံးပြီး နှိမ်နင်းတယ်ဆိုတဲ့ သတင်းကို ထိုင်းနိုင် ငံ နေးရှင်းကနေ တင်တယ်။ ကိုယ့်တိုင်းပြည်ကို ရောင်းစားမယ့် မီဒီယာ။
အခု နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဘယ်ဌာနကမှ ဓါတုလက်နက်သုံးတယ် လို့  မရေးဘူး။ ရေးတဲ့ မီ ဒီယာက တစ်ခုတည်း ။ အဲဒါက Eleven ပဲ။ စိတ်ခံစားမှုတွေ အရင်းခံပြီး ပြည်သူတွေကို အဆိပ်အတော က်ေ တွ ကျွေးနေတဲ့ Eleven ကတော့ တိုင်းပြည်အတွက် ကြီးမားတဲ့ အန္တရာယ်ပဲ။
Chemical Weapon ဆိုတာ ဘာလဲ။ သိရော သိကြရဲ့ လား။ ကမာမှာသတ်မှတ်ထားတာ CW ဆိုတာ WMD တစ်မျိုးပဲ။ အဲဒီ WMD ဆိုတဲ့ သက်ရောက်မှုက အီရတ်ကိုတောင် အမေရိကန်တပ်တွေ ၀င်ရောက်စီး နင်းတိုက်ခိုက်သွားတဲ့အထိ။ အီရတ်ကို တိုက်ချင်လို့ တိုက်တာ ဖြစ်ပေမယ့် ပြည်ပက မီဒီယာတွေက အီရ တ် ၀င်တဲ့အခါ အကြောင်းပြလို့ ကောင်းအောင် ဆက်ဒမ်မှာ ဓါတုလက်နက်တွေရှိတယ် ဘာညာနဲ့  သတ င်းဖြန့်ပြီးမှာ ချတာ ဖြစ်တယ်။ ဒီတော့ Eleven က ဓါတုလက်နက်ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံတကာ သိေ အာ င် ဖွပေးတာက စီအိုင်အေရဲ့ နှပ်ကြောင်းလား။ သံသယ ဖြစ်စရာ တွေ့လာရပြီ။ ဟုတ်သော်ရှိ မဟု တ်ေ သ်ာရှိ ပြန်ကြည့်ဖို့  လိုလာပြီ။
Eleven အော်သလိုပဲ ပြန်အော်ကြည်လိုက်မယ်။ ဘာသက်သေ ဘာအထောက်အထားမှ မရှိသေးဘဲ နဲ့ေ ပါ့။ Eleven က CIA ဖြစ်ပါတယ်။ တရုတ်လုပ်ငန်းတွေ အကုန်လုံး မြန်မာနိုင်ငံ ထွက်သွားအောင် လုပ်နေ တာပါ။ မယုံရင် ဖမ်းပြီး စစ်ကြည့်ပါ။ ဒေါက်တာခင်မောင်ညိုက ဂူးဂဲလ်မှာ စီအိုင်အေအကြောင်း ရှာ ဖ တ်ပြီး ပြောလိုက်တာ ဖြစ်ပါတယ်။
ဒေါ်စုနောက်ကိုလိုက်ကြပါ ( လမ်းမှန် )
ဆန ဆန ခဏခဏ ပြရင်းနဲ့ ဘယ်သူကမှ ဂရုမစိုက်တော့တဲ့ ဆနပြမှုတွေ ဖြစ်လာလိမ့်မယ်။ ဘုန်းကြီးတွေ ဘာသာအတွက် သာသနာအတွက် ပြကြပါ။ လက်ခံပါတယ်။ လောကီလူ့ ဘုံ ကိစတွေမှာတော့ သံဃာေ တွ ၀င်မပါကြအောင်လို့ နိုင်ငံရေးလုပ်စားတွေ ဆင်ခြင်ကြ ဖို့ လိုပါ တယ်။ ပြည်သူတွေကသာ နောက်ေ ကြာင်း ပြန်လှည့်-မလှည့် လုပ်နိုင်တာပါ။ ဒါကို ဒေါ်စုရော ဦးသိန်းစိန်ရော ပြောထားပြီး ဖြစ်ပါတယ်။
ပြည်သူတွေဆိုတာ Demand Side ဖြစ်ပြီး အစိုးရဆိုတာ Supply Side ပါ။ Supply က ပြောင်းလာအောင် Demand က လုပ်ပေးရတာမျိုး ရှိသလို Demand ပေါ်မူတည်ပြီး Supply က ပြောင်းလဲ ဆောင်ရွက် ရ တာတွေ ရှိပါတယ်။ ဘယ်ဘက်ကဖြစ်ဖြစ် ဥပဒေ ချိုးဖောက်မှုတွေ ဖြစ်မလာအောင်တော့ နိုင်ငံရေးသမား (လုပ်စားသမား မဟုတ်၊ အစစ်အမှန်နိုင်ငံရေးသမား)တွေက ၀ိုင်းပြီး ထိန်းပေးမှ ရမယ်လို့  ထင်ပါတယ်။ နိုင်ငံရေးတောကြောင် ဆိုတာက အမြတ်ထုတ်ဖို့ ပဲ ချောင်းနေကြမှာပါ။ နိုင်ငံရေးလုပ်စားနဲ့  နိုင်ငံရေး သမား ခွဲခြားဖို့ လည်း အရေးကြီးလာပါပြီ။
ပြောချင်တာ သပိတ်စုံ အကုန်ရ ဆိုတဲ့ တက်ကြွလှုပ်ရှား ဆောင်ပုဒ်များကို ကိုးကွယ်နေမယ် ဆိုရင်တော့ ဇာတ်ပျက်ကွန်မြူနစ် အတွေးအခေါ်တွေဟာ ဒီမိုကရေစီကို ဦးတည်နေတဲ့ လက်ရှိကာလလမ်းကြောင်းကို တိမ်းစောင်းသွားစေမယ် ဆိုတာပါပဲ။
( လွတ်လပ်စွာ ထုတ်ဖော်ခွင့်အရ ရေးပါသည်။ ကြိုက်သလို ဆဲ၊ ကြိုက်သလို ရှဲ လို့ ရပါသည်၊ ဖတ်သူတိုင်း အား ကျေးဇူးတင်ပါသည်။ )
ပလေတို ဒီမို
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE