Pages

Saturday, December 8, 2012

“““ ရခိုင်ပြည်နယ် အတွင်း ပကတိ ဖြစ်ရပ်မှန် များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ သုံးသပ် နိုင်ရန် ကွင်းဆင်း လေ့လာ ”””

ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင်တင်တို့သည် ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်း ရေးမှူးချုပ် Ms. Baroness Valerie Amos မောရဝတီ ကျေးရွာရှိ မိသားစု များအား တွေ့ဆုံစဉ်။

နေပြည်တော် ဒီဇင်ဘာ ၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့သည် ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်း ရေးမှူးချုပ် Ms. Baroness Valerie  Amos ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန် နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ များနှင့် ပတ်သက်၍ ပကတိ ဖြစ်ရပ်မှန် များအား သိရှိ နိုင်ရန်နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို လေ့လာ သုံးသပ်နိုင်ရန် စစ်တွေမြို့မှ တစ်ဆင့် မြေပုံ၊ ပေါက်တောနှင့် မောင်တောမြို့ နယ် များသို့ သွားရောက် ကွင်းဆင်း လေ့လာ ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး၊ ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု  အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်း ရေးမှူးချုပ်နှင့် အဖွဲ့သည် မြေပုံမြို့ ကံသာထွက်ဝ ရပ်ကွက်ရှိ တိုင်းရင်းသား ဒုက္ခသည် စခန်းသို့ ရောက်ရှိပြီး နေထိုင် စားသောက်မှု အခြေအနေ အရပ်ရပ်ကို လှည့်လည် ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် မြေပုံမြို့ တောင်ပေါ် ရပ်ကွက် ရွှေ့ပြောင်း ဒုက္ခသည် စခန်းသို့ ရောက်ရှိကြပြီး ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ များနှင့် သိရှိ လိုသည်များကို မေးမြန်း၍ လိုအပ် သည်များ ဖြည့်ဆည်း ပေးနိုင်ရန် တွေ့ဆုံ မေးမြန်း ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိ ကြရာ ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်း ရေးမှူးချုပ်နှင့် အဖွဲ့သည် ကြိမ်နီပြင် ကျေးရွာ ကယ်ဆယ်ရေး စခန်းရှိ  ရွှေ့ပြောင်း ဒုက္ခသည် များနှင့် တွေ့ဆုံ မေးမြန်းကြပြီး ပြည်ထောင်စု ဝန်ကြီးက ရွှေ့ပြောင်း ဒုက္ခသည် များ၏ မူလ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပုံမှန် ပြန်လည် ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်မှု အခြေ အနေများ၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မောင်တောမြို့နယ် မောရဝ တီ ကျေးရွာ သို့ ရောက် ရှိပြီး နေ အိမ် ဆောက်လုပ် ပြီးစီးမှု များနှင့် တည်ဆောက် ပြီးစီးသွားသည့် နေအိမ်များ၌ နေထိုင်လျက် ရှိ သည့် မိသားစု များနှင့် တွေ့ဆုံကာ မေးမြန်းလေ့လာ ခဲ့ကြသည်။
ထိုမှတစ်ဆင့် မောင်တောမြို့နယ် ရွှေရင်အေး ကျေးရွာသို့ ရောက်ရှိပြီး ရွှေရင်အေး ကျေးရွာ တွင် နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ တာဝန်ယူ ဆောက်လုပ် ပြီးစီးသွားသည့် နေအိမ်များ၌ ဒေသခံ တိုင်းရင်းသား ပြည်သူများ ပျော်ရွှင် ချမ်းမြေ့စွာဖြင့် နေထိုင်လျက် ရှိသည့် အခြေအနေ များကို မေးမြန်း လေ့လာပြီး ကျေးရွာအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည် ကြည့်ရှု ခဲ့ကြသည်။
ပြည်ထောင်စု ဝန်ကြီး၊ ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူး ချုပ်နှင့် အဖွဲ့ဝင် များသည် မွန်းလွဲပိုင်းတွင် စစ်တွေ မြို့သို့ ပြန်လည် ရောက်ရှိကြပြီး စစ်တွေမြို့နယ် အတွင်း ဖွင့်လှစ် ထားရှိသည့်  အုန်းတောကြီး ကယ်ဆယ်ရေး စခန်း၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်ရှိ ဒေသခံ ဒုက္ခသည် စခန်းတို့၌ ဒုက္ခသည် များနှင့် တွေ့ဆုံပြီး ကူညီ ထောက်ပံ့ရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ လည်းကောင်း၊  ဖြစ်စဉ် အချင်းအရာ များနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုက္ခသည် များ၏ စိတ်ပိုင်းဆိုင်ရာ  ခံစားမှု များနှင့် ပတ်သက်၍ လည်းကောင်း မေးမြန်းလေ့လာ အားပေးစကား ပြောကြားပြီး  စစ်တွေမြို့ အတွင်း စက်ရုံစု ရပ်ကွက် မီးလောင်မြေ နေရာနှင့် မြို့တွင်း တစ်လျှောက် လှည့် လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သတင်း ရရှိသည်။
MWD

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ရခိုင်ပြည်နယ် အတွင်း ပကတိ ဖြစ်ရပ်မှန် များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ သုံးသပ် နိုင်ရန် ကွင်းဆင်း လေ့လာ ”””

Labels:

0 comments: