Pages

Saturday, December 8, 2012

“““ စစ်သား မပီသလို့ ပုခုံးပေါ်က ခြင်္သေ့ကို ချပြီး ခြေထောက်နာ ခွပ်ဒေါင်း ထိုင်ကန်တော့သူ ”””

ဒေါ်စု သက်တော်စောင့်လိုလို၊ အမြှောက်ကြိုက်ခွပ်ဒေါင်း လိုလို လုပ်နေတဲ့ ဒီကောင့်ကို အကြောင်းသိမို့ လွှတ် ထားပေးကာမှ ထောက်ပို့တပ်က ဆရာကြီးတွေကို ဗိုလ်ကြီးပါဆိုပြီး အလေးပြုစေခဲ့ ချိန်မှာတော့ သည်း မခံ နိုင်တော့ဘူး။ ဒီအချိန်မှာမှ တာဝန်ထမ်းဆောင်နေတဲ့ ရဲကို အထက်က အမိန့်အတိုင်းဆိုရင် မင်းအမေ ကို ဘာညာဆိုတော့ အတိုင်းအတာ ၂ ပြန် ၃ ပြန် လွန်သွားပါပြီ။
 
စစ်တက္ကသိုလ် အပတ်စဉ် ၃၉ ဆိုတာ တက်ချင်တိုင်း လျှောက်လွှာတင်ပြီး တက်လို့ရတဲ့ သင်တန်း မဟုတ် ပါဘူး။ လိုအပ်တဲ့ ပညာအရည်အချင်းနဲ့ ကျန်းမာသန်စွမ်းမှုတွေ၊ အပင်ပန်း အဆင်းရဲခံနိုင်မှုတွေကို စမ်း သပ်ပြီး မှ တက်ခွင့်ရတာမျိုးပါ။ ဒီတစ်ကောင်ကတော့ ဗိုလ်လောင်းဝင်ခွင့်အတွက် ဗိုလ်ရွေးတော့ ရောက် လာပါ ရဲ့။ ကိုယ် သက်သာဖို့ ကောင်းဖို့ အတွက်ဆိုရင် သူများကို ဖိနင်းတတ်တဲ့စိတ်၊ အမှားကို အမှားလို့ လက်မခံ ဘဲ ဖင်ပိတ်ငြင်းတတ်တဲ့ စိတ်တွေနဲ့ ဗိုလ်ရွေးမှာ ဇာတိစပြခဲ့တယ်။ ခိုင်းထားတာတွေ မလုပ်နိုင်၊ ပင်ပန်းမှု ဒဏ်နဲ့ ပျော့ဖတ်နေတဲ့ သူ့အတွက် ဗိုလ်ရွေးဆရာများ ခေါင်းစားခဲ့ဖူးပါသတဲ့။ ဒါပေမယ့် စစ်တက္က သိုလ် ၄ နှစ်ဆိုတဲ့ အတိုင်းအတာမှာ ပြောင်းလဲကောင်းပါရဲ့ဆိုပြီး ဆရာများက သူနဲ့ပတ်သက်လို့ မိမိကိုယ် ကို ကာကွယ် လို စိတ် ရှိ၊ ပင်ပန်းခံနိုင်မှု အားနည်း ဆိုပြီး လျော့ပေါ့ပေးခဲ့မိတာကြောင့် ကံကောင်းစွာနဲ့ စစ်တက္က သိုလ် ရောက်ရှိသွားပါတော့တယ်။
ဗိုလ်လောင်း ဘ၀မှာ ထေကြီး ၊ပျော့ဖတ် စာမကျက် လို့ ဆိုရအောင် ဆိုးသွမ်းပေ မယ့်လည်း အပေါင်း အသင်း များ ထိန်း ကွပ်တာကြောင့် ခြင်္သေ့တစ်ကောင်စီ ပုခုံးတစ်ဖက်စီမှာ တင်ခွင့် ရခဲ့ တယ်။ ကျောင်း ဆင်းလို့ ရောက်တာက ခလရ ၁၉ ဖာပွန်ဆိုတော့ မျက်ရည်ဝဲတဲ စိတ်ဓာတ်ပျက် ပြောခဲ့တဲ့ စကားတွေ ကို လည်း တစ်ပတ်စဉ်ထဲက အမှတ်ရနေဆဲပါပဲ။
အဲဒီ အချိန်က ၁၉ ဖာပွန် တမလွန် ဆိုပြီး နာမည်ကြီးလောက်အောင်ကို အဲဒီတပ်က တပ်မတော် သားတွေ ဟာ အသက် စွန့်ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ရတာကိုး။သတ္တိရှိရမယ်။ တိုက်ရဲ ခိုက်ရဲ ရမယ်။ အသက် ကို ဥာဏ်စောင့် တတ်ရမယ် ၊ကံကောင်းရမယ် ဆိုတဲ့ အချက်တွေ ပြည့်စုံမှ ထိုတပ် က ပြန် လာနို င်ေ ပ မယ့် ငှက်ဖျားလိုလို ဘာလို လိုနဲ့ ဆေးရုံ ၂ ခါတက် စိတ် ဓာတ်ပျက် ကတော့ အေးဆေး ပါပဲ။ စည်း ကမ်း ပျက်တာတွေ ကတော့ ပြောမဆုံး တာပေါ့ တပ်သမိုင်းမှာ သူ့နာမည်တောင် မရေးချင်ပါဘူး လို့ ပြော တဲ့ သူတွေကလည်း ပြောကြပါတယ်။ဒီလို အကျင့်ကြောင့်ပဲ အင်းစိန်ထောင်ရောက် ခါးရိုး ကျိုးပြီး သေတော့ မတတ် မီဒီယာတွေက ၀ိုင်းအော် ပေးခဲ့ရတာလဲ အမှတ်ရစရာပါ။ အခုတော့ လည်း ဟောင် ဖွာဟောင်ဖွာနဲ့ ကျန်းမာရေးတွေက ဒေါင်ဒေါင်မြည်ပေါ့။
နောက်တော့ တပ်မတော်ရဲ့ စည်းကမ်းထိန်းသိမ်းရေးလို့ ဆိုရမယ့် တပ်ထိန်းတပ်ကို သူ့ပြန်ထိန်းဖို့ ပို့လိုက် ပါလေေ ရာ။ ထွက်ခွင့်တွေတင်၊ စည်းကမ်းတွေဖောက်ဖျက်၊ တာဝန်မကျေ၊ အပျော်အပါး မက်မော ပြောမ ဆုံးတဲ့ မှတ်ချက်ဆိုးများနဲ့ ကျော်ကြားခဲ့တာလဲ တပ်ထိန်းတပ်မှာ သူတစ်ယောက်ပဲ ရှိခဲ့ပါတယ် ။ ငွေေ ကြး အရှုပ် အရှင်းတွေကြောင့် နောက်ဆုံးမှာ ထွက်ခွင့် တင်ခိုင်းရတဲ့ အထိ ဖြစ် လာပြီးေ တာ့ နေ မျိုးဇင် တစ်ေ ယာက် ခြင်္သေ့တွေကို ပုခုံးပေါ်က ချပေးခဲ့ရပါတော့တယ်။
ပျော်ဖော်ပျော်ဖက် သောက်စားဖက် တစ်ပတ်စဉ်ထဲ သူငယ်ချင်း ညီမကို ယူပြီး ခြေငြိမ်မလား ဆိုပြန်ေ တာ့လဲ မိုက်ဆဲပါပဲ။ အဲဒီ သူငယ်ချင်းက လေးလုံးကိုက်ပြီး သေသွားတဲ့ အခါမှာတော့ နေမျိုးဇင် တစ်ယော က် ဘာ လုပ် လို့ ဘာကိုင်ရမှန်း မသိဖြစ်သွား ပါတော့တယ်။ ဒီတော့မှ အပြေးအလွှားသွေးစစ်ရင်း ဗိုလ်ြ ကီးေ ဟာင်း နေမျိုးဇင် သွေးလှူပုဂ္ဂိုလ်ကြီး ဖြစ်မှန်းမသိ ဖြစ်လာတော့တယ်။
တပ်ထဲမှာ ဆက်နေလဲ အကျိုးမရှိတော့ဘူးဆိုတာ သူသိသွားတဲ့ အချိန်က တပ်ခွဲမှူး သင်တန်း အပြီးမှာပါ။ ဆိုး သွမ်း မိုက်မဲသူ တစ်ယောက်ဖြစ်တဲ့အတွက် လူပေါင်း ၅၀၀ ကျော် တက်တဲ့ ခြေလျင်ခွဲမှူး သင်တန်းမှာ သူများ လုပ်သလို မလုပ်နိုင်တဲ့နောက် အဆင့် ၅၀၀ နီးပါးနဲ့ ဆင်းခဲ့ရပြန်ရော။ အဆင့်သတ်မှတ်ချက်အရ ထို အဆင့် ရတဲ့သူတွေဟာ တပ်မတော်မှာ တစ်ဆင့်မြင့်ရာထူးတိုးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ သင် တန်း ဆင်းက ထဲက ဖြစ်လိုက်တဲ့ ပြဿနာမျိုးစုံဟာ အရည်အချင်း မဲ့သူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ေ တွေ ကြာင့် ပါလို့ ဆိုရင် ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။
ခြင်္သေ့တွေကို ချထားရပြီးတဲ့နောက် ဟိုယောင် ဒီယောင် ဖြစ်နေတဲ့ နေမျိုးဇင် အကြိုက်တွေ့ သွားတာ က ခြေ တစ်ဖက် နာနေတဲ့ ခွပ်ဒေါင်းကြီးပါပဲ။ အစိုးရ မကောင်းကြောင်း၊ တပ်မတော် မကောင်းကြောင်း၊ လုပ်သမျှ ဆန့်ကျင် ဘက်ပြောသူ မှန်သမျှ ၀ဲလ်ကမ်း လုပ်နေချိန် ဆိုတော့ ဒေါင်း အလံကြီး ဦး သုံးကြိမ် ချ အပြီးမှာ ပါတီ ၀င် နေမျိုးဇင် ဆိုပြီး ဖြစ်လာ ပါလေရော။
ကျောင်းသားတွေလို ဆူပူဖို့ကလည်း တပ်ထွက်ဆိုတော့ ၆ လ အတွင်း တိုက်ရိုက် အရေးယူနိုင်၊ ၃ နှစ် အတွင်း အရေး ယူနိုင်တဲ့ ဥပဒေတွေကလည်း ရှိတာမို့ ကျယ်ကျယ်လောင်လောင် ဆူပူလို့ကလဲ မရ။ နိုင် ငံေ ၇း လို့ ပြောရအောင်ကလည်း စာမဖတ်၊ ပေမဖတ် အစွမ်းအစ မရှိသူဖြစ်တာကြောင့် ထဲထဲဝင်ဝင် မရှိ။ စား ခွက် လုရပါ့မလားဆိုပြီး သူများက ခြေတစ်ဖက်နာတဲ့ဒေါင်း၊ သူက ခြေနှစ်ဖက် ကျိုးတဲ့ ဒေါင်း ဖြစ် မှာ လည်း စိုး၇ိမ်ရ သေးတယ်။ အဲဒီတော့ ဒေါင်ဒေါင်မြည် စစ်သား လူထွက်ကြီး နေမျိုးဇင် ထမီစောင့် လုံခြုံရေး လုပ်ရပါရော။
အဲဒီနောက်တော့ လွှတ်တော်တွေထဲ ရောက်ပြီး စောင့်စရာ အမှိုက်ပုံပဲ ရှိတဲ့အခါမှာ နေမျိုးဇင် မြှားဦး ရဲေ တွ ဘက်ရောက် သွားပါတော့တယ်။ တွေ့သမျှ ရဲကို ငါဗိုလ်ကြီးဟောင်းကွ ဆိုပြီး လုပ်လား လုပ်ရဲ့။ ကင်မ ရာ သမားခေါ်ပြီး တစ်နိုင်ငံလုံးက မီဒီယာတွေပါ လို့ ပြောလားပြောရဲ့နဲ့ စစ်တပ်နှင့်ရဲ ကို အပုပ် ချ စော်ကားတာ တွေ လုပ်ပြီး ဒေါင်းမဟုတ်၊ ကျီးမဟုတ် တစ်စင်ထောင် ပုံစံမျိုးတွေ လုပ်လာပြန်တယ်။ စစ် သား နဲ့ ရဲ ကို တာဝန်မဲ့စေတဲ့ စကားတွေ ပြောပြီး သူရဲကောင်းတစ်ယောက်လို လုပ်ဆောင် လာပြန် တယ်။
နောက်ဆုံးတော့ စစ်သား မပီသလို့ ခြင်္သေ့တွေ ချခဲ့ရတဲ့ စစ်သား သရဲ တစ်ယောက် အခုတော့ သစ္စာ ဖောက် ဖျက် လို့ ဒဏ်ခတ်ခံရပြီ။ ဒီလို စစ် သားတွေ ပို့သတဲ့ မေတ္တာကြောင့် နေမျိုးဇင်လည်း မကြာ ခင် ရဲအရာရှိ ပြောသလို လုပ်စားဖို့ သာ ကျန်ပေတော့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ စစ်သား မပီသလို့ ပုခုံးပေါ်က ခြင်္သေ့ကို ချပြီး ခြေထောက်နာ ခွပ်ဒေါင်း ထိုင်ကန်တော့သူ ”””

Labels:

0 comments: