ယနေ့ မွန်းလွဲ ၂ နာရီ ခွဲတွင် ပြည်ထောင်စု
လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဗီယက်နမ်
ဆိုရှယ်လစ် သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ
ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Giang A Chu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား
နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ- ဗီယက်နမ်
နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှု တိုးတက် ခိုင်မာရေး၊
နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု
တိုးမြှင့်ရေး၊ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ရေးတို့ အပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး
ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု
လွှတ်တော် နာယကနှင့် အတူ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက အမျိုးသား
လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ
ကော်မတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်၊ အတွင်းရေးမှူး ဦးခက်ထိန်နန်နှင့် ကော်မတီ
အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ကြပြီး ဗီယက်နမ်
အမျိုးသား လွှတ်တော် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်
အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် နိုင်ငံ သံအမတ်ကြီး H.E.
Mr. Chu Cong Phung လည်း တက်ရောက်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။