Pages

Saturday, December 8, 2012

“““ နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီး များအား ဆန္ဒပြရာမှ ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်နှင့် ပတ်သက်၍ တောင်းပန် လျှောက်ထားခြင်း အခမ်းအနား ”””

လက်ပံတောင်း ဆူပူမှုကို မနက် ၃ နာရီထပြီး သတင်းသွားယူတဲ့ မီဒီယာတွေ ဘာလို့ မဖော်ပြကြသလဲ ဆိုတဲ့ သတင်းကို တွေ့လိုက်ရပါတယ်။ အချိန်တန်တော့ တကယ့် သံဃာအစစ်တွေ ဆုံးမပါလိမ့်မယ်။ မရရင်တော့ အာဏာစက် သုံးရပါတော့မယ်။
 
နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီး များအား ဆန္ဒပြရာမှ ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်နှင့် ပတ်သက်၍ တောင်းပန် လျှောက်ထားခြင်း အခမ်းအနား
 
မရန်းကုန် မြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမ္ဘာအေး ကုန်မြေရှိ သာသနာရေး ၀န်ကြီး ဌာနရုံး (ရန်ကုန်) တွင် သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင်က နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီး များအား ဆန္ဒပြရာမှ ဖြစ်ပွား ခဲ့သော ပြဿနာ အရပ်ရပ်နှင့် ပတ်သက်၍ တောင်းပန် လျှောက်ထားခြင်း အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဆရာတော်နှင့် သံဃာ (၂၉) ပါး၊ ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင်၊ ပြည်ထဲရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးနှင့် ရဲချုပ် ကျော်ကျော်ထွန်း၊ ရဲမှူးချူပ် သူရ ဘိုနီ၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမိုးဇော်ရွှေတို့ အပါအ၀င် လူပုဂ္ဂိုလ် (၃၀) ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရှိရ ပါသည်။

reshared : http://www.myawady.net.mm/allnews/headline/item/1126-2012-12-07-17-16-18

အခမ်းအနားတွင် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများအား ယခုကဲ့သို့ ပင့်ဖိတ်လျောက်ထားရသည့် အကြောင်းအရင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒဖော် ထုတ်ခြင်းနှ င့် ပတ်သက်၍ နိုင်ငံရေး အမြတ်ထုတ်လိုသော ပုဂ္ဂိုလ်အချို့မှာ မုံရွာမြို့ပေါ်ရှိ စာသင် တိုက်ကြီးများသို့ သွားရောက်ကာ လိုက်လံ စည်းရှုံးမှုများ ရှိသဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ တာဝန်ရှိသူများမှ မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ သွားရော က်ပြီး သံဃာတော်များ ပါဝင်ခြင်းမပြုရန် လျောက်ထားခဲ့ရာ ဆရာတော်ကြီးများက သာသနာေ တ်ာနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသဖြင့် သံဃာတော်များအား ပါဝင်ခြင်းမပြုရန် ဆုံးမသြ ၀ါဒ ပေး ခဲ့ကြောင်း၊ ရဟန်းသံဃာငယ်အချို့နှင့် ကိုရင်ငယ်များမှာ လွန်စွာရှုပ်ထွေးလှသော ကြေးနီတောင် စီမံကိန်း တွင် မေတ္တာတရားကို ရှေ့ထားပြီး လိုက်ပါဆောင်ရွက်ပေးခဲ့ကြသည်ဟု ထင်မြင်ယူဆ ရပါကြောင်း လျောက် ထား ခဲ့သည်။

ထို့ပြင် ကြေးနီတောင် သပိတ်စခန်း၏ အခြေအနေမှာ တရားဥပဒေကို ဆန့်ကျင်ကာ အခြေအနေ ပိုမိုရှုပ်ေ ထွးလာသဖြင့် မသက်သာသည့်အဆုံးတွင် လုပ်ထုံးလုပ်နည်း များဖြင့် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုဝင် ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီမှ စတင်ပြီး သပိတ်စခန်းများ ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံရင်း အချိန်ပေးခဲ့ သည်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအထိဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် သပိတ်စခန်းကို ၀င်ရောက်ရှင်းလင်းခဲ့ရာမှ ဦးပဇင်းနှင့် ကိုရင်အချို့ ဒဏ်ရာရပြီး  မုံရွာပြည် သူ့ဆေးရုံကြီးသို့ ဦးပဇင်းငယ် ၂၇ပါး၊ ကိုရင်လေးပါး၊ လူပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း ၃၂ ဦး ဆေးရုံ တက်ခဲ့ပြီး ပြင်ပလူနာ ဦးပဇင်း၊ ကိုရင် အပါး ၄၀ လည်း လာရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဒဏ်ရာအနည်းငယ်သာ ရရှိသော ဦးပဇင်း၊ ကိုရင် ၉၉ပါး၊ လူပုဂ္ဂိုလ် ၁၁ဦးတို့ကို မန္တလေးမြို့ လူမှုကူညီရေးအဖွဲ့မှ ကားဖြင့်ပို့ဆောင်ပေးခဲ့သည်ဟု သိရကြောင်း၊ ဒီဇင်ဘာ ၄ ရက်တွင် ဦးပ ဇင်း၊ ကိုရင် ၃၂ ပါး ဆေးရုံမှ ဆင်းသွားပြီး ဒီဇင်ဘာ ၆ ရက်တွင် ဦးပဇင်း၊ ကိုရင် ၆၅ ပါး မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်နေရာမှ ဦးပဇင်း၊ ကိုရင် ၃၃ပါး ဒဏ်ရာမှ သက်သာ၍ ကန်သာယာ သံဃာ့ေ ဆးရုံကြီးသို့ ပြောင်းရွှေ့သွားခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သံဃာ ၃၂ ပါးသာ ကျန်ရှိတော့ ပါကြောင်း လျောက်ထားခဲ့သည်။

ဆက်လ က်၍ သူရဦးမြင့်မောင်က အထက်ပါ ဖြစ်စဉ်များ ဖြစ်ပွားရခြင်းမှာ မသမာသူအချို့၏ လုပ်ကြံဖန် တီး သွေးထိုးမှုများကို သက်တော်ငယ်ကာ နိုင်ငံရေးပရိယာယ်ကို နားမလည်ကြသေးသော သံဃာငယ် များနှင့် ကိုရင် ငယ်များမှ ကိုယ်ရောစိတ်ပါ လိုက်ပါဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဦးပဇင်း၊ ကိုရင်ငယ် များတွင် လုံးဝအပြစ်မရှိကြောင်းကို တွေ့ရကြောင်း၊ ယခုကြေးနီတောင် အဖြစ်အပျက်တွင် ဦးပဇင်းနှင့် လူပုဂ္ဂိုလ်များ ထိခိုက်ဒဏ်ရာ ရရှိသွားခြင်းကြောင့် တာဝန်အရ ပြုလုပ်ေ ဆာ င်ရွက်ခဲ့ကြသော ရဲဝန်ထမ်း များမှ စိတ်မကောင်း များစွာ ဖြစ်ရပါကြောင်း ထို့အတွက် မုံရွာမြို့တွင် ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ တာဝန်ရှိ ရဲအရာရှိများက ဆရာတော်ကြီးများအား ၀န်ချတောင်းပန်ခဲ့ ပြီး ဖြစ်ြေ ကာင်း လျော က် ထား ခဲ့သည်။

ကျွန်တော်တို့ အစိုးရအနေဖြင့်လည်း ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး စိတ်နှလုံး မချမ်းမသာ လွန်စြွာ ဖစ်ခဲ့ ရကြောင်း မလွှဲမရှောင်သာ၍ နိုင်ငံတော်အတွက် တာဝန်နှင့် ၀တ္တရား အရ ပြုလုပ်ခဲ့ ရသည်မှအပ နော က်ေ နာင် မလိုလား အပ်သော အဖြစ်အပျက်များ ထပ်မံမဖြစ်ပွားစေရန် အထူး သတိထား ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ကြေးနီတောင် အဖြစ်အပျက်နှင့် ပတ်သက်၍ ထူးခြားမှုတစ်ခုမှာ အုံကြွမှုကြီး ဖြစ်လာစေရန် စည်းရုံးခေါ်ဆောင်သွားသော လူပုဂ္ဂိုလ်အချို့တို့မှာ ဆန္ဒပြ သပိတ်စခန်းတွင် ရှိမနေ ဘဲ အချို့မှာ ရွာထဲတွင်လည်းကောင်း၊ အခြားနေရာများ၌ လည်းကောင်း ရှောင်တိမ်းနေကြသဖြင့် ထိုပုဂ္ဂိုလ် တို့မှာ ဒဏ်ရာရရှိမှု မရှိသည့် ထူးခြားမှုပင် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဒဏ် ရာ ရရှိသော ဦးပဇင်းများနှင့် ကိုရင်များ အား စေတနာ သဘောရိုးဖြင့် ပြု စုစောင့်ရှောက် လျက် ရှိေ ကြာင်း၊ နိုင်ငံတော် ကိုယ်စား ဒဏ်ရာ ရရှိသည့် ဦးပဇင်းနှင့် ကိုရင်များကိုလည်း အလေး အမြတ် ထား တောင်း ပန် အပ်ပါကြောင်း လျောက်ထား ခဲ့သည်။

လျောက်ထားမှုအပေါ်တွင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်က ဆရာေ တာ် အနေဖြင့် ဦးပဇင်းများ ကိုရင်များ အတွက် တစ်မျိုး၊ နိုင်ငံတော် အစိုးရ အတွက် တစ်မျိုး နှစ်မျိုး ထားကာ သြ၀ါဒပေး သွားမည် ဖြစ်ကြောင်း၊ ရှေးယခင် သီဟိုရ်တွင် ဖြစ်ပွား ခဲ့သည့် ရဟန်း သံဃာများနှင့် ပတ်သက် သည့် ပဋိပက္ခများနှင့် ပတ်သက်သော ပုံပြင်၊ ဥပမာ၊ သာဓကများဖြင့် ရှင်းလင်းခဲ့ပြီး ထိုကဲ့သို့ အဖြစ် အပျက်၊ ထိုကဲ့သို့ အကုသိုလ် ကံမျိုး ထပ်မံ မဖြစ်ရန် ကြိုးစား၍ ကောင်းကောင်း မွန်မွန် ဆက်လ က်နေ ထိုင်ကြရန် မြွက်ကြားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီကျော် အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ် စခန်းများ အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နှင်းရာတွင် သံဃာတော်အများစုနှင့် လူအင်အား တစ်ရာေ ကျာ် မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှ စပြီး မန္တလေးဆေးရုံကြီးသို့ တက်ရောက် ကုသသည့် သံဃာတော်နှ င့် လူနာ ၁၀၅ ဦး ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအ ချိန်တွင် ဆေးရုံ အတွင်း နေရာ အခက်အခဲအရ ကန်တော် နဒီဆေးရုံ သို့ ပြောင်းရွှေ့ ထားကြောင်း၊ သံဃာေ တာ် ၂၆ ပါးနှင့် လူပုဂ္ဂိုလ် ၅ ဦး မန္တလေးေ ဆးရုံတွင် ကျန်ရှိနေေ သးကြောင်းနှင့် ၄င်းတို့အနက်မှ သံဃာေ တာ် ၈ ပါးမှာ ဒဏ်ရာပြင်း ထန်ကြောင်း သိရသည်။

ထို့ပြင် သပိတ် စခန်း ဖြိုခွင်းမှုကြောင့် ဒဏ်ရာ ရရှိခဲ့သည့် သံဃာ အပါး တစ်ရာခန့်တွင် အပြင်း ထန်ဆုံး ဒဏ်ရာရ ရှိခဲ့သည့် ဆရာတော် ဥူးသိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ေ ဆးကုသရန် စီစဉ်ေ နကြောင်း ကျန်း မာရေးစောင့်ရှောက်မှု ကော်မတီမှ ဘ၀အလင်းဆရာတော်မှ မိန့်ကြားခဲ့သည်။
 
weekly eleven
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီး များအား ဆန္ဒပြရာမှ ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်နှင့် ပတ်သက်၍ တောင်းပန် လျှောက်ထားခြင်း အခမ်းအနား ”””

Labels:

0 comments: