Pages

Thursday, December 6, 2012

“““ ခွင့်ပြုပြီး စီမံကိန်းများ ကို ပြန်သုံးသပ်မည် ”””

ခွင့်ပြုပြီး စီမံကိန်းများအားလုံးကို ပြန်လည်စိစစ်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင် စု ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “စိစစ်ရမှာပေါ့ဗျာ။ မစစ်လို့ ဘယ်ရပါ့မလဲ။ အခုကြေးနီ စီမံကိန်း ကို လည်း နိုင်ငံတော်အဆင့်က စစ်မှာပဲလေ။ တို့လည်း သုံးသပ်တာတွေ ပြန်လုပ်ရမှာပဲပေါ့” ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လက်ရှိ စီမံကိန်းများကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ချထားပေးရာတွင် အချို့သော စီမံကိန်းများ၌ မှားယွင်းသော လုပ်ဆောင်မှုတို့ ရှိနေကြပြီး ထိုအရာတို့မှာလည်း သတိပြုဆင်ခြင်စရာ တစ်ခုဖြစ်သည် ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောသည်။

“အမှန်ကတော့ဗျာ။ လက်လုပ်လက်စား အခြေခံလူထုနဲ့ ကုမ္ပဏီတွေက ပိုထိတွေ့ဖို့ လိုတာပေါ့။ အခုက ဒီလိုမဟုတ်ကြဘဲ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကြတာပေါ့။ ဒီလိုတွေ မဖြစ်ရေ အာင် ဆောင်ရွက်ကြရင် အကောင်းဆုံးပါပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိလာပြီလည်း ဖြစ်သဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ပြဋ္ဌာန်းဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်များ ချထားပေးမှုကို စနစ်တကျဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဘက်ပေါင်းစုံ သုံးသပ်၍ စိစစ်လုပ်ဆောင် သွားမည်ဟု ကော်မရှင်ထံမှ သိရှိရပါသည် ။

Popular News

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ခွင့်ပြုပြီး စီမံကိန်းများ ကို ပြန်သုံးသပ်မည် ”””

Labels:

ခွင့်ပြုပြီး စီမံကိန်းများအားလုံးကို ပြန်လည်စိစစ်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင် စု ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “စိစစ်ရမှာပေါ့ဗျာ။ မစစ်လို့ ဘယ်ရပါ့မလဲ။ အခုကြေးနီ စီမံကိန်း ကို လည်း နိုင်ငံတော်အဆင့်က စစ်မှာပဲလေ။ တို့လည်း သုံးသပ်တာတွေ ပြန်လုပ်ရမှာပဲပေါ့” ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လက်ရှိ စီမံကိန်းများကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ချထားပေးရာတွင် အချို့သော စီမံကိန်းများ၌ မှားယွင်းသော လုပ်ဆောင်မှုတို့ ရှိနေကြပြီး ထိုအရာတို့မှာလည်း သတိပြုဆင်ခြင်စရာ တစ်ခုဖြစ်သည် ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောသည်။

“အမှန်ကတော့ဗျာ။ လက်လုပ်လက်စား အခြေခံလူထုနဲ့ ကုမ္ပဏီတွေက ပိုထိတွေ့ဖို့ လိုတာပေါ့။ အခုက ဒီလိုမဟုတ်ကြဘဲ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကြတာပေါ့။ ဒီလိုတွေ မဖြစ်ရေ အာင် ဆောင်ရွက်ကြရင် အကောင်းဆုံးပါပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိလာပြီလည်း ဖြစ်သဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ပြဋ္ဌာန်းဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်များ ချထားပေးမှုကို စနစ်တကျဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဘက်ပေါင်းစုံ သုံးသပ်၍ စိစစ်လုပ်ဆောင် သွားမည်ဟု ကော်မရှင်ထံမှ သိရှိရပါသည် ။

Popular News
0 comments: