Pages
Thursday, December 6, 2012
“““ အနောက်တံခါး ကို လှည့်ကြည့်ခြင်း ”””
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ပန်းတိုင်ဟာ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ဖဲ့ထုတ်လို့ရရင် သီးခြားနိုင် ငံဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် အခြားမူဆလင်နိုင်ငံတစ်ခုနဲ့  ပူးပေါင်းချင်ပူးပေါင်းလိမ့်မယ်။ အဓိကပန်း တိုင် က တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ အဲဒီလိုဖဲ့ထုတ်ရေး ကြိုးပမ်းမှုတွေ အောင်မြင်ရေးအတွက် ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်ရေးဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတစ်ခုဖြစ် တ ယ်ဆိုတာကို ဇွန်လကကျနော့်ရေးတဲ့ မြန်မာနိုင်ငံရဲ့ အနောက်တံခါးတစ်ကယ်ကျိုးပျက် သွားပြီ လားေ ဆာ င်းပါးမှာထောက်ပြခဲ့ဖူးတယ်။
ဆိုလိုတာက အဲဒီတိုင်းပြည်ဖဲ့ထုတ်ရေးပန်းတိုင်အတွက် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးနည်းဗျူဟာကို မဖြစ်မနေလုပ်ဆောင်လာလိမ့်မယ်လို့  ကြိုပြောခဲ့တဲ့အတိုင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ဘာ သာေ ရးအဓိကရုဏ်းဆီကို မောင်းနှင်နေတယ်လို့ ပြောချင်တယ်။ အဲဒီလိုမောင်းနှင်တဲ့နေရာ မှာ မြန်မာ မွတ် ဆ လင် ပညာတတ်အချို့နဲ့  မွတ်ဆလင်သူဌေးတစ်ချို့ဟာ အင်အားတွေအဖြစ် နောက် ကွယ်ကကူညီတာတွေ ရှိသလို ပြည်ပရောက်နေတဲ့ ခေတ်ပညာတတ် မြန်မာမွတ်ဆလင်တွေဟာလည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂ လီတွေဘက်က ရပ်တည်ပေးတာတွေရှိတယ်။ဆိုတော့ ဒီအခင်းအကျင်းဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ အင်အားအဖက်ဖက်ကတောင့်တင်းလာတဲ့တစ်နေ့ မှာ မြန်မာမွတ်ဆလင်တွေလည်းပေါ်ပေါ် ထင် ထင် ကြီးရပ်တည်လာကြပါလိမ့်မယ်။
ကနေ့  ရခိုင်ပြည်အရေးအခင်းဟာ အလွန်နက်ရှိုင်းပါတယ်။ နိုင်ငံသား အခွင့်အရေး တောင်းဆိုမှုမျိုး မ ဟုတ်ဘဲ နယ်မြေပိုင်ဆိုင်ရေးကို တစ်စိုက်မတ်မတ် လုပ်လာတဲ့ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အလွန် နက် ရှိုင်း တဲ့ပြဿနာလို့  ပြောရခြင်းဖြစ်ပါတယ်။ညီညွတ်မှုမရှိတဲ့ လုပ်နည်းလုပ်ဟန်တွေ တိမ်းစောင်းသွား ရင် မြန် မာနိုင် ငံရဲ့ နယ်မြေအချို့ကို စတေးရမယ့်အနေအထားပါ။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေ နဲ့  နိုင်ငံ သားအခွင့်အရေး၊လူ့အခွင့်ရေး၊ ဘာသာရေးလွတ်လပ်ခွင့်စတဲ့ အခင်းအကျင်းတွေကို အခြေခံပြီး လုပ်ေ ဆာင်နေခြင်းမဟုတ်တဲ့ အခြေခံပေါ်မှာ ပြဿနာရဲ့ အတိမ်အနက်ဟာကွဲပြားသွားရခြင်းဖြစ် ပါတယ် ။ ပြည် တွင်းပြည်ပ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ မြန်မာမွတ်ဆလင်အချို့ရဲ့ သမိုင်းကိုပြောင်းပြန် လှန်ပြီး ပြော ဆိုရေးသားဝါဒဖြန့် နေခြင်းများဟာရခိုင်၊ ကရင်၊ မြန်မာစတဲ့တိုင်းရင်းသားတွေ ရဲ့ ဒေါသကိုဆွပေးနေ သ လို ဖြစ်စေခဲ့ပါတယ်။တစ်နည်းအားဖြင့် ရခိုင်အရေးအခင်းဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံကို တပ် လှန့်သလို ဖြစ်စေခဲ့ပါတယ်။
ရခိုင်ပြည်ကလွဲပြီးမြန်မာနိုင်ငံတစ်နံတစ်လျားမှာရှိနေတဲ့ မွတ်ဆလင်တွေဟာလူ့ အခွင့်ရေး၊ဒီမိုကရေစီရေး၊ ဘာသာရေးလွတ်လပ်ခွင့်စတဲ့ တောင်းဆို တိုက်ပွဲဝင်မှုတွေ ထဲမှာမြန်မာ တိုင်းရင်းသားတွေနဲ့ အတူ တိုက် ပွဲဝင်ခဲ့ကြတယ်။အဲဒီအဆင့်မှာဘဲရပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် မြန်မာ မွတ်ဆလင်တွေ နဲ့  မြန်မာတိုင်း ရင်း သားတွေ ကြီးမားတဲ့ ပြဿနာတွေ မဖြစ်ခဲ့တာဖြစ်တယ်။ ထို့အတူ ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင် ဘာသာဝင်တွေအနေနဲ့လည်း အဲဒီလိုရပ်ပြီး တိုက်ပွဲဝင်ရင် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး လို့ပြောရဲပါတယ်။ အဲဒီအဆင့်မှာမရပ်ဘဲ ရခိုင်ပြည်ဟာရိုဟင်ဂျာလူမျိုးတွေ ပိုင်နက်ဖြစ်တယ်။ အိမ်ရှင်ဆို တာရခိုင်တွေမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတဲ့ဝေါဟာရဟာ ခေတ်သစ်မှာပြောင်းထားတဲ့ နာမည်မဟုတ်ဘူးနှစ်ေ ထာင်ချီပြီးဒီနာမည်နဲ့  ဒီလူမျိုးဟာ ရခိုင်ပြည်မှာနေထိုင်လာတာဖြစ်တယ်။ ရခိုင်တွေကနောက်မှ ၀င်လာ တာစသဖြင့် ပြောကြရေးကြပြီး ဒီအပေါ်မှာ ရပ်တည်လှုပ်ရှား ဆောင်ရွက်နေခြင်းဟာ ဘယ်လိုမှသဟဇာ တ (လိုက်လျောညီထွေ) ဖြစ်လာမှာမဟုတ်တာကတော့ သေချာပါတယ်။ တရားဥပဒေစိုးမိုးရေး ဘယ်ေ လာက် ဘဲရှိနေနေ အထက်ကတင်ပြခဲ့တဲ့ ရပ်တည်ချက်အပေါ်မှာရပ်ပြီး လှုပ်ရှားနေသမျှ ကာလပတ် လုံး ပြဿနာကတော့ ရှိနေအုံးမှာသေချာပါတယ်။
ဆိုတော့ ဒီလှိုင်းကိုစီးပြီးမျောနေတဲ့ မြန်မာမွတ်ဆလင်တွေ ပြည်တွင်းပြည်ပမှာရှိနေကြတယ်။ ဒါကြောင့် ရို ဟင်ဂျာအမည်ခံဘင်္ဂလီတွေနဲ့ အတူ ပူးပေါင်းပါဝင်နေတဲ့ မြန်မာမွတ်ဆလင်တွေ ကိုလည်း ပြတ်ပြတ် သား သား ဆန့်ကျင်ရပါလိမ့်မယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့လုပ်ရပ်၊ အမျိုးသား အကျိုးစီး ပွား ကို ထိပါးတဲ့လုပ်ရပ်ဟာတိုင်းပြည်ရဲ့ ရန်သူပါ။ ထို့အတူ မြန်မာ တိုင်းရင်းသား ထဲက ဖြစ်ရင်လည်း ရန် သူအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲမှာ "ကိုယ့်အမျိုးကိုချစ်ရုံနဲ့ ဒီ့ပြင် အမျိုးကို လည်း မုန်းဖို့ မလိုဘူး၊သို့သော်လည်း အမျိုးအကျိုးကို လာထိတဲ့ သူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့ ဒါကငါတို့ အမျိုးရဲ့ ရန် သူအဖြစ် ဖြင့်သာ နှိမ်နှင်းခြင်း ဖြစ်တယ်၊ ဘယ်လူမျိုးဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး" ဆိုပြီး မိန့် ခဲ့ဖူးတယ်။ ကနေ့ အချိန်မှာလည်းဒီလို ပြတ်သားရပါလိမ့်မယ်။ အမျိုးသား အကျိုးစီးပွား အပေါ်မှာ ရဲ့ ရင့် ပြတ်သားမှု မရှိဘူးဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ် ဟာ ချောက်ကမ်းပါးထဲကို လိမ့်ဆင်း သွားမှာသေချာပါတယ်။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ပန်းတိုင်းဟာ နိုင်ငံသားအခွင့်အရေးမဟုတ်ဘူး။ မွတ်ဆလင်တိုင်းပြည် ထူထောင်ရေးဖြစ်တယ်။ ဒီရည်မှန်းချက်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးမတိုင်မှီကပင် ကနေ့ အချိန်ထိ ကိုင် စွဲထားဆဲဖြစ်တယ်ဆိုတာသူတို့ရဲ့လှုပ်ရှားဆောင်ရွက်မှုအဆင့်ဆင့်က သက်သေပြနေတယ်။ OIC ကိုချဉ်း ကပ်ပြီး သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လာခဲ့တာ ကြာခဲ့ ပါပြီ။ဇွန်လရခိုင်ပြည် အရေး အ ခင်းကို ဘာသာရေးစစ်ပွဲအဖြစ် ဖန်တီးခဲ့ခြင်းဖြစ်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဒီမအောင်မြင်မှုအပေါ် မှာ နော က်ထပ်ခြေလှမ်းတစ်လှမ်းတိုးလာခဲ့တာကတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေပါတယ်လို့  ၀ါဒဖြန့်ခဲ့ခြင်းဟာအောင်မြင် သင့်သလောက် နိုင်ငံ တကာမှာ အောင်မြင်ခဲ့ပါတယ်။ ဒုတိယခြေလှမ်းဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ခေါင်းစဉ်ရွေး ချယ်ခဲ့တာ ဟာ လည်း OIC နဲ့ ညှိပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်။
OIC ကလည်း ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ ကလူမျိုးတုံးသတ်ဖြတ်ကြောင်း ပြော လာ ချိန်မှာ အမေရိကန်ရဲ့ တုန့်ပြန်ချက်ကြောင့် ရှေ့မတိုးလာခဲ့ပေမယ့် OIC မြန်မာနိုင်ငံ ထဲဝင်ရေးကို ညင် သာ စွာ လှုပ်ရှားလာခဲ့တယ်။မြန်မာနိုင်ငံလူထုရဲ့ နိုင်ငံရေးနိုးကြားမှုကြောင့် မြန်မာပြည်တွင်း ၀င်ရောက်ရေး အ စီအစဉ် မအောင်မြင်ခဲ့ခြင်းအပေါ်မှာ နောက်ထပ် ခြေလှမ်းတစ်လှမ်း ရှေ့ဆက်လှမ်း လာခဲ့တာကတော့ ကနေ့ဖြစ်ပျက်နေတဲ့ အောက်တိုဘာ ရခိုင်ပြည် အရေးအခင်းဖြစ်ပါတယ်။ ဆိုတော့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေရဲ့ လုပ်ဆောင်ချက်တွေဟာ စနစ်တကျ ဗျူဟာဆွဲပြီး လုပ်ဆောင် လာခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။အဲဒီလို ဗျူဟာဆွဲပြီး လုပ်ဆောင်မှုတွေ ထဲမှာမိမိအိမ် မိမိ မီးရှို့ထွက်ပြေးရေး၊မိမိဗလီမိမိ မီးရှို့ရေး နည်းဗျူဟာ တွေလည်း ပါမှာကတော့ သေချာပါတယ်။ ကိုယ့်အိမ်ကိုမီးရှို့ပြီး နိုင်ငံတကာမှာတော့ အစိုးရနဲ့ ရခိုင်တွေပေါင်းပြီးမီးရှို့နေပါတယ်လို့  ဟန်ချက်ညီညီလုပ်ဆောင်လိမ့်မယ်ဆို တာ တွေးပြီး သိနိုင် ပါတယ်။
ဆိုတော့ ၂၀၁၂ခုနှစ်၊ ဇွန်နဲ့ အောက်တိုဘာရခိုင်ပြည်အရေးအခင်းဟာ သာမညအရေးအခင်းမဟုတ် ဘဲ မြ န် မာနိုင်ငံလွတ်လပ်ရေး အကြိုကာလကပင် အဆင့်ဆင့် လှုပ်ရှားလာတဲ့ လှုပ်ရှားမှုဆိုတာ သိထား ဖို့ လို အပ်ပါတယ်။ ဒီနေရာမှာ ၂၀၀၉ ခုနှစ်ကသုတေသနစာတမ်းဖတ်ပွဲမှာ သမိုင်းသုတေသနဌာန ရဲ့ ညွှန် ကြားရေးမှူး ဦးမြင့်သိန်း စာတမ်းဟာကနေ့ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်အရေးအခင်း ကို ကြိုတင်ဟော ကိန်း ထုတ်ထားသလို ဖြစ်နေပါတယ်။ ဦးမြင့်သိန်းရဲ့ "ရခိုင်ဒေသအတွင်းသို့  မွတ်ဆလင်များ ၀င်ရောက်လာခြ င်းနှ င့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့် " စာတမ်းရဲ့ ကောက်နှုတ်ချက်နဲ့  ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါ တယ်။"ယနေ့ ဖြစ်ပေါ်နေသောရိုဟင်ဂျာလှုပ်ရှားမှုသည် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ လှုပ်ရှားနေသကဲ့သို့  မွတ်ဆလင်နိုင်ငံများနှင့်လည်း ဟန်ချက်ညီညီလှုပ်ရှားနေခြင်းဖြစ် သည်ကိုတွေ့  ရ သည်။
ယခင်ကပေါ်ပေါက်ခဲ့ သည့် မူဂျာဟစ် လှုပ်ရှားမှုသည် ဂျေဟိုက်လှုပ်ရှားမှု(ဘာသာရေးစစ်ပွဲ) လှုပ်ရှားမှုအဖြ စ် လှုပ်ရှားနေခြင်းဖြစ်ရာ၎င်းအဖွဲ့ သည် လုံးဝပျက်သုဉ်းသွားခြင်းမဟုတ်ဘဲ အသွင်တစ်မျိုး၊ အမည်တစ် မျိုးဖြင့် ပြန်လည်လှုပ်ရှားနေခြင်းပင်ဖြစ်သည်။ ထို့အတူ ဘာသာရေး သင်တန်းများ၏အချက်အခြာဖြစ်သော အာဖဂန်နစ္စတန်နှင့်လည်း ဆက်သွယ်ကာ သင်တန်းများ တက်ရောက်ခြင်း၊ ဘာသာရေး စစ်သည်များ အဖြစ် သွားရောက်ခြင်းများ ရှိသည်ကိုတွေ့ ရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မွတ်ဆလင်ခွဲထွက်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေပြီးရိုဟင်ဂျာလှုပ်ရှားမှု သည် လိုအပ်သည့်နေရာတွင် ဘာသာရေးစစ်သည်များအဖြစ် ၀င်ရောက် ထမ်းဆောင်နေခြင်း ဖြစ်ရာ အဆိုပါအဖြစ်မှန်ကို သိမှသာလျှင် နိုင်ငံတကာ အတွက် အန္တရာယ်ဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သကဲ့သို့  မိမိနိုင်ငံ အတွက်လည်း ထိုအန္တရာယ်ကို မည်သို့ ဖြေရှင်းရမည်ကို နားလည်နိုင်မည်ဖြစ်သည်။မည်သို့ ဆိုစေ ရိုဟင်ဂျာသည် တိုင်းရင်းသား ဖြစ်ရေးနှင့် ၄င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်သည် ၁၉၅၁ ခုနှစ်က စတင်မြစ် ဖျားခံခဲ့သော အလယ်သံကျော် ညီလာခံ၏ ဆုံးဖြတ်ချက်များကို အခြေခံလမ်းစဉ် အဖြစ်ချမှတ်ကာ ဆက် လက်လှုပ်ရှား နေခြင်းဖြစ်ကြောင်း တွေ့ ရှိရသည်။
ခိုင်လင်း( မေဃဝတီ )
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE
0 comments: