Pages

Wednesday, December 5, 2012

“““ မန္တလေး - မြစ်ကြီးနား မီးရထားလမ်း မိုင်းကွဲ ၄ နာရီကြာ လမ်းပိတ် ”””

မကြာခဏ မိုင်းကွဲလေ့ရှိသော မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ်၌ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ခွဲ အချိန်တွင် မိုင်းတစ် လုံးပေါက်ကွဲ ခဲ့ပြီး ခရီးသွားလာမှုကို ၄ နာရီခန့် ရပ်ဆိုင်းခဲ့ရကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
 
မိုးညှင်းမြို့နှင့် ၇မိုင်ခန့်အ ကွာ ညောင်ကုန်ဘူတာ နှင့် နမ္မားဘူတာကြား မိုင်တိုင် အမှတ် ၆၄၀/ ၂၂- ၂၃ ကြား တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံလမ်း တချောင်း အရှည် ၅ပေခန့်ပျက် စီး သွားကြောင်း အထက်ပါရုံးမှ သိရသည်။

“ လူတွေ ထိခိုက်ပျက်စီးတာ မရှိဘူး” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆို သည်။

ယင်းမီးရထားလမ်းကို ညတွင်းပင် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၄နာရီ ၁၀မိနစ်တွင် ခရီးသွားလာမှုကို ဖွင့်လှစ်လိုက်ကြောင်း မိုးညှင်းမြို့ မီးရထားရုံးက ပြောကြားသည်။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ တံတားများ မကြာခဏ မိုင်းကွဲလေ့ရှိသောကြောင့် တံတားများ တွင် လုံခြုံရေးချထားခြင်းကြောင့် လုံခြုံရေးမချထားသော လမ်းပိုင်းနေရာကို ကချင်လွတ်လပ်ရေးတပ်မေ တာ် ( ကေအိုင်အေ ) က မိုင်းခွဲခြင်းဖြစ်ကြောင်း မိုးညှင်းအခြေစိုက် တပ်ရေးဗိုလ်ကြီး တစ်ဦးက မှတ် ချက်ေ ပးသည်။

The Voice Weekly အနေဖြင့် ကေအိုင်အေအရာရှိများကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွ ယ် ၍ မရသေးပေ။ ဆက်သွယ်မှုရရှိပါက ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မန္တလေး - မြစ်ကြီးနား မီးရထားလမ်း မိုင်းကွဲ ၄ နာရီကြာ လမ်းပိတ် ”””

Labels:

မကြာခဏ မိုင်းကွဲလေ့ရှိသော မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ်၌ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ခွဲ အချိန်တွင် မိုင်းတစ် လုံးပေါက်ကွဲ ခဲ့ပြီး ခရီးသွားလာမှုကို ၄ နာရီခန့် ရပ်ဆိုင်းခဲ့ရကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
 
မိုးညှင်းမြို့နှင့် ၇မိုင်ခန့်အ ကွာ ညောင်ကုန်ဘူတာ နှင့် နမ္မားဘူတာကြား မိုင်တိုင် အမှတ် ၆၄၀/ ၂၂- ၂၃ ကြား တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံလမ်း တချောင်း အရှည် ၅ပေခန့်ပျက် စီး သွားကြောင်း အထက်ပါရုံးမှ သိရသည်။

“ လူတွေ ထိခိုက်ပျက်စီးတာ မရှိဘူး” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆို သည်။

ယင်းမီးရထားလမ်းကို ညတွင်းပင် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၄နာရီ ၁၀မိနစ်တွင် ခရီးသွားလာမှုကို ဖွင့်လှစ်လိုက်ကြောင်း မိုးညှင်းမြို့ မီးရထားရုံးက ပြောကြားသည်။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ တံတားများ မကြာခဏ မိုင်းကွဲလေ့ရှိသောကြောင့် တံတားများ တွင် လုံခြုံရေးချထားခြင်းကြောင့် လုံခြုံရေးမချထားသော လမ်းပိုင်းနေရာကို ကချင်လွတ်လပ်ရေးတပ်မေ တာ် ( ကေအိုင်အေ ) က မိုင်းခွဲခြင်းဖြစ်ကြောင်း မိုးညှင်းအခြေစိုက် တပ်ရေးဗိုလ်ကြီး တစ်ဦးက မှတ် ချက်ေ ပးသည်။

The Voice Weekly အနေဖြင့် ကေအိုင်အေအရာရှိများကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွ ယ် ၍ မရသေးပေ။ ဆက်သွယ်မှုရရှိပါက ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။

Myanmar Express

0 comments: