Pages

Friday, December 28, 2012

“““ ၂၇-၁၂-၂၀၁၂ တိုက်ပွဲတွင် လက်နက်ကြီး ထိမှန်သူများအား ရွာသားများဟု ဖော်ပြ ”””

မြောက်ပိုင်းတိုင်း တိုင်းမှူး၏ ကေအိုင်အေတပ်များ ဆုတ်ပေးရန် အကြောင်းကြား စာအား ကန့်ကွက်သည့် အတွက် မြန်မာ့ တပ်မတော် တပ်ဖွဲ့များ လှုပ်ရှားမှု ရပ်နားချိန်တွင် ကေအိုင်အေတို့မှ လက်နက်ကြီး များဖြင့် ယနေ့ တိုက်ခိုက် မှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက် မှုကြောင့် ကေအိုင်အေမှ လက်နက် ကီး ဖြင့် ပစ်ခတ် သည့် နေရာအား ခြောက်လှန့် ပစ်ခတ်ရာ ကေအိုင်အေ တပ်ဖွဲ့မှ ၂၀ ကျော် ဒဏ်ရာရရှိ ခဲ့ေ သာ် လည်း ရွာသား တစ်ဦးသေ ဆုံးနှင့် ၃ ဦးသာ ဒဏ်ရာ ရရှိသည်ဟု ကေအိုင်အေမှ ဆိုသည်။
 
စစ်ဘေးကို ကြောက်၍ ဒုက္ခသည်စခန်းတွင် သွားနေသူများတွင်  အရွယ်ရောက် သန်စွမ်းသူမှန်သမျှ ကေအိုင်ေ အ ဖမ်းဆီးပြီး ကလေးအမေ၊ သက်ကြီးရွယ်အိုနှင့် ကလေးများသာ ကျန်တော့သည်ကို အားလုံး အသိ။ တိုက်ပွဲ ကာလအတွင်း တွင်မှ ကိုယ့်ရွာကိုယ်ပြန်သော ရွာသူရွာသားများဟု ဆိုကာ လုပ်လာပြန် သည်။ 
 
လိုင်ဇာမှ ပေးပို့သော သတင်းကို ဖော်ပြသည့် မဇ္စျိမသတင်းအားကြည့်ပါ။

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ခန်းကိုင်တောင် အစိုးရ အမြောက် တပ်ရင်း မှ လက်နက် ကြီးဖြင့် ပစ်ခတ်၍ မန်ကွေးကျေးရွာမှ ဖရဲခြံတွင် ရှိနေသော ရွာသား လေးဦး ထိမှန်ပြီး တဦး မှာ ပွဲ ချင်းပြီး သေဆုံးသွား သည်ဟု လိုင်ဇာမှ ကျန်းမာရေးမှူး တဦးက ပြောသည်။

လိုင်ဇာမြို့ရှိ ဂျယ်ယန်း စစ်ပြေးဒှုက္ခသည်စခန်းမှ ဒုက္ခသည် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့မှာ ၎င်းတို့ ၏ ဖရဲခြံသို့ ရောက်ရှိနေစဉ် ကြာသပတေးနေ့ နံနက် ၁ဝ နာရီကျော်ချိန်တွင် အစိုးရ၏ အမြောက် လက်နက်ကြီး ထိမှန်၍ အမျိုးသားတဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သူတို့က ဂျယ်ယန်းဒုက္ခသည် စခန်းကနေ သူတို့ရွာမှာရှိတဲ့ ခြံသွားတာ အစိုးရက ဒေါ့ဖုန်းယန်ကနေ ပစ် လိုက် တာ။ တယောက်က ခေါင်းမှာထိပြီး သေဆုံးသွားတယ်” ဟု KIA ကျန်းမာရေးမှူးက မဇ္စျိမကို ပြော သည်။

ကျန်သုံးဦးမှာလည်း ဝမ်းဗိုက်၊ ပေါင်ရင်းတို့တွင် ထိမှန်ခံရ၍ ယခု လိုင်ဇာဆေးရုံတွင် ကုသမှုခံယူနေရသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီချိန်ထိ KIO အဖွဲ့၏ ဗဟိုရှေ့တန်းတပ်ဖွဲ့များနှင့် မြန်မာ အစိုးရတပ်တို့အကြား ဒေါ့ဖုန်း ယန် မြို့နယ်ခွဲ လဂျားယန်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ ပြန်ကြားရေး တာဝန်ခံ ကိုမင်းဌေး က ပြောသည်။

“ဒီမနက်မှာ အစိုးရ စစ်ကြောင်းက နားလုံ တက်လာတော့ လဂျားယန်နဲ့ နီးတယ်လေ။ အဲဒီမှာ မိုင်းထိပြီး ပြန် ဆုတ် သွားတယ်။ အခု ဒေါ့ဖုန်းယန် ပတ်ဝန်းကျင်မှာ ဖြစ်နေတယ်။ ခုတော့ ကျနော်တို့တပ် မပါသေး ဘူး။ KIA တပ်ဖွဲ့နဲ့ မွန်းလွဲချောင်းအရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှ စစ်ရဟတ်ယဉ် ၉ စီး ယနေ့ လိုင်ဇာ KIO ဌာနချုပ် အနီးသို့ လာမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များ စိုးရိမ်မှုနှင့် ကတုတ် ကျင်းများ တူးခြင်းနှင့် တဖက်တရုတ်နိုင်ငံသို့ တိမ်းရှောင်ရန် အသင့်အနေအထား ပြင်ဆင်နေကြ သည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

နံနက်ပိုင်းတွင် မြစ်ကြီးနားမှ ရဟတ်ယဉ်တစင်း လိုင်ဇာအနီးသို့ ပျံသန်းခဲ့သည်ဟုလည်း ဆိုသည်။
ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ၂၇-၁၂-၂၀၁၂ တိုက်ပွဲတွင် လက်နက်ကြီး ထိမှန်သူများအား ရွာသားများဟု ဖော်ပြ ”””

Labels:

0 comments: