Pages

Sunday, December 9, 2012

“““ ပြုပြင်ရတော့မည့် ဗြိတိန်နိုင်ငံ စာနယ်ဇင်းလောက ( ၂ ) ”””

စုံစမ်းရေးကော်မရှင်က စာနယ်ဇင်းများကို  ကြီးကြပ်ထိန်းကျောင်းမည့်အဖွဲ့ ( Self Regulatory Body )( စာဖတ်သူ များပိုမိုရှင်းလင်းစေရန်အတွက် ဆောင်းပါးတွင် စာနယ်ဇင်းကောင်စီဟုသာ သုံးစွဲပါမည်။)   ဖွဲ့ စည်းရေးနှင့် ပတ်သက်ပြီး အဓိက တင်ပြသည့် အချက်မှာ အစိုးရနှင့်လည်းကောင်း၊ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းလုပ်ငန်းရှင် များ နှင့် လည်း ကောင်း သီးခြား လွတ်လပ်သည့်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရန် ဆို သည့်အချက်ဖြစ်သည်။ ထိုအချက်သည် လက်ရှိ PCC ကြုံတွေ့နေသည့်အခက်အခဲ များကို ကျော်လွှားနိုင် ရန်အတွက်လည်းဖြစ်သည်။

ကော်မရှင်က စာနယ်ဇင်းကောင်စီ  ဥက္ကဌနှင့်အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် လက်ရှိစနစ်ဖြစ်သည့် PCC ကို စာနယ်ဇင်း လောကသားများ ပါဝင်သည့် Press Standards Board of Finance ( PressBOF ) ကရွေး ချယ် ခန့်အပ် သည့် စနစ်အစား သီးခြားလွတ်လပ်သည့်ရွေးချယ်ခန့်ထားရေးအဖွဲ့( Appointment Panel ) ဖြင့် ရွေးချယ်ခန့်အပ်ရန်၊ ရွေးချယ်ခန့်အပ်သည့် စနစ်သည် လွတ်လပ်ပြီးပွင့်လင်းမြင်သာ မှုရှိရန်လို သ ည် ဟုဆိုသည်။ ထို့ပြင်ရွေးချယ်ရေးအဖွဲ့ဝင်များအတွင်းတွင် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ အယ်ဒီတာ တစ်ဦး နှင့် စာနယ်ဇင်းလောကအတွေ့အကြုံရှိသူတစ်ဦးသာပါဝင်ရန်နှင့် ကျန်အဖွဲ့ဝင် များသည် စာနယ်ဇ င်း လောကနှင့်ပတ်သက်သူများမဖြစ်ရန် လိုအပ်ကြောင်းကိုလည်း အလေးထားဖော်ပြထားခဲ့သည်။

စာနယ်ဇင်းကောင်စီဝင်များနှင့်ပတ်သက်လျှင်လည်း အများစု မှာ စာနယ်ဇင်းလောကနှင့်မပတ် သက်သူ များဖြစ်ရန်၊ အနည်း စုမှာစာနယ်ဇင်းအတွေ့အကြုံရှိသူများဖြစ်ရန်၊သို့သော် သတင်းစာများတွင်လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အယ်ဒီတာ များ၊ သတင်းစာဆရာများနှင့် အစိုးရ အရာရှိများ၊ လွှတ်တော်အ မတ်များကို အဖွဲ့ဝင်အဖြစ်လက်ခံခြင်းမပြုရန် အကြံပြု ထားသည်။

ဘဏ္ဍာရေးလွတ်လပ်မှုနှင့်ပတ်သက်ပါက စာနယ်ဇင်းကောင်စီအတွက်ရန်ပုံငွေကို စာနယ်ဇင်းလုပ်ငန်းများ မှထည့်ဝင်ရာ တွင် ကောင်စီအပေါ်ဖိအားပေးမှုများမပေါ်ပေါက်စေရန်အတွက်ရန်ပုံငွေကိုလေးနှစ် သို့မ ဟု တ် ငါးနှစ် အတွက် ကြိုတင် လျာထား သတ်မှတ်သင့်ကြောင်းအကြံပြုထားသည်။

စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်လျှင်လက်ရှိဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှသင်ခန်း စာဖော် ထုတ်ပြီး စာ နယ်ဇင်း ကျင့်ဝတ်များနှ င့် သတင်းစုဆောင်းရယူရာတွင်လိုက်နာရမည့် စည်းမျဉ်းများ ကို ပြန်လည်ရေး ဆွဲရန်၊ ထိုသို့ ပြန်လည် ရေးဆွဲ ရာတွင် စာနယ်ဇင်းကောင်စီနှင့် သတင်းစာများမှ လက်ရှိအယ်ဒီတာများ ပါ ၀င်သည့် ကော်မတီဖွဲ့စည်း ဆောင်ရွက် ရန် အကြံပြုထားပါသည်။ စုံစမ်းရေးကော်မရှင်က အထက်ပါကျင့် ၀တ်နှင့် စည်းမျဉ်းများကို ပြုစုရာတွင် စာနယ်ဇင်း လွတ်လပ် ခွင့်၊ ပြည်သူများ၏ အမှန်တရားကို သိပိုင်ခွင့်နှ င့် ပုဂ္ဂလိလွတ်လပ်မှုတို့ကို မျှတအောင်စဉ်းစားပြီးအောက်ပါကဏ္ဍများ အတွက် လိုအပ်သည့် စံနှုန်းများသ တ် မှတ်သင့်ကြောင်းတိုက်တွန်းထားပါသည်-

(က)      သတင်းစုဆောင်းရယူရာတွင် အခြားသူများအပေါ် ပြုမူဆက်ဆံရမည့် နည်းလမ်းများ။
( ခ)       ပြည်သူအကျိုးစီးပွားအတွက်လိုအပ်ချက်အရမဟုတ်လျှင် အခြားသူများ၏ ပုဂ္ဂလိက အခွင့်အရေး များကို လေးစား သည့်အနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ။
( ဂ)       သတင်းတိကျခိုင်မာမှုကိုအထောက်အကူဖြစ်စေရန်လိုက်နာရမည့်အချက်များ။

ထို့ပြင် ကျင့်ဝတ်ဆိုင်ရာပြဿနာများအတွက် အဓိက ကျသည့် ပြည်သူ့အကျိုးစီးပွားအတွက်  ( Publci Interest ) ဆိုသည့်စကားရပ်ကို ဖွင့်ဆိုနိုင်မည့် စံများကိုလည်း တိတိကျကျ သတ်မှတ်သင့်ကြောင်း စုံစ မ်းေ ရးကော်မရှင်က အကြံပြု ထားခဲ့သည်။ အလားတူပင် စာနယ်ဇင်းသမားများအနေဖြင့် မိမိ၏ သတင်းအ ရင်းအမြစ်ကို ကာကွယ်ရမည်မှန်သော်လည်း ပြည်သူများ၏ ယုံကြည်မှုကို ရရှိနိုင်ရန်အတွက် တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရန်တိုက်တွန်းခဲ့သည်။ စုံစမ်းရေး ကော်မရှင်က ထူးထူးခြားခြားထောက်ပြခဲ့သည့် အချ က် မှာ သတင်းထောက်များ၊ အယ်ဒီတာများအနေဖြင့် ကျင့်ဝတ်များကို လျစ်လျူရှုပြီး သတင်းလိုက်ရ သ ည့်အခြေအနေသို့ရောက်အောင်တွန်းပို့နေသည့် လုပ်ငန်းခွင်အခြေအနေများ ( ဥပမာ၊ ပိုင်ရှင်များ၏ ဖိ အားပေးမှု) များကို ဖယ်ရှားနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားသင့်သည်ဆိုသည့်အချက်ဖြစ်သည်။

တိုင်ကြားမှုများကို ဖြေရှင်းခြင်း အတွက်ဆိုပါက စာနယ်ဇင်းကောင်စီအနေဖြင့် တိကျလျှင်မြန်သည့် တိုင် ကြားမှုဖြေရှင်းနည်း စနစ်တစ်ခုကိုတည်ထောင်ရန်လိုအပ်သည်ဟုဆိုသည်။ထို့ပြင် နစ်နာသူများ၊ တိုင် ကြားလိုသူများအနေဖြင့် အခြား နည်းလမ်း များ ( ဥပမာ၊ တရားရုံး) ကို ရွေးချယ်ခြင်းမပြုမီ ကောင်စီ၏ တိုင်ကြားမှုဖြေရှင်းနည်းလမ်းကို ယုံယုံကြည်ကြည် အသုံးပြု စေ ရန်အတွက်လည်း ကြိုးစားရန်လိုအပ် သည်ဟု ဆိုသည်။ စုံစမ်းရေးကော်မရှင်၏ အဓိကအကြံပြုချက်မှာ တိုင်ကြားမှုများနှင့် ပတ်သက်ပြီး ကြားနာ မှုများပြုလုပ်ရာတွင် စာနယ်ဇင်းကောင်စီကို အကြံပေးရန်အတွက် အကြံပေးအဖွဲ့များဖွဲ့စည်းသင့် ကြောင်း၊ သို့သော်အကြံပေးအဖွဲ့တွင် လက်ရှိသတင်းစာအယ်ဒီတာများပါဝင်ခြင်းမပြုရန်နှင့် အကြံပေးအဖွဲ့သည် လည်း စာနယ်ဇင်းကောင်စီကဲ့သို့ပင် စာနယ်ဇင်းလောကနှင့်မပတ်သက်သူအများစုပါဝင်ရန် လိုအပ်ကြော င်း ဆို သည့်အချက်ဖြစ် သည်။

စာနယ်ဇင်းကောင်စီအနေဖြင့် တိုင်ကြားမှုများနှင့်ပတ်သက်လျှင် သက်ဆိုင်ရာ သတင်းစာအနေဖြင့် အ မှားပြင်ဆင်ချက်၊ သို့ မဟုတ် တောင်းပန်ခြင်း သို့မဟုတ် အခြားသင့်လျော်သည့်နည်းလမ်းဖြင့် နစ်နာမှု များကိုဖြေရှင်းပေးရန် ညွှန်ကြားနိုင်သည့် အခွင့်အာဏာရှိရမည်ဖြစ်သည်။သို့သော် စုံစမ်းရေးကော်မရှင်က စာနယ်ဇင်းကောင်စီအနေဖြင့် အယ်ဒီတာများကို ထူးခြား သောအခြေအနေတစ်ခုတွင် သတင်းဖော်ပြမှုနှ င့်ပတ်သက်ပြီး အလေးထားစဉ်းစားရန်ညွှန်ကြားနိုင်သော်လည်း မည်သည့် စာစောင်မှ ထုတ်ဝေခြင်းမပြု ရန်အတွက် တားမြစ်ပိုင်ခွင့်မရှိသင့်ကြောင်း အတိအလင်းဖော်ပြထားသည်ကိုလည်းတွေ့ရ သည်။

စုံစမ်းရေးကော်မရှင်က စာနယ်ဇင်းကောင်စီသည် လွတ်လပ်သောအဖွဲ့အစည်းဖြင့်သည်နှင့်အညီ ကျင့်ဝတ် ချိုးဖောက်မှု များ ရှိနေသည်ဟုယူဆပါက တိုင်ကြားမှုများမရှိသည့်တိုင် မိမိအစီအစဉ်ဖြင့် စတင်စုံစမ်းနိုင် သ ည့်အခွင့်အရေးရှိရမည်ဟု အကြံ ပြုခဲ့သည်။ထို့ပြင် မိမိတို့သတင်းစာအနေဖြင့် တယ်လီဖုန်း ကြားဖြ တ်နားထောင်ခြင်းကဲ့သို့သော ကျင့်ဝတ်နှင့်မညီသည့် လုပ်ရပ်များကို အစီအစဉ်ရှိရှိလုပ်ကိုင်နေပါက အယ် ဒီတာများ၊ သတင်းထောက်များက တိုင်ကြားနိုင်သည့် Hot Line စနစ် ကိုလည်းထားရှိသင့် သည်ဟုဆို သ ည်။ ထို့ပြင် စာနယ်ဇင်းကောင်စီအနေဖြင့် သက်ဆိုင်ရာသတင်းစာတိုက်က အစီအစဉ်ရှိရှိ ဖြင့် ကျင့်ဝတ် ချိုးေ ဖာက်ကြောင်းတွေ့ရှိပါက ဒဏ်ငွေချမှတ်နိုင်သည့် လုပ်ပိုင်ခွင့်ပေးသင့်သည်ဟု အကြံပြုထားသည်ကို လည်းတွေ့ရပါသည်။

နောက်ဆုံးအနေဖြင့် စုံစမ်းရေးကော်မရှင်က စာနယ်ဇင်းကောင်စီ၏ လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်များကို အာ မ ခံ သည့် ဥပဒေ တစ်ခုပြဋ္ဌာန်းသင့်သည်ဟု အကြံပြုခဲ့သည်။ သို့သော် ထိုဥပဒေသည် လွှတ်တော်သို့မ ဟုတ် အစိုးရအဖွဲ့က စာနယ်ဇင်းများ ကို ထိန်းချုပ်သည့် ဥပဒေမဖြစ်စေပဲ၊ စာနယ်ဇင်းကောင်စီ၏ လွတ် လပ် မှု၊ လုပ်ပိုင်ခွင့်နှင့် စာနယ်ဇင်းများ၏ အချင်းချင်း ထိန်းကျောင်းသည့်စနစ်ကို အထောက်အ ကူဖြစ် ဖို့ လိုအပ်သည်ဟု သတိပေးထားခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
၂။ The Guardian , 4 Dec

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: