Pages

Wednesday, December 19, 2012

“““ စစ်ပွဲများ အချိန်မကြာမြင့် စေရေး ဆောင်ရွက်သင့် သည်များကို ၊ ပြည်ထောင်စု လွှတ်တော် ခေါ်ယူ၍ အမြန် ဆောင်ရွက် သင့်ပါပြီ ”””

၁၈.၁၂.၂၀၁၂ ရက်နေ့ နံနက် ၄ နာရီခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်း ကို ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အင်အား ၈၀ ခန့်ဖြင့်ဝင်ရောက်စီးနင်းခဲ့သဖြင့် ရဲတပ်သားတစ်ဦးနှင့် မိသားစုဝင် နှစ်ဦး သေဆုံးခဲ့ပြီး ကာမိုင်းမြို့အတွက် အင်းတော်ချောင်းတံတားကိုပါ ဖျက်စီးသွားခဲ့ကြောင်း သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ကြားသိရပါသည်။

နိုင်ငံတော်သမ္မတကြီးသည် ပြည်ထောင်စုအတွင်းနေထိုင်ကြသော တိုင်းရင်းသားမိဘပြည်သူ များအကျိုးနှ င့် ပြည်ေ ထာင်စုအကျိုးတို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲများကို နိုင်ငံေ တ်ာဒုတိယအ ဆင့်ရှိသူတစ်ဦးက ဦးစီးပြီး လုပ်ငန်းမူဝါဒအဆင့်ဆင့်ချမှတ်ကာ ဆောင်ရွက်အကောင်အထည်ဖော်သကဲ့သို့ ကချင်ပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများက ထိုးစစ်ဆင်ခြင်းမပြုပဲ မိမိကိုယ်သာ ခုခံကာကွယ်ရန် ညွန်ကြားချက်အမိန့်များထုတ်ပြန်ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ခဲ့ရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်၏ Stakeholder များသည် မြန်မာ့ဒီမိုကရေ စီနွေဦးအကျပ်အတည်းများစွာကို စနစ်တကျ၊ နည်းမှန်လမ်းမှန်နှင့် သိမ်မွေ့ညင်သာစွာကူးပြောင်းနိုင်ရေးကို အပင်ပန်းခံ၊ ကိုယ်ကျိုးမကြည့်ပဲဆောင်ရွက်နေကြချိန်တွင် ယခုကဲ့သို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ လုပ် ရပ်သည် အကျည်းတန်အရုပ်ဆိုးလှပါသည်။

ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးက ကချင်ပြည်နယ်ရှိ စစ်ပွဲများရပ်ဆို င်းပြီး ကချင်တိုင်းရင်းသားဒုက္ခသည်များ၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်စေလိုကြသော်လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုးမှာ အမုန်းတရားများ ပိုမိုများပြားကာ စစ်တလင်းများဆီသို့ ဦးတည်နေကြပြန်သည်ကိုလည်း ၀မ်းနည်းဖွယ်တွေ့ရှိရပါသည်။

လက်တစ်ဆုပ်စာ ကေအိုင်အေခေါင်းဆောင်များရဲ့ အကျိုးစီးပွားထက် ကချင်ပြည်သူလူထု ဒုက္ခသည်များ၊ ကချင်ရဲဘော်လေးများ၊ မြန်မာ့တပ်မတော်ရဲဘော်လေးများ၊ ကချင်ပြည်နယ်၏ အကျိုးတို့ကို ကြည့်ပြီး ပြ ည်ထောင်စုလွှတ်တော်ကြီးက ဆောင်ရွက်သင့်ပါပြီ။

ထို့ကြောင် ပြည်ထောင်စုကြီးထာဝစဉ်တည်ရှိစေနိုင်မည့်အကျိုး၊ တိုင်းရင်းသားကချင်လူမျိုးများ၏အကျိုး၊ ကချင်တိုင်းရင်းသားလက်နက်ကိုင် ရဲဘော်လေးများ၏ အကျိုး၊ ပြည်ထောင်စုတပ်မတော် စစ်သည်များ၏ အကျိုး၊ ကချင်ပြည်နယ်ကြီး၏ အကျိုးစီးပွားများအတွက် ပြည်ထောင်စုလွှတ်တော်ကြီးခေါ်ယူပြီး အရေးတ ကြီးအဆိုများတင်သွင်းကာ ဖြေရှင်းနိုင်မည့်နည်းလမ်းများစဉ်းစားတိုင်ပင် ဆုံးဖြတ်ပြီး အချိန်တို အတွင်း စစ်ပွဲများရပ်ဆိုင်းရေး အကောင်းဆုံးနည်းလမ်းများဖြင့် အချိန်မဆိုင်းဆောင်ရွက်သင့်ပါကြောင်း တင်ပြအ ကြံပြုအပ်ပါသည်။

(ကေအိုင်အေ၊ ကေအိုင်အို အဖွဲ့ခေါင်းဆောင်များ ငြိမ်းချမ်းရေးကို အမှန်လိုလားပါသလား၊ လိုလားပါ က ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် အပစ်အခတ်ရပ်စဲပြီး အချိန်တိုအတွင်း ညှိနှိုင်းဆွေးနွေးပါ၊ ထိုသို့မှ မဟုတ်လျင်မူ မြန်မာစစ်သားလေးများနှင့် ကချင်တိုင်းရင်းသားစစ်သားလေးများ အလဟသမဆုံးရှုံးစေရေး၊ စစ်ပွဲများအချိန်မကြာတော့စေရေးအတွက် ဆောင်ရွက်သင့်သည်များကို အမြန်ဆောင်ရွက်သင့်ပါပြီ။ )

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ စစ်ပွဲများ အချိန်မကြာမြင့် စေရေး ဆောင်ရွက်သင့် သည်များကို ၊ ပြည်ထောင်စု လွှတ်တော် ခေါ်ယူ၍ အမြန် ဆောင်ရွက် သင့်ပါပြီ ”””

Labels:

0 comments: