Pages

Wednesday, December 19, 2012

“““ မြန်မာပြည် မြောက်ပိုင်း ထာဝရ တည်ငြိမ်အေး ချမ်းစေရန်မှာ ကေအိုင်အေ မရှိမှ ဖြစ်လိမ့်မည် ”””

လက်ရှိ ကချင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေစေတဲ့ ကေအိုင်အေဟာ သာမန်တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ဟုတ်မဟုတ်ကို ကျွန်တော် တို့ စဉ်းစားကြည့်ရအောင်။ တစ်ဖက်နှင့် တစ်ဖက် တင်းမာ မှုတွေ စတင်ဖြစ် ပွားခဲ့တဲ့ အချိန်ကစပြီး ပူတာအိုမှာ ဈေးနှုန်းတွေ ခေါင်ခိုက်၊ ဒုက္ခသည် စခန်းမှာ စားနပ်ရိ က္ခာ အကူ အညီတွေ လိုအပ်မှု များပြားနေချိန်မှာ အိနြေ္ဒမပျက် တိုက်စစ်ဆင်နိုင်တဲ့ ကေအိုင်အေဟာ ကျောထောက် နောက်ခံ တစ်ခု မရှိဘဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အဖက်ဖက်က ၀ိုင်းထားတဲ့ တပ်မေ တာ် စစ်ကြောင်းတွေကို ဖြတ်ပြီး ပြည် တွင်း ကနေ ရိက္ခာသယ်ဖို့ ဆိုတာ ကေအိုင်အေ အတွက် ဘယ်လိုမှ မဖြစ်နိုင် သလို တစ်နှစ်ကျော် ကာလ အတွင်း ရှမ်းပြည် နယ်နဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အသုံးပြုရတဲ့ ခဲယမ်းတွေ မကုန်ဆုံးနိုင်တာ ဟာလဲ အံ့သြစရာပါပဲ။
 
လိုင်ဇာအနီးတွင် ရောက်ရှိနေသော တပ်မတော် စစ်ကြောင်းများနှင့် လိုင်ဇာ တစ်နေရာသာ ကျန်သည့် ကေအိုင်အေအတွက် ထိုးစစ်ရပ်ဆိုသည့် အမိန့်သည် ဘယ်လောက် အကျိုးရှိနေလဲ ဆိုတာ သိနိုင်ပါတယ်။ မြေအနေအထားအရ ဘေးက တောင်ကုန်းတွေကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေယုံဖြင့် ကေအိုင်အေနှင့် လိုင်ဇာ အလိုလိုကျပြီး ဖြစ်ပါလိမ့်မယ်။ ဒီလို အနေအထားမျိုးမှာ အသေခံနေရတဲ့ တပ်မတော်သားများ အတွက် ဘယ်လောက် ခံပြင်းစရာ ကောင်းလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်ပါ။
 
ကေအိုင်အေတို့ ခံစစ်ယူထားတဲ့ အနေအထားကို ကြည့်ရင် စခန်းမှန်သမျှ နယ်စပ်မျဉ်းပေါ်မှာ ဆောက် ထားတာ ကိုတွေ့နေရမှာပါ။ သီရိလင်္ကာမှာ တမီးလ်ကျားတွေကို တိုက်ခိုက်စဉ်က ဒုက္ခသည်တွေ ဘယ် လို ပိတ် မိနေပါ တယ်ဆိုပြီး ကမ္ဘာကသိအောင် အော်ပြခဲ့ရပေမယ့် ကေအိုင်အေအတွက်ကတော့ တိုက်ပွဲတွေ ဆင်နွှဲ ဖို့ ထိပ် တိုက် ရင်ဆိုင်မှုတွေ လုပ်ဆောင်နေခဲ့တာဟာလည်း ထူးဆန်းတဲ့ အချက်တစ်ချက်ပါပဲ။ သမ္မ တကြီးရဲ့ ထိုးစစ် ရပ်ဆိုတဲ့ အမိန့် မတိုင်ခင်က ကေအိုင်အေတွေက တပ်မတော်က ဓာတုလက်နက်တွေ အသုံးပြု သယောင်၊ ဒုက္ခ သည်တွေ ဘယ်လောက်များနေလို့ ဆိုပြီး အကြောက်အလန့် တောင်းဆိုခဲ့ ဖူးပါ တယ်။ အဲဒီကနေပြီး နိုင်ငံရေးအ ရ ဆွေးနွေးဖို့ကို ခေါင်းမာစွာနဲ့ နေနိုင်လောက်တဲ့ အနေအထား၊ ငြိမ်းချမ်းရေး အဖွဲ့ကို မထီလေးစားတဲ့ အနေအထားနဲ့ ဆွေးနွေးပွဲကို ကေအိုင်အေ ခေါင်းဆောင် မတက်ေ ရာက်ခဲ့တဲ့ အခြေအနေတွေက ကေအိုင်အေ ရဲ့ ကျောထောက်နောက်ခံ ဘယ်လောက်တောင့်တင်းလဲ ဆိုတာ ကို ပြသနေပါတယ်။

လူသစ် ၁၀၀ စုရင် လက်နက် ၁၀၀ လိုပါတယ်။ ဒီလက်နက်တွေကို ကေအိုင်အေ ဘယ်က ရနေသလဲ။ လက် နက် တွေ ရယုံမက မိုင်းထောင်ဗုံးခွဲ မြို့ထဲက ရဲတပ်ရင်းကို ၀င်စီးတဲ့အထိ ဖြစ်လာပြီးနောက် ထပ်ဖြစ် လာ မယ့် ကေအိုင်အေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့က တားဆီးနိုင် ပါ့မလား။သာမန် တိုင်းရင်းသား လက်နက်ကိုင် အဆင့်ကနေ တစ်ဖက်နိုင်ငံရဲ့ နည်းဗျူ ဟာမြောက် ခြိမ်းခြောက်မှု တစ်ခုထိ ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းကို ထာဝရ တည်ငြိမ်အေး ချမ်းစေ မယ့် နည်းလမ်း တစ်ခုကတော့ အပြီးသတ် တိုက်စစ်ဆင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြန်မာပြည် မြောက်ပိုင်း ထာဝရ တည်ငြိမ်အေး ချမ်းစေရန်မှာ ကေအိုင်အေ မရှိမှ ဖြစ်လိမ့်မည် ”””

Labels:

0 comments: