နောက်ခံသမိုင်း
News of the World သတင်းစာသည် မီဒီယာလုပ်ငန်းရှင် ရူးပတ်မါးဒေါ့၏
ကုမ္ပဏီဖြစ်သည့် News International က ပိုင်ဆိုင်သော သတင်းစာဖြစ်သည်။
ထိုသတင်းစာသည့် ထင်ရှားကျော်ကြားသူများ၏ အ ရှုတ်တော်ပုံများ၊ အခြားသတင်း
စာများမရရှိသည့် သတင်းထူး၊ သတင်းဦးများကို ဖော်ပြလေ့ရှိသည့်
တက် ဘလွိုက်သတင်းစာဖြစ်သော်လည်း ဗြိတိန်နိုင်ငံ တွင်
စောင်ရေနှစ်သန်းရှစ် သိန်းကျော် အထိ ရောင်းချခဲ့ ရကာ
ရောင်းအကောင်းဆုံးသတင်းစာများထဲတွင် အပါအ၀င် ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှာတော့
News of the World က ဗြိတိန်တော်ဝင်မိသားစုများ၏ဖုန်းများကို
ကြားဖြတ်နားထောင်ခဲ့ သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အယ်ဒီတာတစ်ဦးနှင့်
သတင်းထောက်တစ်ဦးမှာ ဥပဒေအရအရေးယူအပြစ်ပေးခြင်းခံခဲ့ရသည်။
News of the World သတင်းစာနှင့် မိခင်ကုမ္ပဏီဖြစ်သည့် News International
တို့က ထိုဖြစ်စဉ်သည့် ကျင့်ဝတ် ချိုးဖောက်သော
သတင်းထောက်အချို့၏လုပ်ရပ်သာဖြစ်ပြီး သတင်းစာ၏မူဝါဒမဟုတ်ကြော င်း
ပြော ကြားခဲ့သည်။ စကော့ တလန်ယဒ်နှင့် လန်ဒန်ရဲတပ်ဖွဲ့ကလည်း
ထိုရှင်းလင်းချက်ကိုလက်ခံပြီး
ဆ က်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းမရှိခဲ့ သလို အစိုးရအဖွဲ့နှင့်
ပါလီမန်ကလည်း သီးခြားစစ်ဆေးကြား နာမှုများပြုလုပ်ခြင်းမရှိခဲ့ပေ။သို့သော်
၂၀၁၁ ဇူလိုင်လတွင် News of the World က ငှားရမ်းအသုံးပြု ခဲ့ သည့်
အလွတ်စုံထောက်တစ်ဦးက News of the World အနေဖြင့် ၂၀၀၂ ခုနှစ်
ခန့်လောက်ကပင်စ တ င်ပြီး ထင်ရှားကျော်ကြားသူများ၏ ဖုန်းများသာမက အသတ်ခံရသော၊
ပျောက်ဆုံးနေသော အမျိုးသမီးငယ် များ ၏ မိသားစုများ၊ အီရတ်နှင့်
အာဖဂန်တွင်ကျဆုံးသွားသော ဗြိတိသျှစစ်သည်များ၏ မိသားစုများ ၏ ဖု န်း များကို
ပါ ကြားဖြတ်နားထောင်ပြီး သတင်းထူးရရှိအောင်ကြိုးစားခဲ့ကြောင့်
ထုတ်ဖော်ပြော ဆိုခဲ့သည် ။ နောက်ပိုင်းတွင် မူ News of the World
အယ်ဒီတာများကိုယ်တိုင်က ဖုန်းများကြားဖြတ်နားထောင်ခြင်း၊
ကွန်ပျူတာစနစ်အတွင်းသို့ တရား မ၀င်ဖောက်ထွင်းဝင်ရောက်ကာ
ကိုယ်ရေးကိုယ်တာ အချက်အလက် များခိုးယူခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သတင်း
များဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် News of the World ၏
ပိုင်ရှင်ဖြစ်သည့် မားဒေါ့၏ News International ကုမ္ပဏီနှင့်
ဗြိတိန်နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့အကြီးအကဲများကြား
အလုပ်သဘောထက်ပိုမိုသည့် ဆက်ဆံရေး များရှိခဲ့ကြောင်း
စွတ်စွဲချက်များ လည်းပေါ်ထွက်လာခဲ့သည်။
ထိုအဖြစ်အပျက်များကြောင့် News International နှင့် News of the World
တို့၏ လုပ်ရပ်များအပေါ် ရာ ဇ၀တ်ကြောင်း အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ
၂၀၁၂ ခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖုန်း ကြားဖြတ်နားထောင်မှုအတွက် လူ ၁၇
ဦး၊ စုံစမ်းစစ်ဆေးမှုကို နှောက်ယှက်မှုဖြင့် ၇ ဦး၊ ပြည်သူ့ဝန်ထမ်း များကို
သတင်းရရှိရေးအတွက်လာဘ်ပေးမှုဖြင့် သတင်းစာဆရာ ၂၅ ဦးအပါအ၀င် ၅၂ ဦး၊
ကွန်ပျူတာကွန် ယက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး သတင်းအချက်
အလက်များခိုးယူမှုဖြင့် ၁၇ တို့ကို ဖမ်းဆီးစ စ်ဆေးအရေးယူလျှက်ရှိပေသည်။
ထို့ပြင် စကော့ တလန်ယဒ်နှင့် လန်ဒန် ရဲတပ်ဖွဲ့မှ
တာဝန်ရှိသူအချို့နှု တ် ထွက်ခဲ့ရသလို ၁၈၄၃ ခုနှစ်မှစပြီး
နှစ်ပေါင်းတစ်ရာကျော်ထုတ်ဝေခဲ့သည့် News of the World သတ င်းစာလည်း
နံမည်ပျက်နှင့် ထုတ်ဝေမှုရပ်ဆိုင်သွားခဲ့ရသည်။
Lord Justic Leveson စုံစမ်းစစ်ဆေးရေးကော်မရှင်
News of the World သတင်းစာ၏
ဖုန်းကြားဖြတ်နားထောင်မှုအရှုတ်တော်ပုံမှပေါ်ထွက်လာသော သတင်း အချက် အလက်များအရ
စာနယ်ဇင်းကျင့်ဝတ်ချိုးဖောက်မှုများ၊ စာနယ်များနှင့် နိုင်ငံရေးသမား များ၊
ပြည် သူ့ဝန်ထမ်းများအကြား ပုံမှန်ထက်ပိုသောဆက်ဆံရေးများသည် News of the
World တွင်သာမက အခြားသတင်းစာအုပ်စုများတွင်ပါဖြစ်ပေါ် နေ ကြောင်း
ထင်ရှားလာခဲ့သည်။ ထို့ကြောင့် ၀န်ကြီးချုပ် ကင်မ ရွန်က
တရားရုံးချုပ်တရားသူကြီး Leveson ဦးဆောင် သော စုံစမ်းရေးကော်မရှင်ကို ၂၀၁၁
ခုနှစ် ဇူလိုင် လ တွင် ဖွဲ့စည်းပေးခဲ့သည်။
အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ Leveson စုံစမ်းစစ်ဆေးရေးကော်မရှင် သည်
သတင်းစာများ၏ လုပ် ငန်း ဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ၊ လက်တွေ့ဆောင်ရွက်မှု၊
ကျင့်ဝတ်များတို့နှင့် ပတ်သက် သည့်ေ အာက်ပါအချက်များကို ဖော်ထုတ် ပြီး
အကြံပြုချက်များနှင့်တကွတင်ပြရမည်ဖြစ်သည်-
(က) သတင်းစာများနှင့်ပြည်သူများအကြားဆက်ဆံရေးနှင့်
တရားမ၀င်ဖုန်းကြားဖြတ် နားထောင်မှု အ ပါအ၀င် အခြား ကျူးလွန်နိုင်ဖွယ်ရာရှိသည့်
တရားမ၀င်လုပ်ရပ် များကို ဖြစ်ပေါ်စေခဲ့သည့် ကျင့်ဝတ်ဆိုင် ရာ အကြောင်း အရင်းမျာ
ကိုဖော်ထုတ်ရန်။
( ခ) သတင်းစာများနှင့် ရဲတပ်ဖွဲ့ကြားဆက်ဆံရေးအခြေအနေနှင့် ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေ မှု ရှိမရှိ ဖော်ထုတ်ရန်။
( ဂ) သတင်းစာများနှင့် နိုင်ငံရေးသမားများအကြားဆက်ဆံမှုကို သုံးသပ်ရန်။
(ဃ) သတင်းစာများ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို
ကာကွယ်ထိန်းသိမ်းမြှင့်တင်ပေးနိုင်မည့် ထိရော က်သော မူဝါဒ နှင့်
ကျင့်ဝတ်ဆိုင်ရာလုပ်နည်းစနစ်များကို အကြံပြုတင်ပြရန်
စုံစမ်းရေးကော်မရှင်၏သဘောထား
ပြီးခဲ့သည့် ရက်ပိုင်းက ဂျာနယ်တစ်စောင်တွင် ဗြိတိသျှ ၀န်ကြီးချုပ်
ကင်မရွန်းက Leveson စုံစမ်းစစ်ဆေးေ ရး ကော်မရှင်၏
တင်ပြချက်များကိုဆွေးနွေးရာတွင် ကော်မရှင်မှ တင်ပြသည့်
အဆိုပြုချက်တစ် ရပ်ဖြစ်ေ သာ သတင်းမီဒီယာ များကို
ဥပဒေဖြင့်ထိန်းချုပ်မည့်အစီအစဉ်ကို ကန့်ကွက်သည်ဆိုသည့် သဘောသ က်ေ ရာက်သော
သတင်းတစ်ခုဖော်ပြထားသည် ကိုတွေ့ရသည်။ တကယ်တော့ ၀န်ကြီးချုပ်ကင်မရွန်းက
သတင်းစာများအနေဖြင့် စုံစမ်းရေးကော်မရှင်က မိမိဘာသာ ထိန်းကျောင်းသည့်
လုပ်နည်းစနစ်များပိုမိုခိုင် မာစေရန် အကြံပြုထားသည့်အချက်များကို
အမြန်ဆုံးအကောင်အထည် ဖော်ရန်လိုကြောင်း၊ ထိုသို့မလုပ်ေ ဆာင်ပါက ပါလီမန်နှင့်
အစိုးရက လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရသည့်အခြေအနေ သို့
ရောက်သွားနို င်ေ ကြာင်း၊ ၎င်းအနေဖြင့် ထိုကဲ့သို့လုပ်ဆောင်ရမည့်အခြေအနေကို
ရှောင်ရှားလိုကြောင်း ပြောကြားခဲ့ခြင်း သာဖြစ်သည်။
စုံစမ်းရေးကော်မရှင်ဥက္ကဌဖြစ်သူ တရားသူကြီး Leveson ကိုယ်တိုင်ကလည်း ၎င်း၏
အစီရင်ခံစာနိဒါန်း တွင် ကော်မရှင်၏ တာဝန်သည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို
တားဆီးပိတ်ပင်ရန်မဟုတ်ဘဲ သတင်းစာ ဆ ရာများကိုယ်တိုင်က မိမိတို့
သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို လိုက်နာစေရန်။
သတင်းလွတ်လပ် ခွ င့်ကြောင့် ပြည်သူ့အကျိုးစီးပွားကို မထိခိုက် စေရန် ၊
မရည်ရွယ်ဘဲနှင့် ထိခိုက်မှုများဖြစ်လာပါက နစ်နာမှု များ ကို
ကုစားနိုင်သည့်စနစ်တစ်ခုကိုတည်ဆောက်ရန်သာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ကော်မရှင် အနေဖြင့် သက်သေ ၃၃၇ ဦးကို
လူကိုယ်တိုင်စစ်ဆေးခဲ့သကဲ့သို့ ကျန် သက်သေ သုံးရာကျော်၏
စာဖြင့်ေ ရး သားထွက်ဆိုချက်များကို ရယူခဲ့ကြောင်း၊ ထိုအထဲတွင်
မည်သူတစ်ဦးတစ်ယောက်က မျှ အစိုးရ သို့မဟု တ် ပါလီမန်က
ဝင်ရောက်ထိန်းကျောင်းရာရောက်မည့် စာနယ်ဇင်းဥပဒေတစ်ခုလို အပ်သည်ဟု ပြော ဆို
ခြ င်း မရှိကြောင်း အလေးအနက်ဖော်ပြထားသည်ကိုတွေ့ရသည်။ တရားသူကြီး Leveson က
လွတ်လပ် စွာပြောဆိုခွင့် ဆိုသည့်အခွင့်အရေးနှင့်အတူ ပြည်သူ့အကျိုးစီးပွား(
Public Interest ) ကိုရှေ့ရှုသည့် အ မှန် တရားကို အလေးထားမှု ( Respect the
Turth ) ၊ ဥပဒေကို လိုက်နာမှု ( To Obey the Law ) ၊
ပုဂ္ဂ လိကလွတ်လပ်ခွင့်နှင့် အခွင့်အရေးကို လေးစား မှု ( To Uphold the Rights
and Liberties of Individuals) ကို
လိုက်နာရန်လိုကြောင်းဖော်ပြထားသည်ကိုလည်း တွေ့ရ သည်။
ကော်မရှင်၏ အကြံပြုချက်များ
ကော်မရှင်၏ အကြံပြုချက်များအနက် အရေးအကြီးဆုံးအကြံပြုချက်မှာ
စာနယ်ဇင်းတိုင်ကြားမှုဖြေ ရှင်းေ ရးေ က်ာမရှင် (Press Complaints Commission,
PCC) နှင့်ပတ်သက်သည်။ ဗြိတိန်နိုင်ငံတွင် စာနယ်ဇ င်းကောင်စီဟု မရှိဘဲ
စာနယ်ဇင်း တိုင်ကြားမှုဖြေရှင်းရေးကော်မရှင်က ကျင့်ဝတ်ဆိုင်ရာကိစ္စများကို
တာဝန် ယူဖြေရှင်းဆောင်ရွက်ပေးသည်။ သို့သော်မားဒေါ့
အရှုတ်တော်ပုံပေါ်ထွက်လာသည့်အခါ ကွန်ဆာဗေးတ စ်ပါတီ၊လေဘာပါတီနှင့်
လစ်ဘရယ်ဒီမိုကရက်ခေါင်းဆောင်များက စာနယ်ဇင်း
တိုင်ကြားမှုဖြေရှင်းရေးေ က်ာမရှင်၏ ထိရောက်မှုများအပေါ် မေးခွန်းထုတ်လာခဲ့သည်။
စုံစမ်းရေးကော်မရှင် ကလည်း PCC ၏ အဓိ ကပြဿနာမှာ လွတ်လပ်မှုမရှိခြင်းနှင့်
ဖွဲ့စည်းပုံအရအားနည်းချက်များရှိနေခြင်းဖြစ် သည်ဟု ထော က်ပြ ခဲ့ သည်။ PCC
အနေဖြင့် တိုင်ကြားချက်များကိုသာ ဖြေရှင်းရန်တာဝန်ရှိပြီး
စာနယ်ဇင်းကျင့်ဝတ်များနှင့် ပတ် သက် လျှင် သီးခြားအဖွဲ့အစည်းဖြစ်သည့် The
Editors’ Code Committee ကဆောင်ရွက်ကာ ထိုကော် မတီကို သတင်းစာ
အယ်ဒီတာများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ပြင် PCC ဥက္ကဌအပါအ၀င်
အဖွဲ့ ၀င်များခန့်ထားမှုနှင့် ကော်မရှင် တွက်လိုအပ်သော ဘဏ္ဍာငွေများကို Press
Standards Board of Finance ( PressBOF ) ကတာဝန်ယူဆောင်ရွက်ပြီး
ထိုအဖွဲ့ကို မီဒီယာလုပ်ငန်းရှင်ကြီးများဖြင့် သာဖွဲ့စ ည်း ထားခြင်းဖြစ်သည်။
ထို့ကြောင့်လွတ်လပ်သောကော်မရှင်တစ်ခု
အဖြစ်ရပ်တည်နိုင်မှု မရှိသည်ကိုေ တွ့ရသည်။
အလားတူပင် PCC စနစ်အတွင်းသို့ ၀င်ရောက်မှုမှာ
မိမိဆန္ဒအလျှောက်ဖြစ်သည့်အပြင် ၂၀၁၁ ခုနှစ်တွင် အင်အားကြီး
မီဒီယာအုပ်စုဖြစ်သည့် Nothern and Shell အုပ်စုက PCC
မှနှုတ်ထွက်သွားခြင်းကြောင့် PCC၏ သြဇာသက်ရောက်မှုမှာ
ပိုမိုလျော့ပါးသွားခဲ့ရသည်။ ထိုကဲ့သို့သော အာနည်းချက်များရှိနေ သည့် အပြင်
တိုင်ကြားချက်များနှင့် ပတ်သက်ပြီး PCC အဖွဲ့ဝင်သတင်းစာများအနေဖြင့်
မလိုက်နာမနေရ မဟုတ် ဘဲ ဆန္ဒရှိမှသာ လိုက်နာနိုင်သည့်အတွက် ထိရောက်မှုမရှိ
သလောက်ပင်ဖြစ်ခဲ့ရသည်။ စုံစမ်းရေးကော် မ ရှင် က ထိုအချက်သည် သတင်းစာများ၏
ကျင့်ဝတ်အဆင့်အတန်းကို ထိန်းသိမ်းရာတွင်အဓိက အားနည်း ချက်အဖြစ်သုံးသပ်ခဲ့ပြီး
ပြင်ဆင်သင့်သည့်အချက်အများအပြားကို အကြံပြုခဲ့သည်။
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry
၂။ The Guardian , 4 Dec
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။