Pages

Tuesday, December 4, 2012

“““ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် ရွှေ့ပြောင်း ခဲ့ရသည့် မြေဧက ၆၇၀၀ ကျော် အတွက် လျော်ကြေးငွေ ထပ်ပေးမည် ”””

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွှေ့ပြောင်းခဲ့ရသည့် မြေဧက ၆၇ဝဝ ကျော်အတွက် မြေ အ မျိုးအစားနှင့် နေရာ အပေါ်မူတည်ကာ လျော်ကြေး ထပ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဦးပိုင် လီမိ တက်၊ မုံရွာကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ပြောကြားခဲ့သည်။ လက် ရှိအချိန်အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွှေ့ပြောင်းပေးခဲ့ရသည့် လယ်မြေ များအပါအဝင် မြေဧက ၆၇ဝဝ ကျော်အတွက် တစ်ဧကလျင် ပျမ်းမျှ ငါးသိန်းကျော်နှုန်းဖြင့် နစ်နာမှု လျော်ေ ကြးပေးချေထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ မုံရွာကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ''ဦးပိုင်အနေနဲ့အရင် မီဒီတယ်။ နစ်နာသူတွေရဲ့ လိုအပ်ချက်တွေကို တရားဝင်တောင်း ဆို ဖို့ပါ။ စာနဲ့တောင်းဆိုပါ။ လူကိုယ်တိုင်တွေ့ပြီး တောင်းဆိုပါ စသည်ဖြင့် ပြောကြားထားပြီး ဖြစ်ပါတယ်။ 
 
နာက်ပိုင်းမှာ သူတို့က တွေ့ဆုံဆွေးနွေးဖို့ လက်မခံဘူး။ သူတို့က လျော်ကြေးကိစ္စနဲ့ တရားဝင်တောင်းဆို လာ ရင် ကျွန်တော်တို့က တာဝန်ရှိသူတွေကို တင်ပြပေးပြီး တရားမျှမျှတတဖြစ်အောင် ဆောင် ရွက်ပေး ပါ မယ်။ လျော်ကြေးငွေကိုလည်း တာဝန်ရှိသူတွေ အနေနဲ့ ထပ်တိုးပေးဖို့ရှိပါတယ်။ မြေ အမျိုးအစား နဲ့ နေရာ အပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်ပြီး လျော်ကြေး ထပ်ပေးဖို့ရှိပါတယ်။ မြေကောင်းရင်ပိုပေး ပါမယ်'' ဟု ပြောကြားခဲ့သည်။ ၄င်းနစ်နာကြေးများကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ပေးချေ ရမည်ဖြစ်ေ ကြာင်း၊ လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wan-bao Mining Copper Limited တို့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။ 

လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင် မှု လေ့လာဆန်းစစ်ချက် (Environmental Impact Assessment – EIA )နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ် ချုပ် မှုစီမံချက် (Environmental Management Plan- EMP) အစီအရင်ခံစာများကို ၂ဝ၁၃ ခုနှစ်၊ မတ်လ တွင် ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

From:ခေတ်လူငယ်

Myanmar Daily Star Group

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် ရွှေ့ပြောင်း ခဲ့ရသည့် မြေဧက ၆၇၀၀ ကျော် အတွက် လျော်ကြေးငွေ ထပ်ပေးမည် ”””

Labels:

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွှေ့ပြောင်းခဲ့ရသည့် မြေဧက ၆၇ဝဝ ကျော်အတွက် မြေ အ မျိုးအစားနှင့် နေရာ အပေါ်မူတည်ကာ လျော်ကြေး ထပ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဦးပိုင် လီမိ တက်၊ မုံရွာကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ပြောကြားခဲ့သည်။ လက် ရှိအချိန်အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွှေ့ပြောင်းပေးခဲ့ရသည့် လယ်မြေ များအပါအဝင် မြေဧက ၆၇ဝဝ ကျော်အတွက် တစ်ဧကလျင် ပျမ်းမျှ ငါးသိန်းကျော်နှုန်းဖြင့် နစ်နာမှု လျော်ေ ကြးပေးချေထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ မုံရွာကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ''ဦးပိုင်အနေနဲ့အရင် မီဒီတယ်။ နစ်နာသူတွေရဲ့ လိုအပ်ချက်တွေကို တရားဝင်တောင်း ဆို ဖို့ပါ။ စာနဲ့တောင်းဆိုပါ။ လူကိုယ်တိုင်တွေ့ပြီး တောင်းဆိုပါ စသည်ဖြင့် ပြောကြားထားပြီး ဖြစ်ပါတယ်။ 
 
နာက်ပိုင်းမှာ သူတို့က တွေ့ဆုံဆွေးနွေးဖို့ လက်မခံဘူး။ သူတို့က လျော်ကြေးကိစ္စနဲ့ တရားဝင်တောင်းဆို လာ ရင် ကျွန်တော်တို့က တာဝန်ရှိသူတွေကို တင်ပြပေးပြီး တရားမျှမျှတတဖြစ်အောင် ဆောင် ရွက်ပေး ပါ မယ်။ လျော်ကြေးငွေကိုလည်း တာဝန်ရှိသူတွေ အနေနဲ့ ထပ်တိုးပေးဖို့ရှိပါတယ်။ မြေ အမျိုးအစား နဲ့ နေရာ အပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်ပြီး လျော်ကြေး ထပ်ပေးဖို့ရှိပါတယ်။ မြေကောင်းရင်ပိုပေး ပါမယ်'' ဟု ပြောကြားခဲ့သည်။ ၄င်းနစ်နာကြေးများကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ပေးချေ ရမည်ဖြစ်ေ ကြာင်း၊ လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wan-bao Mining Copper Limited တို့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။ 

လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင် မှု လေ့လာဆန်းစစ်ချက် (Environmental Impact Assessment – EIA )နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ် ချုပ် မှုစီမံချက် (Environmental Management Plan- EMP) အစီအရင်ခံစာများကို ၂ဝ၁၃ ခုနှစ်၊ မတ်လ တွင် ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

From:ခေတ်လူငယ်

Myanmar Daily Star Group
0 comments: