Pages

Saturday, November 17, 2012

“““ KIA မြိုလို့ ကချင်လူမျိုး ပျောက်တော့မည် ”””

အမျိုးသား ပြန်လည် စည်း လုံး ညီညွတ်ရေး ဆောင်ရွက် လျက် ရှိ ရာ မှာ တိုင်း ရင်း သား အဖွဲ့(၁၀)ဖွဲ့နဲ့ ထိတွေ့ ဆက်ဆံမှု ကောင်းမွန်စွာ တည်ဆောက် နိုင်ပြီး ငြိမ်းချမ်းရေး အုတ်မြစ် ချနိုင်တာ တွေ့နေရပြီး KIA အဖွဲ့နဲ့ အကြိမ်ကြိမ် တွေ့နေပေမယ့် အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်တဲ့ အဆင့်တောင် မရောက်နိုင် သေးတာ တွေ့ရပါတယ်။ သဘောထား ပျော့ပြောင်းပြီး ငြိမ်းချမ်းရေး လိုလားတဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား ရှိနေပေမယ့် သဘောထား တင်းမာတဲ့ အင်ဘန်လ နဲ့ ဂမ်ရှောင် တို့ရဲ့ လွှမ်းမိုးမှုကို မကျော်နိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။
 
KIA ဆိုတဲ့ လက်နက်ကိုင် တပ်ကို အကြောက်တရား နဲ့ ထိန်းချုပ်ထားပြီး ဂျိန်းဖော လူမျိုးကြီး ၀ါဒ ကိုင်စွဲထားတဲ့ ဂမ်ရှောင်က လော်ဝေါ် မျိုးနွယ် ဦးဇောင်းဟရားနဲ့ ဇိုင်ဝါး မျိုးနွယ် ဂွမ်မော် ကို ဂျိန်းဖော မျိုးနွယ်စု တွေနဲ့ ၀န်းရံ ထိန်းချုပ် ထားခြင်း ခံထားရလို့ ဖြစ်ပါတယ်။ ဂမ်ရှောင် က KIA  တပ်ရင်း(၆) တပ်ရင်းမှူး တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ ခုနှစ် ၊ ဒီဇင်ဘာလ ထဲမှာ ဖားကန့် ၊ စပေါ့ ရေအေးချောင်း မှော် မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေလို့ အကြောင်းပြပြီး တိုင်းရင်းသား ပြည်သူ အပြစ်မဲ့ အရပ်သား (၄၀) ကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ပြီး ဥရုချောင်းကို သွေးရောင် လွှမ်းစေခဲ့တဲ့ လက်မရွံ့ လူသတ် သမားပဲ ဖြစ်ပါတယ်။ ဂမ်ရှောင် စစ်ဦးစီးချုပ် ဖြစ်လာပြီး နောက်ပိုင်း ပြီးခဲ့တဲ့ နှစ်မှာပဲ မူးယစ်ဆေးဝါး သုံးစွဲတဲ့ KIA  ရဲဘော် ၅ ယောက်ကို လိုင်ဇာ လူသတ်ကုန်းမှာ ရက်ရက် စက်စက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ ပြန်ပါတယ်။ ဥပဒေနဲ့ တရား မျှတမှုကို မျက်ကွယ်ပြုပြီး လက်နက် အားကိုးနဲ့ ပြည်သူကို သတ် ၊ ဇာတ်တူ သားစားပြီး ပြဿနာ ဖြေရှင်းတတ်တဲ့ ဂမ်ရှောင်က စစ်ဦးစီးချုပ် ရာထူးကို မျက်စောင်းထိုး နေတဲ့ ဂွမ်မော်ကို ၂၀၁၀ ခုနှစ် ၊ စက်တင်ဘာလ ထဲမှာ အစည်းအဝေး ခေါ်ပြီး သူ့တပည့် တွေနဲ့ ပစ်ခတ် အပြတ် ရှင်း ခဲ့ပေမယ့် ဂွမ်မော်ရဲ့ တပည့်တွေကြောင့် မသေဘဲ ဒဏ်ရာ ရခဲ့တာ သင်ခန်းစာ ယူရမယ့် ဖြစ် စဉ် ဖြစ်ပါတယ်။

ဗန်းမော်မြို့က စစ်ရဲ တပ်ရင်းမှာ မွေးပြီး တပ်မတော်က ကျွေးတာစား ၊ နိုင်ငံတော်က သင်ပေးတဲ့ စီးပွားရေး ပညာနဲ့ ပြည်သူလူထုကို အကျိုးမပြုဘဲ အာဏာရှင် ဘ၀ကိုပဲ မက်မော နေတဲ့ ဂမ်ရှောင်က ငြိမ်းချမ်းရေး ကို ဘယ်လိုချင် ပါ့မလဲ။ တစ်ဘက်နိုင်ငံမှာ တိုက်တာ ခြံမြေ ၊ စီးပွားရေး လုပ်ငန်းတွေ ရှိနေလို့ သူ့အတွက် မငြိမ်းချမ်းမှ အာဏာ ပိုခိုင်မြဲမှာ ဖြစ်ပါတယ်။ ဂွမ်မော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ပါဝင် ပြီး အောင်မြင် သွားရင် ကချင်အမျိုးတွေ ကြားမှာ ငြိမ်းချမ်းရေး ဗိသုကာလို့ လေးစား ယုံကြည်မှုတွေ ရသွားရင် ဂမ်ရှောင် ဘယ်မှာ သွားနေရမှာလဲ .. စဉ်းစားစရာပါ။

ယခုနှစ် အောက်တိုဘာလ အတွင်း လိုင်ဇာမှာ ကျင်းပတဲ့ KIO ဗဟို အစည်းအဝေးမှာ ဥက္ကဋ္ဌ ဇောင်းဟရား က " မြေမြို၍ လူမျိုးမပျောက် KIA မြိုမှ ကချင် အမျိုး ပျောက်မည် " လို့ ပြောခဲ့ပါတယ်။ KIO နဲ့ KIA ရဲ့ အတွင်းဂျိတ် တွေကို ဒီနေရာမှာ တွေ့ရမှာ ဖြစ်ပါတယ်။ KIO မသိဘဲ ၊ ဥက္ကဋ္ဌ ကိုတောင် အသိမပေးဘဲ ထင်ရာစိုင်း နေတာတွေကို ဦးဇောင်းဟရား က ထောက်ပြခဲ့ တယ်။ ပြည်နယ်သူ ပြည်နယ်သား တွေ ရဲ့ ထောက်ခံမှု လုံးဝ ဆုံးရှုံးသွား တာကတော့ ဖားကန့် ဒေသမှာ ဆက်ကြေး သိန်း ၆၀၀၀ တောင်းခံခြင်းနဲ့ ဟိုပင် ၊ မိုးညှင်း ဒေသမှာ တစ်မြို့နယ် ကျပ်သိန်း ၂၅၀ ၊ နိုဝင်ဘာလ ၃ ရက်နေ့ အရောက် ပေးသွင်းရမယ် ဆိုတဲ့ ရာဇသံ ပါပဲ။ ဒါ့အပြင် လုပ်ငန်းရှင် စီးပွားရေး သမားတွေသာ မကဘဲ လက်လုပ် လက်စား အိမ်ဆိုင်တွေကို ကျပ် ၂၅ သိန်း ၊ မိုးညှင်း ၊ လုံးခင်း ၊ လုံးလုံ ဒေသ လယ်သမား တွေဆီက တစ်ဧက ဆန်တစ်တင်း ဆက်ကြေး ကောက်ခံ မှုတွေကို KIO က ထောက်ပြ ရှုံ့ချခဲ့၍ KIO နဲ့ KIA ကြား သဘော ထား တင်းမာမှုများ ရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ကောင်းစားရေး ၊ ၀မ်ပေါင် နိုင်ငံ ထူထောင်ရေး ကြွေးကြော်ခဲ့တဲ့ KIA ဟာ ပြည်သူတွေရဲ့ ထောက်ခံမှု ရနေလား ... ပြည်သူလူထု က အော့နှလုံးနာ နေလား ... ဆိုတာကို သုံးသပ်ချိန် တန်နေပြီ ဖြစ်ပါတယ်။

ဒီလို အခြေအနေ ဆိုးမှာ မင်းဆိုး မင်းညစ် လက်မှာ ခွေးသေ ၀က်သေ ကျန်ရစ်ခဲ့ ပေတော့လို့ ကျန်စစ်သား က ငရန်မန်ကန်း ကို ပြောသလို သဘောထား ပျော့ပြောင်းပြီး ပြည်နယ်သူ ၊ ပြည်နယ်သား များကိုချစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် နဲ့ ၅ ယောက် KIO က နှုတ်ထွက်ခွင့် တင်တဲ့ သတင်း ပြန့်နှံ့ လာတာဟာ KIA မျိုးဆက်သစ် များအတွက် အလင်းပျောက်တဲ့ လမိုက်ည ကို ရောက်သွား သလို ခံစား ရမှာပဲ ဖြစ်တယ်။

အမြော်အမြင် ကြီးခဲ့တဲ့ KIO ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး မရမ် ဘရန်ဆိုင်း သာရှိခဲ့ရင် အခု ခေါင်းဆောင် တွေကို ဘယ်လို ပြောမလဲ ... ။ KIA စပေါ် ကတည်းက ဇော်ထူး ၊ ဇော်ဆိုင်း တို့ကို လုပ်ကြံ သတ်ဖြတ် ခဲ့တဲ့ အစဉ်အလာ အရဆိုရင် မရမ် ဘရန်ဆိုင်း ရှိရင်လည်း ကျေးဇူး မတင်ဘဲ လုပ်ကြံမှာပဲ ထင်ပါတယ်။ ဦးဆွမ်လွတ်ဂမ် ၊ ဦးဇောင်းဟရား တို့ ဘုရားသခင် ရဲ့ ရင်ခွင်မှာ အိပ်ပျော် သွားမှာကို ပြည်နယ်သူ ၊ ပြည်နယ်သား တွေ တွေးပူနေတယ် ဆိုရင်ဖြင့် .. .. .. 
 
မြ၀တီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: