Pages

Saturday, November 17, 2012

“““ မြန်မာ့ ပို့ကုန် ပစ္စည်း ပိတ်ဆို့မှု အားလုံး နီးပါး အမေရိကန် ပယ်ဖျက်ပေး ”””

အမေရိကန်ပြည်ထောင်စုက မြန်မာ့ပို့ကုန်ပစ္စည်း ပိတ်ဆို့မှုအားလုံးနီးပါးကို ပယ်ဖျက်ပေးလိုက်ပြီ ဟု နိုဝင် ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကျောက်မျက်မှ လွဲ ၍ မြန်မာပို့ကုန်ပစ္စည်းအားလုံးကို အမေရိကန်တို့က လက်ခံတော့မည်ဟု ပါရှိသည်။

ယခုလုပ်ရပ်သည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အထောက်အကူပြုရန်၊ အလားတူ နောက် ထပ် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် အ ခွင့် အလမ်းကောင်းများ ရရှိလာစေရန် ရည်ရွယ်သည်ဟု ပါရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စက်တင်ဘာလအတွင်း နယူးယောက်မြို့တွင် သ မ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လည်တည်ဆောက် သွားမည်ဟု ကတိပြု ထားသည်။

ယခုကဲ့သို့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို အမေရိကန်တို့က ပယ်ဖျက်ပေးခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ဈေးကွက်မှာ များစွာအကျိုးရှိပေမည်။ အမေရိကန်သည် တစ်ချိန်က မြန်မာနိုင်ငံမှ အထည်အလိပ်များကို အများဆုံး မှာယူသော နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၀၁ ခုနှစ်ကဆိုလျှင် အမေရိကန် သို့ မြန် မာ့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၇၀ အထိ ရှိခဲ့သည်။

AFP

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြန်မာ့ ပို့ကုန် ပစ္စည်း ပိတ်ဆို့မှု အားလုံး နီးပါး အမေရိကန် ပယ်ဖျက်ပေး ”””

Labels:

အမေရိကန်ပြည်ထောင်စုက မြန်မာ့ပို့ကုန်ပစ္စည်း ပိတ်ဆို့မှုအားလုံးနီးပါးကို ပယ်ဖျက်ပေးလိုက်ပြီ ဟု နိုဝင် ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကျောက်မျက်မှ လွဲ ၍ မြန်မာပို့ကုန်ပစ္စည်းအားလုံးကို အမေရိကန်တို့က လက်ခံတော့မည်ဟု ပါရှိသည်။

ယခုလုပ်ရပ်သည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အထောက်အကူပြုရန်၊ အလားတူ နောက် ထပ် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် အ ခွင့် အလမ်းကောင်းများ ရရှိလာစေရန် ရည်ရွယ်သည်ဟု ပါရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စက်တင်ဘာလအတွင်း နယူးယောက်မြို့တွင် သ မ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လည်တည်ဆောက် သွားမည်ဟု ကတိပြု ထားသည်။

ယခုကဲ့သို့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို အမေရိကန်တို့က ပယ်ဖျက်ပေးခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ဈေးကွက်မှာ များစွာအကျိုးရှိပေမည်။ အမေရိကန်သည် တစ်ချိန်က မြန်မာနိုင်ငံမှ အထည်အလိပ်များကို အများဆုံး မှာယူသော နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၀၁ ခုနှစ်ကဆိုလျှင် အမေရိကန် သို့ မြန် မာ့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၇၀ အထိ ရှိခဲ့သည်။

AFP
0 comments: