Pages

Thursday, November 22, 2012

””” KIA အဖွဲ့ လက်ဝှေ့ကြိုးဝိုင်းပေါ် တက်ပြီး စိန်ခေါ်နေပြီ ”””

ကချင်ပြည်နယ်အတွင်းမှာ (၂၀၁၂) ခုနှစ် ဇွန်လကတည်းက စစ်တပ်နဲ့ KIA တပ်ဖွဲ့ကြားတိုက်ပွဲများ အ ဆက်မပြတ် ဖြစ်ပွားခဲ့ပြီး ပြည်နယ်တွင်နေထိုင်ကြတဲ့ အခြေခံ လူတန်းစားတိုင်းရင်းသားလူမျိုးများ အနေ နဲ့ ကိုယ့်နယ်မြေ ကိုယ့် ဒေသမှာ မစိုက်နိုင်မပျိုးနိုင်လို့ ဆန်ရေစပါးတွေ တဖြည်း ဖြည်းနဲ့ ရှားပါးလာခဲ့ပါပြီ။

ဒါ့အပြင် စစ်ရေးအရဆိုပြီးအဓိကကားလမ်းတွေမှာ ရှိတဲ့ တံတားတွေမိုင်းခွဲဖျက်ဆီးပစ်လို့ တစ်ခြား ဒေသ ကနေ စားစရာတွေသယ်ဆောင်လို့မရနိုင်တော့ဘဲ လူမသိ သူမသိထမင်းငတ်လို့ သေတဲ့လူ လည်း သေ ကုန်ကြပြီလို့ ကြားသိရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်ကိုဖြတ်တာဘဲ…… စစ်တပ်က မပြတ် ဘဲ ဒေသခံ ပြည်သူလူထုတွေသာ ဆိုးကျိုးတွေတစ်ခုပြီးတစ်ခု ခံစား နေရတာကို ရင်နင့် ဖွယ် ရာတွေ့ မြင်ခံစားနေရပါတယ်။
          
အခုလည်းရာသီဥတုကောင်း ခြေခင်းလက်ခင်းသာလို့ ပူတာအိုလမ်း၊ ဖားကန့်လမ်း၊ တနိုင်းလမ်း၊ ချီဖွေ လမ်းတွေကို တာဝန်ရှိတဲ့ ဌာနတွေနဲ့ပြည်သူတွေပူးပေါင်းပြီး လမ်းတွေပြင်၊ တံတားတွေဆောက်နဲ့ ဘ၀တွေ ဆက်လက်ရှင်သန်နိုင်အောင်၊ စားဝတ်နေရေးဆိုတဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်နိုင်အောင် အချိန်လုပြီး ရုန်း ကန်လှုပ်ရှား ကြိုးစားနေချိန်မှာ ဘယ်လိုပြောပြော နားမလည်နိုင်တဲ့ အစွန်းရောက်နေ သူတွေ ၊ သ ခင်ယေရှု့ဆင်းပြီး ချွတ်ရင်တောင် အကျွတ်တရားမရနိုင်တဲ့ KIA အဖွဲ့ကတော့ “ လမ်းမပြင်ရ ၊ တံတား မပြင်ရ၊ မိုင်းထောင်ထားသည် မသွားရ၊ ညွှန်ကြားချက်မလိုက်နာပါက ဘယ်လိုလူမျိုးကိုမဆို ထိရောက်စွာ အရေးယူမည် (ရက်ရက် စက်စက်သတ်ပစ်မည်ကို ဆိုလိုတာပါ ) ”   ဆိုတဲ့အမိန့်တွေကို မမောနိုင် မပမ်းနို င် ထုတ်ပြန်ပြီး ခြိမ်းခြောက် နေတာ အလွန်တရာကိုမှ အံ့သြဖွယ်ရာကောင်းလှပါတယ်။
          
အနီးစပ်ဆုံး ဥပမာပေးရရင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြီးရပ်ဆိုင်းထားလို့ အသုံးမပြုဘဲ ရပ်ထားရတဲ့ ယာဉ်ယန္တရားတွေကို အခြားနေရာတွေမှာ ပြန်သုံးဘို့အတွက် တရုတ်နိုင်ငံက ကုမ္ပဏီကြီး တစ်ခုက ၀ါေ ရှာင် - ဆဒုံး - ကန်ပိုက်တီးလမ်းကနေသယ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ သယ်ဖို့ခက်ခဲနေ တာက အဲဒီ လမ်းမှာရှိတဲ့ လန်နတံတားကြီးက ကျိုးနေလို့ပါဘဲ…..။ ဒီတံတားကြီးပြင်ဖို့ တရုတ်နိုင်ငံ ကုမ္ပဏီ က ပြင်ဖို့ စီစဉ်တဲ့ အချိန်မှာ KIA ကမလုပ်ရဘူးလို့ အမိန့်ထုတ်ပြန်လိုက်လို့ အခုထိမပြင်နိုင်သေးကြောင်း မျက်မြ င် တွေ့ ရှိရပါ တယ်။
          
အံ့သြစရာကောင်းတာက KIA အဖွဲ့ဟာ တရုတ်နိုင်ငံကို အမှီသဟဲပြုပြီး နေထိုင်စားသောက်ရေး ကို ဖြေရှ င်းနေ ရ တယ်လို့ သိထားပါတယ်။ တရုတ်နိုင်ငံဘက်က ၀င်ပေါက်တွေ ပိတ်လိုက်ရင် KIA ထမင်း ငတ်ပြီေ လ ….။ ဒီလိုအခြေအနေမျိုးမှာ အရှေ့တောင်အာရှမှာ အင်အားကြီးတဲ့ တရုတ်နိုင်ငံကို ကိုယ်စားပြု တဲ့ တ ရုတ်စီးပွားရေး ကုမ္ပကြီးကို ဟိုဟာမလုပ်ရ ၊ ဒီဟာမလုပ်ရ ၊ ဟိုနေရာ / ဒီနေရာမသွားရလို့ အမိန့် ထုတ်ရဲ တာ KIA ကတော့ လက်ဝှေ့ကြိုးဝိုင်းပေါ်တက်ပြီး တရုတ် ၊ ကုလား ၊ ဗမာ ကြိုက်တဲ့လူလာခဲ့ ။ လက်မရွံ့ “ အောင်လ” တဲ့ကွလို့ စိန်ခေါ်ကြွေးကြော်နေပြီလို့ …………….

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

””” KIA အဖွဲ့ လက်ဝှေ့ကြိုးဝိုင်းပေါ် တက်ပြီး စိန်ခေါ်နေပြီ ”””

Labels:

0 comments: