Pages

Tuesday, November 20, 2012

“““ KIA ဘက်က လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ပြုလုပ်လာ ”””

ယခု ရက်ပိုင်းအတွင်း KIA စစ်တပ် အနေဖြင့် ပြည်နယ် အတွင်း၌ လူအခွင့်အရေး ချိုးဖောက်မှုများ ဆက် တိုက် ပြုလုပ်လာကြောင်း ကချင် ဒေသခံများ ထံက သိရှိရသည်။

အောက်တိုဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေး ရပ်ကွက်နေ ကိုမင်းနိုင်အသက် (၄၂) မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှသေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့မော် ၀မ်းလေး ရပ် ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“နေ့ခင်းကြီးကို အိမ်မှာသတင်းစာဖတ်နေတုန်းကို ပစ်သွားတာ။ သတင်းကြားတာတော့ KIA ကို ဆဲလို့ပစ် သတ်သွားတယ်လို့ ကြားတယ်။ မင်းဆဲတာ ငါပဲဆိုပြီး ပစ်သွားတာ”ဟု ဖားကန့်မြို့ မော်ဝမ်းလေးရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် KIAတပ်များအား မကောင်း ပြောသူများနှင့် စစ်အစိုးရဘက်သို့ သတ င်းပေး သူများကို KIA က လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။

KIAစစ်တပ်သည် ဒေသခံများကိုတရားမဲ့ညှင်းပမ်းသတ်ဖြတ်မှု၊ ဒေသခံများထံကအခါအားလျော်စွာ ဆပ်ကြေးကောက် ပိုက်ဆံတောင်းမှု ၊ ဒေသခံများအား ပေါ်တာ ဆွဲမှု့များစသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ကြောင်းကိုလည်း ဖားကန့် ဒေသခံများ ထံက သိရှိရသည်။

စက်တင်ဘာလ(၁၀)ရက်နေ့ကလည်းမြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် ကားမိုင်းမှ ဦးစိုးဝင်းသမီး တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ မိုးကောင်းနှင့်ကားမိုင်း ကြား ရှိသော KIAစစ်တပ်ဂိတ်မှ စစ်သားတစ်ဦးက ပါးရိုက်ခဲ့ကြောင်း သိရသည်။

ထိုကဲသို့ပါးရိုက်လိုက်သောကြောင့် ဦးစိုးဝင်းက KIAသို့တိုင်ကြားခဲ့ရာ အောက်တိုဘာလ(၁)ရက်နေ့တွင် KIAစစ်တပ်ဘက်က ကချင်ရိုးရာ
အတိုင်း တောင်းပန်သည့်အတွက် အမှု့ကျေအေးခဲ့ကြောင်းကိုလည်း ဒေသခံများထံက သိရသည်။

" မြစ်ကြီးနား တက္ကသိုလ်ကကျောင်းပိတ်လို့ ပြန်လာတာသူ့အဖေလည်း ပါတယ်၊ KIAစစ်တပ်ဂိတ်က စစ် သား တစ်ဦးက အမြင်မတော်လို့ဆိုပြီး ပါးရိုက်တာတဲ့။ ပြောချင်တာက သူတို့ ကချင်အချင်းချင်းမ လို့ တောင်း ပန်ပြီး ကျေအေးတာ။ဒီပြင်လူမျိုးခြားဆိုဘယ်လိုလုပ်မလဲ"ဟု ဖားကန့်မှ အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

သတင်းမီဒီယာသမားများအနေဖြင့်လည်း တပ်မတော်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှု၊ တပ်မတော်ကို ဆန့်ကျင်မှုများသာ ဖော်ပြနေ ကြပြီး KIAဘက်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ကို ဖော်ပြမှု အား နည်း နေသည့်အပေါ်တွင်ဒေသခံများက တဖက်သတ် ဆန်နေသည် ဟုထင်မြင်ကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင်ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် မော်ဝမ်းလေးရပ်ကွက်မှ နမ၀တန်းကျောင်းသူ မဂျာဆိုင်းအိန် သေနတ်မှန်၍ သေဆုံးခဲ့သလို KIAစစ် တပ် မှ ဘီလူး၊မော်ဟန်၊ကန်မီးရှု့ရွာများမှ ဒေသခံ လူငယ်အယောက်(၃၀)ကိုလည်း ပေါ်တာဆွဲခဲ့ကြောင်း မိုးညှင်းမြို့ဒေသခံများထံက သိရှိရသည်။

ယခုအခါ ဖားကန့်လမ်းနှင့် မိုးကောင်းသို့သွားသော ကားလမ်းများပေါ်တွင် KIAစစ်တပ်တပ်ရင်း (၆)နှင့် တပ်ရင်း(၅)က တပ်စွဲထားကြောင်းကိုလည်း ဒေသခံတို့ကဆိုသည်။

ငြိမ်းချမ်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIA ဘက်က လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ပြုလုပ်လာ ”””

Labels:

0 comments: