ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ
ရောက်သည်။ သတင်း ဂျာနယ်တွေမှာ စိတ်ထင်ရာတွေ တင်ပြ ထုတ်ဝေ ခွင့် ရသည်။ ဆိုက္ကားသမား၊
မြင်းလှည်း သမား၊ ပျံကျဈေးသည်၊ လယ်သမား၊ အလုပ်သမား၊ တစ်ကိုယ်ေ တာ် ခေါင်းစဉ် မျိုးစုံဖြင့် ဆန္ဒဖော် ထုတ်ခွင့် ရသည်။
အိုဘားမား မြန်မာနိုင်ငံ ရောက်သည်။ ဒီလိုနှင့် ပဲ မြန်မာနိုင်ငံတွင် နိုင်ငံ အနေအထား၊
နိုင်ငံ သားကောင်းတို့၏ စိတ်ဓာတ် ခံယူချက်များနှင့် မကိုက် ညီသော လူအများ ကြိုက် ဒီမိုကရေစီ
စနစ်ကြီး တစ်စတစ်စ အကောင်အထည် ပေါ်လာလျှက် ရှိပေသည်။
ကျောင်းသားဘ၀တွင်
ဆိုးချင်မိုက်ချင်သော ကျောင်းသားဆိုးများ ထောင်ထဲမှ ထွက်ကာ မျိုးဆက် သစ်
ကျောင်းသားလူမိုက်များအား မြှောက်ပင့်ခွင့်များ အပြည့်အ၀ ရရှိလေသည်။
အနယ်နယ်အရပ်ရပ်သို့ လှည့် လည်ပြီး အုံကြွ မှုများ၊ ဆူပူမှု များ ဖြစ်အောင်
စည်းရုံးခွင့်များ ရကြသည်။ အဆုံးတွင် အသုံး မကျ သော ဒီမိုကရေ စီခေါင်းဆောင် ဆိုသူများ
ခေါင်းထောင် လာနိုင်ကြတော့ သည် ။ကျောင်း ပျက်၊ ကျောင်းပြေး၊ ကျောင်းစာ မလုပ်ချင်သော
ကျောင်းသားများကို အလံနီခေါင်းမှာ ပတ်ပေြး ပီး ကျောင်း သား မျိုးဆက်သစ် များ
မွေးထုတ်နိုင်ကြလေသည်။
အများကြိုက် ဒီမိုကရေစီခေတ်တွင်
သဘောအကျဆုံးသူများတွင် ထိပ်ဆုံးမှ ရပ်တည်နေသူ များမှာ ထောင် ထွက်
ကျောင်းသားများပင်ဖြစ်သည်။ ဆူပူမှုကို ဖြစ်ပေါ်လှုံ့ဆော်ခဲ့သည့် ကွန်မြူနစ် ကျောင်း သား
များေ ကြာင့် တိုင်းပြည် ပညာရေးတစ်ခန်းရပ်ကာ ရန်ကုန်တက္ကသိုလ်ကြီးပင် ဇာတ်သိမ်း
ခဲ့ရဖူး သည်။ ခေတ် အ ဆက် ဆက် အုပ်ချုပ်သူများကို အပြစ်ဖို့ကြသော်လည်း
ဤကျောင်းသားဆိုးများ မဆူ ပူခဲ့ လျှင် ဘာမှ ဖြစ် စရာ အကြောင်းမရှိ။ စာသင်ချိန်
စာသင်သော ကျောင်းသားများ၊ နိုင်ငံ့ ဂုဏ်ဆောင်သော ကျောင်း သား များ သာ
ဖြစ်သင့်ချိန်တွင် လမ်းပေါ်ထွက် ဆူပူကြရန် ပြောကြ၊ လှုံ့ဆော်ကြ သည့်အတွက် ထို
ငမိုက်သား များအား ရာသက်ပန်ထိန်းသိမ်းသင့်သော်လည်း အများ ကြိုက် ဒီမိုကရေစီခေတ်တွင်
လမ်းပေါ်ထွက် ချင်သော လူအများကြိုက် ဒီမိုကရေစီကြောင့် လွတ်မြောက် လာကြ၏။
ထောင်ထဲတွင် ၀တ္ထုရေးသည်။
ပန်းချီဆွဲသည်။ ခါးနာသည်။ အစာအိမ် ရှိသည်။ ရောဂါမျိုးစုံ ထကြွ သူများ ယခု အခါမှတော့
စိုပြေ၀ဖြိုးကာ ဒေါ်လာပိုက်နိုင်ကြပြီဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏
ပညာတတ်အ သိုင်း အ ၀ိုင်း များကြားတွင် ၈၈ တစ်ခုနှစ်တွင်သာ ပညာဆုံးခန်းမတိုင်သော
ကျောင်းသား ခေါင်းဆောင်များရှိပြီး ထိုသို့ေ သာ ကျောင်းသားများသည်
အများကြိုက်ဒီမိုကရေစီကြောင့် အခွင့်ထူးခံ ရမှု အများဆုံး ရရှိကြေ ပ သည်။
ဒုတိယအကြိုက်ဆုံးမှာ မီဒီယာများပင်
ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဘုရင်နှင့်တော်ဝင်မိသားစု အကြောင်း ကန့်သတ် သည်။
တရုတ်နိုင်ငံတွင် အစိုးရနှင့် ဘာသာရေးအကြောင်း ကန့်သတ်သည်။ အင်ဒို၊မလေး၊
လာ အို ၊ဖိ လစ်ပိုင် တောင်အာရှ နိုင်ငံအသီးသီးတွင် လိုအပ်သဖြင့် ကန့်သတ် မှုများ ပြုလုပ် ထားကြပါ လျှက်
မြန် မာ တစ်နိုင်ငံထဲ ဖိနှိပ်သယောင် အော်ကြ ဆူကြ ဆန္ဒဖော်ထုတ်ကြသည်။ ထို့ကြောင့်
အများ ကြိုက် ဒီမိုကရေစီခေတ်တွင် မီဒီယာများ လွတ်လပ်ခွင့်ရကြသည်။ အော်ကြ၊ ဖော်ကြ၊
စိတ်ထင်ရာရေးခွင့် လွတ်လပ်စွာ ထုတ်ဝေခွင့်များ ရကြသည်။ တစ်လောက သတင်းစာကို
ကော်ပီပွားကာ တရား မ၀င် ရောင်းချသဖြင့် ဖမ်းကြသည်။ ဂျာနယ်များ ဘယ်နှစ်စောင်ထုတ်၍
စောင်ရေ ဘယ်လောက်တွင် တိုင်းပြည်ဘဏ္ဍာ အခွန်ဘယ်လောက်ရလဲ ဘယ်သူမှ မသိကြ။
အများကြိုက် ဒီမိုကရေစီခေတ်တွင်
အများကြိုက် သတင်းများသာ ဖော်ပြသည်။ ကာတွန်းတစ်ခုပါ အရက်ဖြတ် ကာတွန်းထည့်ရန်အတွက်
ငွေ ၃ ထောင် ကာတွန်းဆရာကို ပေးရပြီး အရက်ကြော်ငြာ တစ်ခု အတွက် ငွေ ၃
သိန်းကြော်ငြာခရသည့်နောက် မီဒီယာ ဘယ်မျက်နှာကို ကြည့်မည်နည်း။ အတင်းကို
သတင်း လုပ်ကာ ထည့်ကြသည်။ စောင်ရေတက်ရန် ပြည်သူကို ခွနင်းကြသည်။ ထွက်၍ မဆုံးနိုင်သော
အသစ် အသစ် နာမည်များဖြင့် ကိုယ်ကျိုးအတွက် ငွေရဖို့ကြိုးစားကြသော မီဒီယာများသည်
အများကြိုက် မီဒီယာခောတ်တွင် လက်ဖျားငွေသီး၊ သေနတ်ထက် ကင်မရာကို
ပိုကြောက်ရမယ် ဆိုပြီး ကြွေးကြော်နိုင် သည်အထိ တစ်ခောတ်ကောင်းလာကြပေသည်။
တတိယ တစ်မျိုးကတော့ အလုပ်မလုပ်ဘဲ
အခွင့်အရေး ရလိုသော အကျင့်ပျက် ပြည်သူများပင် ဖြစ် သည်။ ယခင်ကာလများတွင်
နထူးထက်ကချွေး ခြေမကျမှ ထမင်းစားရသည်။ ယခုတော့ အဆောက် အဦရှေ့
ငုတ်တုပ်ထိုင်တတ်ရုံဖြင့် ထမင်းဝ ကြသည်။ တောကြိုတောင်ကြားမှ ရန်ကုန်၊မန္တလေး
မြို့ပြကြီးများအထိ စရိတ် ခံကာ ဆန္ဒပြစေသော အဖွဲ့များကြောင့် အလကားနေရင်း
ထမင်းစားရသဖြင့် သဘောအကျကြီး ကျကြလေ သည်။ အလုပ်သမားနဲ့အလုပ်ရှင် မကျေမနပ်ဖြစ်ပြီး
လျော်ကြေး ရမည်၊ လစာတိုးရမည်ဆိုပါက အလုပ်ပြုတ်မည်ကို မမြင်ဘဲ ငမ်းငမ်းတက် ဆန္ဒ ထပြလေကြ၏။
အချို့ကား အမှန်တကယ် နစ်နာေ သာကြောင့် အခွင့်ထူးများ ရကြ၏။ အချို့ကား တရားဥပဒေ
နားမလည်ဘဲ အခွင့်အရေး ရချင်သောကြောင့် အငတ်ငတ်အပြတ်ပြတ် အလုပ်ပျက်
အကိုင်ပျက်ကြရလေသည်။
လူများနှင့်အတူ အရှိန်အ၀ါရှိသော လူမှန်သမျှ
စင်ပေါ်ရောက်သော အများကြိုက် ဒီမိုကရေစီ ခေတ်တွင် သတ္တ၀ါဖြစ်မှ အားကောင်းသော
မြန်မာနိုင်ငံ အတွက် ခြေတစ်ဖက် နာနေသော ဒေါင်းသတ္တ ၀ါ တစ်ကောင် သည် ပုံ ရိပ်ြ ဖစ်ေ လ၏။
အများကြိုက်ဖြစ်ရန်အတွက် ဘင်္ဂလီအရေးကို မေ့ပေးကြ၏။ မသိဟန်ဆောင်ေ ပး ကြ ၏။ အများ ကြိုက်
ခေါင်းဆောင်များ ပီသစွာဖြင့် ကချင်အရေး ကြားနေ ပေးကြ ၏။ အများကြိုက်
ဒီမို ကေ ရ စီခေါင်းဆောင်ဖြစ်ရန် အတွက် အများကြိုက်သော ခေါင်းစဉ်များဖြင့်
လမ်းပေါ်ထွက်ရန်သာ တွင် တွင် အားပေးကြ၏။
ထိုအများကြိုက်
ဒီမိုကရေ စီခေတ်မှ အခွင့်ထူး ရကြသူများအား မဟာ ပထ၀ီမြေကြီးမှ မြေငလျင်လှုပ်ကာ ချီး ကျူး လေ၏။
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း အရိပ် အယောင်ပြကာ ချီးမြှောက်ေ လ၏။ ကချင်ြ ပည် နယ် တွင်
အမြောက် သံများ၊ ငိုသံများဖြင့်၊ ညည်းတွားသံများဖြင့် ကောင်းချီးပေးလေ၏။ ရခိုင်တွင်
ရခိုင် သား တို့၏ အသက်၊သွေးများဖြင့် ပူဇော်ကြလေ၏။ ကောင်းလေစွ.. ကောင်းလေစွ.. ကောင်းလေစွ။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။