Pages

Friday, November 9, 2012

“““ CFOB ကို ရိုဟင်ဂျာ များ ဘက် လိုက်ဖို့ ဖိအားပေး ခံနေရ ခြင်း ”””

မှ

တင်မောင်ထူး - အမှူဆောင် ညွန်ကြားရေးမှူး၊ CFOB

လပေါင်းများစွာ စဉ်းစားပြီး နောက် ကျွန်တော်ဟာ CFOB (Canadian Freinds of Burma) အဖွဲ့ရဲ့ ကွန် ယက်ထဲမှာ ဖြစ်နေတဲ့ပြဿနာ ကိုဖွင့်ဟဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။ CFOB အဖွဲ့ဟာ ၁၉၉၀ ခုနှစ် ထဲက မြန်မာပြည်လူ့ အခွင့်အရေး ရရှိရေး အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ယခု အခါမှာ ကျွန်တော်တို့အဖွဲ့ ဟာအထူးသဖြင့် လက်ရှိရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်း နေ ရခိုင်ဗုဒ္ဓ ဘာ သာ များ နဲ့ရိုဟင်ဂျာ လို့ခေါ်တွင် ထားတဲ့ရိုဟင်ဂျာ မူစလင်များ အကြား ပဋိပက္ခတွေမှာ ရိုဟင်ဂျာ မူစ လင် များ ဖက်ကနေ လိုက်ဖို့ အပြင်းအထန် ဖိအားပေး ခံရပါတယ်၊ ဘယ်လောက်ထိ ဖိအားပေး ခံရသလဲ ဆိုရင်ဖြင့် CFOB ဟာ ကနေဒါ အဖွဲ့အစည်းများ စုပေါင်းထားတဲ့ ကော်မတီဖြစ်တဲ့ Canadain NGOs Committee on Burma (CNC) ကနေ ဖိအားပေး ထုတ်ပယ်ခံ ခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

အထူး သဖြင့် CNC ရဲ့ အ ဓိက အသင်းဝင်အဖွဲ့ ဖြစ်တဲ့ အိုတဝါ မှာ အခြေစိုက်တဲ့ Inter Pares လို့ခေါ် တဲ့အဖွဲ့ဟာ အမြဲတမ်းဆိုသလို CFOB ကို ရိုဟင်ဂျာ မွတ်စလင် အဖွဲ့တွေ ကို ထောက်ခံခိုင်း ပါတယ် မထောက်ခံလို့ ဘက်မလိုက်လို့ ငွေကြေးထောက်ပံ့မှူတွေ ကိုရပ်တန့်ပြီး တခြား အဖွဲ့အစည်းတွေ ဆီ ကထောက်ပံ့ကြေး တွေ ပါမရအောင်၊ရပ်တန့် အောင်ပါ လိုက်လံ ပိတ်ပင်ခဲ့ ပါတယ်။

သိသာထင်ရှား စေတာကတော့ ကျွန်တော်တို့ရဲ့ မြန်မာပြည် အရေး လုပ်ဆောင်ပေး နေတာကို ပါ ရပ်ဆိုင်းသွား စေချင်တဲ့ ရည်ရွယ်ချက် ပါရှိတယ်။တကယ်တော့ CFOB ဟာ လွပ်လပ်သော အ ဖွဲ့အစည်း အဖြစ် ရပ်တည်နေတာ ဖြစ်ပြီးမည်သည့် လက်အောက်ခံမှ မဟုတ်ပါ၊ CFOB ဟာ လူတိုင်း အတွက် အခြေ ခံ လူ့အခွင့်အရေး ရရှိအောင် လုပ်ကိုင် ပေးနေပြီး ယခု ဖြစ်ပွါးခဲ့သော ရခိုင် ပြည် အရေး တွင်လည်း တ ဘက်ဖက်တွင် ရပ်တည်နေသည် ဟု မမြင်စေ လိုပါ။ ဤသည် ကို Inter pares မှ နားမလည်ပဲ အတင်းပင် ဘက်လိုက်ခိုင်းခြင်း ဖြစ်ပါတယ်။ကျွန်တော်တို့ အနေဖြင့် လွတ်လပ်သော အဖွဲ့အစည်းရဲ့ ရုံးတွင်း ဆိုင် ရာ ပေါ်လဆီ အပေါ်ဝင်ရောက်စွက်ဖက် နေသည်ဟု ခံစားနားလည်မိပါသည်။

တဖက်မှာ လည်း ကျွန်တော် တို့ သိထားသော Inter Pares အဖွဲ့ဟာ CIDAလို့ခေါ်တဲ့ အဖွဲ့အစည်း ကနေတဆင့် ရရှိထားတဲ့ကနေဒီယန်းများ ရဲ့အခွန်ဆောင် ထားတဲ့ငွေကြေးတွေကိုရိုဟင်ဂျာ အဖွဲ့အ စည်းတွေ ရဲ့ မီဒီယာတွေ နှင့် သူတို့၏ အကျိုးဆောင် နေသော အဖွဲ့အစည်းများ ဖြစ်တဲ့ Kaladen Press နဲ့ Arakan Projects တို့ကို CIDA ကနေ တဆင့် ရတဲ့ထောက်ပံ့ငွေ ကြေး တွေရဲ့ ငါးရာခိုင်နှုန်း ကိုနှစ် စဉ် ထောက်ပံ့ နေတာကို နေတာ တွေ့ရပါတယ်။ ဒီKaladen Press နဲ့ Arakan Projects အဖွဲ့အစည်းတွေ ဟာ တကယ်တော့မှားယွင်းနေတဲ့သတင်းတွေ အပိုချဲ့ ကားထားတဲ့ သတင်းတွေကို နိုင်ငံတကာ စာမျက် နာ တွေကို ဖြန့်ဖြူးပေး နေတာ ဖြစ်ပါတယ်။ ဒီလို မမှန်မကန် လုပ်ဆောင်နေတဲ့ ကမ်ပိန်းမျိုး (Campaigns) ကို CFOB ကိုလဲ ပူးပေါင်း လုပ်ဆောင် အောင် သိမ်းသွင်းနေတာ ဖြစ်ပါတယ်။ဒီလိုမျိုး ကို ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။

ဒီလိုမျိုး ဖိအားပေး နေတဲ့အကြောင်းရင်း နောက်တခု က ယူကေ (UK) နှင့် အာရပ် ကမ္ဘာမှာ ပူးပေါင်းကြံ စည် လုပ်ဆောင်နေကြောင်း ထင်ရှားတဲ့ Burma Campaign UK (BCUK) လို့ခေါ်တဲ့ အဖွဲ့အစည်း နဲ့ လဲလက်တွဲ လုပ်ဆောင်နေ တာ ကြောင့်လဲ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ Inter Pares ဟာ CFOB ကို ဒီလိုမျိုး သူတို့နှင့် အတူမပူးပေါင်း တဲ့အတွက် ပြစ်တင် ဝေဖန်ပါတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ ဟာလက်တွေ့ ကျတဲ့အဖွဲ့အစည်း တွေနဲ့လက်တွဲ လုပ်ပါတယ်၊လူ့အခွင့် အရေး အရေခြုံ အစွန်းရောက် တွေ နဲ့တော့ အတူအလုပ် မလုပ်နိုင်ပါ။

တကယ်က CFOB ဟာ Inter Pares အဖွဲ့ကို အမေရိကန် ဒေါ်လာ မီလီယံသုံးဆယ်နီးပါး မြန်မာပြည် နယ်စပ် နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင် တာတွေ အတွက် စစဉ်ကထဲက အစိုးရထောက် ပံ့ကြေး ပေး တဲ့အေဂျင်စီ ဖြစ်တဲ့ CIDA ကနေ ရအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ CFOB ဟာ CIDA ကနေ တဆင့်မြန်မာပြည် အရေးအတွက် ငွေကြေး အကူအညီတွေ ရအောင် ကူညီ လုပ်ဆောင် ပေးနေတာ ဖြစ်ပါတယ်။

ယခုအချိန် မှာအောင်မြင်အောင် လုပ်ဆောင်ပေးတာကတော့၂၀၁၀ကနေ၂၀၁၅အထိအမေရိကန်ဒေါ်လာ သုံးမီလီယံ နှစ်စဉ်ပံ့ပိုးကူညီသွားအောင်လုပ်ဆောင်ခဲ့ပါတယ်။ CFOB ကတနိုင်ငံလုံး အတိုင်းအတာ နဲ့ ကနေဒါမှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေရဲ့ကူညီပါဝင်မှူနဲ့ဝန်ကြီး ချုပ် Stephen Harper ကိုမြန် မာပြည်ထောက်ပံ့ကြေးရအောင်လုပ်ဆောင်ခဲ့ပါတယ်။ သို့သော်၊ Inter Pares သည်ကျွန်တော် တို့အ ဖွဲ့လုပ်ဆောင်နေသည် ကိုကျေနပ်မှူမရှိပဲ မသင့်တော် တဲ့အပြုအမူတွေနဲ့အနှောင့်အယှက်များပေးနေခဲ့ပါ
တယ်။

သူတို့အဖွဲ့ရဲ့ လုပ်ဆောင်မှူတွေဟာတကယ်တော့လူ့ အခွင့်အရေးအတွက် ရရှိအောင်လုပ်ဆောင်ပေးနေ ပါတယ်ဆို တဲ့ခေါင်းစဉ်နဲ့မ လိုက်ဖက်ပဲသွေ ဖီနေတာကိုတွေ့ ရပါတယ်။ရည်ရွယ်ချက်၊ လုပ်ဆောင် ချက်တွေ ဟာဘာအတွက်လဲ ဆိုတာမေးခွန်းထုတ်စရာဖြစ်နေ ပါတယ်။ဒီအတိုင်းဆက်လက်လုပ်ဆောင်နေ အုန်းမယ် ဆိုရင် ကနေဒါမှာရောက် ရှိနေတဲ့မြန်မာပြည်သူတွေ အပြင်သန်းခြောက်ဆယ်သောမြန် မာပြည် သူတွေအ တွက်မျက်နှာပျက် စရာဖြစ်နေပါတယ်။

သို့ဖြစ်ပါ၍ကျွန်တော့်အနေနဲ့ Inter Pares ဘုတ်အဖွဲ့ ဝင်များ ကိုတိုက်ရိုက်မေးခွန်း ထုတ်လိုတာက မိမိ တို့အဖွဲ့အစည်းရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေကိုပြန်လည်ဆန်းစစ်ဖို့လိုနေပြီးမတူညီတဲ့သဘော ထားနဲ့ ရပ် တည်နေတဲ့ CFOB အဖွဲ့နဲ့ညိနှိုင်းအဖြေရှာဖို့တိုက်တွန်းလိုက်ပါတယ်။ Inter Paresရဲ့ဘုတ်အ ဖွဲ့ ဝင် တွေ နဲ့စီမံခန့်ခွဲမှူ အသင်းကို ဒီလင့်မှာ ကြည့်နိုင် ပါတယ်။

ကျွန်ုပ်အနေဖြင့်လဲ CFOB အဖွဲ့အစည်း ကိုတတ် နိုင်တဲ့ ဖက်ကနေရပ် တည်ရှိ နေဖို့ အတွက်နဲ့ အတိုက် အခိုက် အသွင်ဆောင်တဲ့အပြုအမူတွေ ကိုကာကွယ်ဖို့အတွက် လုပ်ဆောင်သင့် တာကိုဆက်လက် လုပ် ကိုင်သွားမှာ ဖြစ်ပါတယ် ကျွန်တော်ရဲ့ ရခိုင်ပဋိပက္ခ အရေးနဲ့ပတ်သက်လို့ သဘောထား ကို ဒီနေရာမှာ သိရှိနိုင်ပါတယ်။

မှတ်ချက်။။ မူရင်းလင့် ကိုမိမိဖာသာ ဘာသာပြန် ထားခြင်း ဖြစ်ပါတယ်။

ဥမ္မာဦး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ CFOB ကို ရိုဟင်ဂျာ များ ဘက် လိုက်ဖို့ ဖိအားပေး ခံနေရ ခြင်း ”””

Labels:

0 comments: