Pages

Saturday, November 24, 2012

“““ အမေစု ( ခေါ် ) အဘွားစု ( ခေါ် ) Burma စု ၏ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ ”””

ခေတ္တလင် ယောင်္ကျား နယ်မြေမှ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ မြန် မာနိုင်ငံမှ ၎င်းအပေါ် အဆိုးမြင် ထုတ်လွှင့်မှုများ များပြားလာ၍ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ အား ပြု လုပ်ခဲ့ပြီး ၎င်း အခမ်းအနားသို့ ဒီမိုကရေစီ ရရှိရေး အတွက် စွမ်းစွမ်း တမံဆောင်ရွက် လျက် ရှိသည့် ဧရာဝ တီ၊ BBC ၊ VOA၊ DVB အစရှိသော စတုတ္ထ မဏ္ဏိုင် အင်အားစုများ တက်ရောက်ခဲ့ပါသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မှ ယခင်ဗမာ နိုင်ငံသားများ မှ ၎င်းအား အားကိုး ယုံ ကြည် ၍ အမေစုဟု ခေါ်ဝေါ်ခဲ့ပါ ကြောင်း၊ ယခုအခါ ဗမာနိုင်ငံသား များသာမက ကမ္ဘာက ပါ ၎င်းကို အား ကိုး ယုံကြည်လာကြ၍ မိမိအနေဖြင့် ယနေ့မှစ၍ ငြိမ်းချမ်းစွာဖြင့် အမည် အသွင်ကူးပြောင်းရေး အား လုပ်ေ ဆာ င်မည် ဖြစ်ပါကြောင်း၊ အားကိုးယုံကြည်မှုများ ရရှိနေခြင်း၊ ဆုများပြားစွာ ရရှိခဲ့ခြင်းတို့ကြောင့် ယနေ့မှစ ၍ အဘွားစု ဟုခေါ်ရမည် ဖြစ်ကြောင်း၊ အစကနဦး တွင် မိမိဗမာနိုင်ငံ ဟု သုံးနှုန်းခဲ့ကြောင်း၊ ဤ အခေါ် အေ ၀ါ် ကိစ္စအား ယခင်အကြိမ်ကြိမ် အခါခါ ရှင်းထား၍ ထပ်မံ မပြောလိုကြောင်း၊ ဗမာနိုင်ငံ ဟုခေါ်ရန် လည်း မိမိ၏ သားသမီးများဖြစ် သည့် ပြည်သူများ အား မကြာခဏ ပြောကြားခဲ့၊ ဆုံးမခဲ့ သော်လည်း သား ဆိုး၊ သမီးဆိုး များကြောင့် မအောင်မြင်သေး ကြောင်း၊ အနီးကပ်ဆုံး ဗမာပြည်တွင် ပြုလုပ် နေသည့် ဘော လုံးပွဲ တွင် မြန်မာ၊ မြန်မာဟု ခေါ်ဝေါ်အားပေး နေကြကြောင်း၊ ဘားမား ဟုသာ အော်၍ အားပေး သင့် ကြောင်း၊ ဤသို့ဆို၍ မိမိအား အခြေခံဥပဒေ ကို မလိုက်နာဟု ယူဆနိုင်ကြောင်း၊ ဤသည်မှာ မှား ယွင်းပြီး မိမိအနေဖြင့် ကျမ်းကျိန်စဉ်က ပါးစပ်လှုပ်ရုံသာ ဆိုခဲ့ပြီး ရင်ထဲမှ မပါ၍ ကာယကံ၊ ၀စီကံ အရသာ အ ကျုံးဝင်သဖြင့် ကံ(၃)ပါးနှင့် မညီကြောင်း၊ သို့ဖြစ်၍ လိုက်နာရန် မလိုကြောင်း၊ မိမိကို မိုက်မဲ အပြစ်မြင် မည် စိုး၍ အရှည် မပြောတော့ကြောင်း၊ မေးမြန်း လိုသည်များ မေးမြန်းနိုင် ကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ဧရာဝတီ သတင်းစား မှ နိုဘယ်လ်ဆုနှင့် ပတ်သက်၍ ရင်တွင်း ခံစားချက်အား သိရှိ လို ကြောင်း မေးမြန်းခဲ့ပါသည်။ အဘွားစုမှ ၎င်းအနေဖြင့် ဗမာ နိုင်ငံသား အဖြစ်နှင့် ဤဆုရခဲ့၍ ၀မ်းသာ ပါကြောင်း၊ သခင် ကိုယ်တော်မှိုင်း အား ငြိမ်းချမ်းရေး ဆုကမ်းလှမ်းစဉ် ငြင်းပယ် ခဲ့သည်ကို ကြားဘူး ပါကြောင်း၊ သခင်ကိုယ်တော်မှိုင်း မှာ ၎င်း၏ကြိုးပမ်းမှု အားနည်း၍ ငြင်းပယ်ခြင်း ဖြစ်ကြောင်း၊ ဆုနှင့် မ ထိုက် တန်သေး ဟု သူကိုယ်တိုင် သိ၍ ငြင်းရခြင်း ဖြစ်ကြောင်း၊ မိမိမှာ ဤဆုရရန် အင်မတန် ထိုက် တန်ကြောင်း ၊ နှစ်ခါပြန်ပင် ရရန် အလားအလာ ရှိပါကြောင်း၊ မိမိ၏ မြင့်မြတ်သော စိတ်ထားအတွက် ရ ရှိခြင်းဖြစ် ၍ ရရှိသောဆုငွေ ကိုလည်း အကျိုးရှိရှိ သုံးနိုင်ရန် မိမိ၏ ခင်ပွန်း အား လွှဲအပ်ခဲ့ကြောင်း၊ ဗ မာပြည် အတွက် မိမိခင်ပွန်းမှ သာလျှင် ပိုမိုသိနိုင်ကြောင်း၊ ထိုစဉ်က ဗမာစစ်ဗိုလ်များ အနေဖြင့် မြို့၊ ရွာများ ကိုသာ ပတ်ကြည့်နေပြီး ဗမာနိုင်ငံ အနှံ့မရောက်ကြောင်း၊ မိမိခင်ပွန်းမှာ အင်တာနက်မှ တစ်ဆင့် ဗမာနိုင်ငံ အနှံ့ အား သိရှိနေ ကြောင်း၊ သို့ရာတွင် စိတ်မကောင်းစရာ ဖြစ်သွားသည်မှာ ခင်ပွန်းသေဆုံး သွား ခဲ့ကြောင်း၊ ဤနေရာ တွင် မိမိအနေဖြင့် မိမိကဲ့သို့ မောင်နှမခြင်း အမွေလုရ မည်ကို မလိုလား၍ ကျန်ရှိငွေ အား သားများအား အမွေပေး ခဲ့ကြောင်း၊ မိမိ၏ မိဘ မေတ္တာကို နှိုင်းဆ ကြည့်စေလို ကြောင်း၊ ယခုဆုငွေ အား ဗမာပြည်သားများ အတွက် မပေးအပ်နိုင် သော်လည်း နောက်ထပ် ဆုရပါက မိမိ၏ ပါတီဝင် များမှ တစ် ဆင့် လှူဒါန်းမည် ဖြစ်ကြောင်း ပြောကြားသွား ပါသည်။

ဆက်လက်၍ DVB မှ ရခိုင်ပြည်နယ်သားများမှ အဘွားစုအား စာတစ်ရွက်မျှပင် တန်ဘိုးမထား၊ မစောင့်ေ ရှာ က် စသည်ဖြင့် ပြောဆိုနေမှုအပေါ် မေးမြန်းခဲ့ရာ အဘွားစုမှ ရခိုင်သားများ နားလည်မှုလွဲခြင်း ဖြစ်ေ ကြာင်း ၊ ၎င်းတို့အား မိမိရှိနေပါက မိမိငြိမ်းချမ်းရေးသမားအဖြစ် သိရှိထား၍ မိမိ၏ မူအရငြိမ်းချမ်း စွာ ဖြေ ရှင်းနေရမည်ဖြစ်ကြောင်း၊ မိမိမှာ ပုဂ္ဂိုလ်ရေးအရ ကုလားအား မုန်းတီးကြောင်း၊ အသက်ငယ်ရွယ်စဉ် ဘ ၀ က ပါကစ္စတန်မှ ကုလားနှင့် ၈ ခဲ့ဘူးကြောင်း၊ ၎င်းကုလားမှ မိမိအား ပစ်သွား၍ ၎င်းတို့အား ကြည့်မရေ ကြာင်း ၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးကို မိမိလိုလားသကဲ့သို့ လုပ်နေပါက မိမိ၏တိတ်တခိုး ရည်ရွယ်ချက်ပျက် သွားနိုင်ကြောင်း၊ ရခိုင်များ မိမိအကြောင်း မသိသေးကြောင်း၊ မိမိအနေဖြင့် အခမ်းအနားတိုင်း ၀ိုင်သောက် ရကြောင်း၊ ၀ိုင်သောက်တိုင်းလဲ ရခိုင်သားများအတွက် ၀စီကံအမှုမပါဝင် နိုင်သော်လည်း မနောကံမှ ဆုေ တာ င်းပေးနေကြောင်း၊ မိမိမွေးနေ့ကိတ်လှီးစဉ်တွင်ပင် ဆုတောင်းပေးခဲ့ ပါကြောင်း၊ မိမိ၏မေတ္တာကြောင့် ငြိမ်းချမ်းမှု မကြာခင်ရမည်ဖြစ်ကြောင်း၊ မိမိပြန်ရောက်လျှင် ငြိမ်းချမ်း နေနိုင်ကြောင်း၊ အိုးအိမ်အသစ် များ ကိုပါ ရရှိရေးမေတ္တာပို့ထားပါကြောင်း၊ အဆင်ပြေမှုပိုရရှိစေရန် အစားအသောက်၊ အ၀တ်အစားများကိုပင် ရမှာဖြစ်ကြောင်း၊ ထိုင်နေရုံ၊ အိပ်နေရုံဖြင့်ပင်ရအောင် မေတ္တာပို့ ပေးနေကြောင်း ဖြေကြားသွားပါသည်။

ထို့နောက် BBC မှ စီးပွားရေးပိတ်ဆို့မှုအား မေးမြန်းခဲ့ရာ မိမိအနေဖြင့် စီးပွားရေးပိတ်ပို့မှုကို ဗမာနိုင်ငံအား လုပ်ရန်ဟု မည်သူ့ကိုမျှ မပြောခဲ့ကြောင်း၊ ကမ္ဘာလှည့်များမလာရန်၊ ရင်းနှီးမြုပ်နှံမှု မလုပ်ရန်၊ ဗမာထုတ် ပစ္စ ည်းမ၀ယ်ရန်ကိုသာ ပြောကြားခဲ့ပါကြောင်း၊ ဤသည်မှာလည်း မိမိ၏ စေတနာပင်ဖြစ် ပါကြောင်း၊ ဗမာပြည် သူများပင်ပန်းမှုကို မမြင်လို၍ စေတနာထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ထို့နောက် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်အား မေးမြန်းခဲ့ရာ ၎င်းမှ ယခုဆိုလျှင် မိမိတို့ပါတီဝင် အင်အားမှာ အတော် ပင် တောင့် တင်းေ န ပြီ ဖြစ်ပါကြောင်း၊ စစ်ဗိုလ်ပြုတ်များ၊ ရှေ့နေပြုတ်များ၊ ဆရာဝန်ပြုတ် များ အစရှိသည်ဖြင့် ဘက်ေ ပါင်း စုံ မှ ပူးပေါင်းလာပြီ ဖြစ်ပါကြောင်း၊ ကွန်ယက်များလည်း တိုးချဲ့ဖွဲ့စည်းမည် ဖြစ်ပါကြောင်း၊ HIV စောင့်ေ ရှာ က်ရေး ကွန်ယက်အပြင် အနူစောင့်ရှောက်ရေး ကွန်ယက်၊ သူတောင်းစား စောင့်ရှောက်ရေး ကွန်ယက် အစ ရှိသည်တို့ကိုလည်း တိုးချဲ့သွားမည် ဖြစ်ပါကြောင်း၊ ၎င်းကွန်ယက်များ အတွက် ရန်ပုံငွေကို လည်း ဇေ ယျာေ သာ် ၏ ဟစ်တော့ရှိုး၊ ဇာဂနာ သူတောင်းစား ညီလာခံပြဇာတ်၊ မိမိကိုယ်တိုင် ၏ တွေ့လျှင်နမ်း ၊ ညောင်းအောင် ပြုံး၊ ရအောင်ချိတ် မူများဖြင့် အလှူခံသွားမည်ဖြစ်ကြောင်း၊ လောလောဆယ် မိမိ၏ ခေါင်း မှာ မူးလာ၍ ရပ်နားပါကြောင်း ပြောကြားနိဂုံးချုပ်သွားပါသည်။

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: