Pages

Sunday, November 11, 2012

“““ စစ်သားဘ၀ မှတ်စုတို ”””

ဗိုလ်လောင်း ဘဝတုန်းက ဗိုက်အရမ်းဆာလို့ ညဆို လက်သီးစုတ်လောက် အုန်သီးပေါင်မုန့် ကိုကြိုပြီးတော့ ဝယ်ထား ပြီးရင် ဂျွတ်ဂျွတ် အိတ်ဖောက်ပြီး ခေါင်းအုံးအောက် မှာဖွတ်ထား မီးပိတ်ချိန် (၁၀)နာရီ ကျော် လို့  စီနီယာလစ်ရင် မသိအောင် စားခဲ့ကြတယ် .....

ပြီးရင် ကစ်ဗူး(စစ်သုံးရေဗူး) ထဲကရေကို လှမ်းဆွဲ ၂၅ ကျပ်တန် ပေါင်မုန့် ကြမ်းလေး အရသာမခံ နိုင်ဖူး ဝါးပြီးမျိုချခဲ့ရတယ် အဲ့လို အောင်မြင်စွာ စားလိုက်နိုင်ရင် ငါတို့ တွက် တော့ဘဝကြီးဘဲ လက်မထောင် မိသွားခဲ့လို့ လဲ ချွေးထွက် ပေါင်မုန့်တလုံးတွက် အနေခက်ခဲ့ကြဖူးတယ် ...........

အော် အဲ့တာ ငါတို့ ၁၆ ၁၇ ၁၈ လူငယ်ဘဝ အမေ့ရဲ့ မျက်ရည်တွေ ခြေစုံကန်ပြီး ထွက်ခဲ့ကြတယ် ပိုက်ဆံ ရှိ သဲသဲလှုပ်တဦး တည်းသော် သားတွေ အရာရှိကြီး အဆင့်အမျိုးမျိုးကနေ ရဲဘော်တပ်မိသားစု သားသ မီးတွေ အထိ ပါလာတယ်.........

အနယ်နယ် အရပ်ရပ် အလွာပေါင်းစုံး တိုင်းရင်သားညီအကိုအစုံစတွေ့ ရင်းနှီး တက္ကသိုလ်ဆိုတာ ဘာကြီး လဲပေါ့ ငါတို့ အားလုံး တွေးဖူးကြတယ် ငယ်စဉ်က ပျော်စရာကြီးပါ ချစ်သူ လက်ကို တွဲ စိတ် ကူးယဉ်ခဲ့ ကြပေ မဲ့လည်း အရင်ဆုံး စတွေ့ ခဲ့တာ G-3 နဲ့  စစ်ရေးပြ.....

အသားတွေ မဲ သွားတွေကျဲလို့  အမေ့ကိုမမြင်ရ အခြေခံစစ်ရေးပြ ၃လ အပြီးမှာ စစ်သားတယောက်လို ဟုတ်ဆိုတာမာမာထန်ထန်ထူးတတ်ခဲ့ပြီးအမိန့် နာခံခြင်းနဲ့ အတူအလံထိကိုင်သစ္စာဆိုပြီးအဖြူရောင် ဒေါက်
လေး လိုင်းအသေးနဲ့  ပခုံးပေါ် ရောက်လာတယ် .......

သစ္စာလေးချက် အမြဲရွတ်ပြီး မိုးလင်းတိုင်း မှာ PTခရာသံနဲ့  အိပ်ရေးမမက်နိုင် ပြင်ဦးလွင်ရဲ့ အေးတဲ့ မ နက်တွေကို ဖားခုန် အပြေးတတ်တွေ နဲ့ ဖြတ်ခဲ့ကြတယ် အိမ်မက်မက်ကောင်းတဲ့အရွယ် အပြင်လောက သားတို့ အတွက် ...

သေနာတ် တလက် ပစ်တဲ့တွန်းအား ဖုန်းဒိုင်း ဆိုပြီး စကြုံတော့ လက်ညှပ်တဲ့လူ ညှပ် ပခုံအောင့်တဲ့ သူအောင့် နာတဲ့သူနာ အဲ့လို ဖြစ်ပြီး ပစ်မှတ်အလယ်ကို အနေထား မှန်နဲ့ ချိန်ရွယ် ပစ်ခတ်တတ်မှတိုင်းပြည် ကို ကာကွယ်ဖို့ စစ်ပညာဆိုတာ ရင်ထဲ တန်ဖိုးထားတတ်လာတယ် ....

မီရောင်စုံတွေ အောက်မှ အဆောင်ရှေ့  ဂစ်တားတီး လက်ဖက်သုတ် ဆီစမ်း ရေနွေးကြမ်းနဲ့  ကောင်မလေး ကလာချပေး ကြည်နှုးတဲ့အချိန် အိမ်သာထဲမှာ ထမင်းထုပ်ခိုးစားခဲ့ရတဲ့ အရသာဟာ ငါတို့  တွက်ပျော် ရွင် စရာ ဖြစ်ခဲ့တယ် ...

မိုးရေထဲမှာ ခြေအိတ်ကစို အနံ့ က ထွက် နံနံစော်စော် ကျောင်းစာသင်အိတ် ရင်မှာ ပိုက်ပြီး အပြေးတတ် နဲ့  ချွေးထွက်ခဲ့တယ် ဆိုတာလည်း ရရှိခဲ့တဲ့ ဘွဲ့ လေး အသိဆုံးပါ ....

စီနီယာတွေရဲ့ တင်းကြပ်မှုတွေအောက် မင်းဘာလဲစစ်သားဆိုတဲ့အရာနဲ့ အရာရာကို ရအောင် လုပ် ခဲ့ ဖြတ်သန်းခဲ့တယ်စစ်သားကောင်း တယောက်ဖြစ်လာပြီး နေတတ်တော့ ကိုယ်ကြီးလာတဲ့ အချိန် အဆင့်ဆင့် ပြန်သင်ပြခဲ့ ယုံနဲ့ တင် ငါတို့ အတွက် ကျူရှင်ဆိုတာ ဆယ်တန်းပြီးတာနဲ့  ပြောက်သွားခဲ့တယ် .........

တပ် စိတ်မှုးတာဝန် နဲ့ အတူ သေနတ် ကို ထိုင်၊ ရပ်၊ မှောက် နေရာအမျိုးမျိုး ကပစ်ခတ် ပြီး အမိန့်  ဆို တာ ပေးတတ်လာတော့ ပြည်သူ့ ဘဝ လေ့လာရေးဆိုတာ ကြုံခဲ့ကြတယ် အဲ့ဒီမှာ ငါတို့ သိခဲ့တာ တပ် မတော် ဆိုတာ ပြည်သူကနေ ပေါက်ဖွားပြီး ရပ်တည် ကာကွယ် ကူညီနေတယ်ဆိုတာ......

ဖိုင်နယ်ရောက်လို့ အောင်စစ်သည် တိုက်စစ် လေ့ကျင့်ခန်း နဲ့ စိန်ပြောင်း လက်နက်ငယ် တွေ တပ်စိတ် တပ်စု အဆင့် အရာရှိတယောက် ရှိသင့် သိသင့် တဲ့ အရာတွေ ပြည့်စုံ ပြီးမှ ပခုံးပေါ်ကို ရွှေရောင်ကြယ်လေး ပိုင်ဆိုင်ခဲ့တယ် ....

လွတ်လပ်ပြီ ကျွတ်ပြီးလို့  ထင်ခဲ့တယ် ဒါမဲ့ ပခုံပေါ်မှာ ကြယ်တွေ တိုး ကိုယ့်လက် အောက်ကို လူလက်နက် ထည့် ပြီး တာဝန် ဆိုတာ ကြီး ခေါင်ပေါ်ရောက်
လာမှ နိုင်ငံတော် တံဆိပ်ဆိုတာကြီးလေးမှန်းသိလာတယ် ...

ဒီလိုနဲ့  ကျွန်တော်တို့  အရာရှိတွေဖြစ် အသက်တွေရင့် တပွင့် တခတ် ခဏ ခဏ ကြွေ ပြတ် ပြုတ် တစစီဖြစ် မိဘ ချစ်သူ မိန်းမ မုဆိုးမ နဲ့  ထားခဲ့သူတွေ ကို့ သူငယ်ချင်းတွေထဲ ရှိလာတော့မှ ဂုဏ် ငွေမက် တယ်ဆိုတဲ့ စကား ငါတို့ အတွက် ရယ်စရာ ဖြစ်တည်ခဲ့တာပါ။

လေးစားစွာဖြင့်

ဖိုးသားလေး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ စစ်သားဘ၀ မှတ်စုတို ”””

Labels:

0 comments: