ယနေ့နံနက် မြန်မာစံတော်ချိန် ၇နာရီ၄၃မိနစ်အချိန်ခန့်က ရွှေဘိုမြို့၏
အရှေ့မြောက်ဘက် ၁၅မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ချက်စ်တာ စကေး
၇.၀ပြင်းအားရှိသော မြေငလျှင်တစ်ခု လှုပ်ခတ် သွား ခဲ့ကြောင်း မန္တလေးမြေ
ငလျှင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါငလျှင်ကြောင့် ရွှေဘိုမြို့လယ် လမ်းလယ်ဘုရားအနီးရှိ
တိမ်လွှာလျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ် ပြို ကျခဲ့ပြီး၊ စစ်ကိုင်းမြို့တွင်
အဆောက်ဦးအချို့ နံရံများအက်ကွဲခဲ့ကြောင်း ဒေသခံများထံမေးမြန်းချက်
များ အ ရသိရသည်။
ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက်၊
ရွှေပေါ်ကျွန်းဘုရားလည်း ငလျှင်ဒဏ်ခံခဲ့ကြောင်း မြို့ပေါ်ရှိနေအိမ်အချို့၏
အုတ်နံရံများ အက်ကွဲပြီး အချို့မှာ အနည်းငယ်ပြိုကျခဲ့သည်ဟု သိရှိရပါသည်။ အနောက်ဈေး ရပ် ကွက် ရှိ လောကမာရဇိန် ဘုရားစောင်းတန်းများလည်း ပြိုကျခဲ့ကြောင်း သိရှိရပါသည်။
(copied from Various Sources)
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။